Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်အစိုးရအဖွဲ့၏ တီးတိန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကိုင်တွယ်ဆောင်ရွက်ပေးမှု အားရကျေနပ်စရာမရှိဟုဆို
ချင်းပြည်နယ်အစိုးရအဖွဲ့၏ တီးတိန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကိုင်တွယ်ဆောင်ရွက်ပေးမှု အားရကျေနပ်စရာမရှိဟုဆို
0
By Editor on January 7, 2021 Khonumthung
#Unicode
နှင်းနှင်း – တီးတိန်မြို့နယ်သည် ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သော်လည်း အစိုးရအဖွဲ့၏ ကိုင်တွယ် ဆောင်ရွက် ပေးမှုအပိုင်းတွင် အားရကျေနပ်စရာမရှိကြောင်း တီးတိန်မြို့နယ်၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုး ကပြောသည်။
“ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင််တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိိန်ထိ မရသေး ဘူး” ဟု ကိုမုန်နိုးကပြောသည်။
တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမှုှု့မရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။
ချင်းပြည်နယ်၊ လှုမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင်အရေးပေါ်အခြေအနေတွင် အသုံးပြုရန်လိုအပ်လျှက်ရှိသော ICU အခန်းနှင့် သီးသန့်အဆောင်အတွက်အဆောက်အဦးကို အလှူရှင်များ၏ ဆောက်လုပ်ပေးမှုဖြင့် ပြီးစီးနေပြီးဖြစ်ကာ အောက်ဆီဂျင်ထုတ်လုပ်သောစက်ထည့်သွင်းရန်ကြိုးစားဆောင်ရွက် နေပြီဖြစ်ကြောင်း ပြောသည်။
“အလှူရှင်တွေဆောက်ပေးတဲ့ ICU အတွက် (၁) ခန်းရယ်၊ Isolation အတွက်(၁)ခန်းရယ် ၂ထပ်အဆောင်တဆောင် အလှူရှင်တွေဆောက်ပေးတယ်ပြီးသွားပြီ၊ ICU အတွက်က အောက်ဆီဂျင်မရှိရင်သိပ်အဆင်မပြေဘူး၊ အောက်စီဂျင်ထုတ်တဲ့စက်ရဖို့လည်းကြိုးစားပြီးဆောင်ရွက် နေတယ်။” ဟု ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက်ကလည်း တီးတိန်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၇) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့တွင်လည်း တီးတိန်မြို့၊တွီးထန်ကျေးရွာမှ အယောက် (၆၀) ဦးကို ဓာတ်ခွဲနမှုနာ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်ကစ၍ တီးတိန်မြို့တွင် လက်ရှိအချိန်ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၉၄ ဦးထိရှိခဲ့ပြီး ဆေးရုံတွင်ကုသမှုခံယူနေဆဲ လူနာ ၁၉ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။
#Zawgyi
“ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင်တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိန်ထိ မရသေး ဘူး၊” ဟု ကိုမုန်နိုးကပြောသည်။
တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမှု့မရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။ 
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး
ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး
သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
November 6, 2025
ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”
September 2, 2025
မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု
August 2, 2025
စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025
ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”
September 2, 2025
မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု
August 2, 2025
စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.