Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်၏အားနည်းချက်များထောက်ပြရန် မီဒီယာများ ပူးပေါင်းရန်လိုအပ်ဟု USDP ပါတီပြော

ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်၏အားနည်းချက်များထောက်ပြရန် မီဒီယာများ ပူးပေါင်းရန်လိုအပ်ဟု USDP ပါတီပြော

0
By Editor on April 11, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်မှဆောင်ရွက်သည့်လုပ်ငန်းစဉ်များပတ်သက်၍ အားနည်းချက် အားသာချက်များ ဝေဖန်ထောက်ပြနိုင်ရန်အတွက် ချင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်က ပြောသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်အပါအ၀င် ပါတီတာဝန်ရှိသူများ သည် ဧပြီလ ၁၀ ရက်နေ့က ဟားခါးမြို့ ပါတီရုံးခန်းတွင် ဒေသတွင်းအခြေစိုက်ချင်းမီဒီယာများကို ဖိတ်ခေါ်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ချင်းပြည်နယ်ကိစ္စ ချင်းပြည်နယ်အစိုးရဆောင်ရွက်ချက်တွေ လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေ တစ်ချို့အားနည်းချက် အားသာချက်တွေကို ထောက်ပြ ဝေဖန် အကြံပြုပေးဖို့အတွက် မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်၊ ဒါကြောင့် အဲဒီရည်ရွယ်ချက်နဲ့ မီဒီယာတွေနဲ့တွေ့ဆုံပွဲလုပ်ရ တာဖြစ်ပါတယ်” ဟု USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်ကပြောသည်။

ထို့အပြင် ၎င်းတို့ပါတီကို ချင်းပါတီတစ်ခုလိုသဘောထားကြရန်လိုအပ်သည်ဟု ဆလိုင်းခွဲယန်ကပြောသည်။

“ချင်းပြည်ခိုင်ဖြိုးပါတီ(USDP) ကို ချင်းပါတီတစ်ခုလို ကျွန်တော်တို့ကိုယ်ဟာကိုလည်းပဲ ခံယူထားပါတယ်၊ ချင်းပါတီတစ်ခုလိုသဘောထားဖို့လိုပါတယ်၊ ချင်းပြည်ခိုင်ဖြိုးဆိုတာ ချင်းအမျိုးသားရေး ချင်းပြည်နယ်အရေး ချင်းပြည်နယ်မှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ချင်းအရေးနဲ့ပတ်သက်လို့ အရာအားလုံးကို တခြားချင်းပါတီတွေချင်းပြည်သူတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အသင့်ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ဆလိုင်းခွဲယန်ကပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ဟားခါးမြို့အခြေစိုက် ချင်းမီဒီယာများဖြစ်သည့် The Hakha Post ၊ The Chinland Post ၊ The Chin Journal/ Chin News Journal သတင်းဌာနများမှ သတင်းသမားများတက်ရောက်ကြပြီး USDP ပါတီအနေဖြင့် ချင်းမီဒီယာများနှင့် တစ်လတစ်ကြိမ်တွေ့ဆုံမှုများဆက်လျက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းလည်းသိရသည်။ (Photo- CNJ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.