Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်း ဟားခါးတွင်တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်း ဟားခါးတွင်တည်ဆောက်မည်

0
By Editor on May 1, 2019 Headline

By လားနွန် – ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်းကို ဟားခါးမြို့တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဧပြီလ ၂၉ ရက်နေ့က အုတ်မြစ်ချအမွှေးနံ့သာရေပက်ဖြန်းပေးခဲ့သည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ထူးချွန်ထက်မြတ်သော လူငယ်များ မွေးထုတ်နိုင်ရန်နှင့် ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်များမြှင့်တင်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တည်ဆောက်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ လူတိုင်းကစားနိုင်အောင် အားကစားကိုမြှင့်တင်ပေးတဲ့ မူဝါဒရှိတယ် လူတိုင်းလူတိုင်းကစားဖို့ ကျန်းမာရေးအတွက်ကစားဖို့ နံပတ်တစ်ပေါ့ ပြီးတော့ အား/ကာ သိပ္ပံဆိုတာကတော့ ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးတွေကိုမွေးထုတ်နိုင်ဖို့ သိပ္ပံဆိုတော့လည်း ကစားဖို့တစ်ခုတည်းလည်းမဟုတ် နည်းပညာတွေရှိမယ်ပြီးတော့ လူငယ်တွေဆိုတော့ ခုနှစ်တန်းအောင်တဲ့ ကလေးတစ်ယောက်က သူ့သတ်မှတ်ချက်အရပ်မောင်းရှိမယ် စိတ်ဝင်စားမှုရှိရင် တက်လာမယ် ဘွဲ့ရတာနဲ့ ဒီအားကစားသင်တန်းပြီးတာနှင့် နောက်ပိုင်းမှာ ကာယဆရာတို့ဘာတို့မှာ ဦးစားပေးရွေးချယ်ဖို့ရှိတယ် ဒီလူငယ်တွေ အား/ကာ သိပ္ပံကျောင်းမှာရောက်ခြင်းအားဖြင့် ဒီအသက်မွေးဝမ်းကျောင်းမှာလည်းအကျိုးရှိသလို ဒီအားကစားပညာကိုလည်း အရင်ထက်စာရင် ပိုပြီးတော့ လူထုထဲ ရောက်အောင်ပို့နိုင်မှာပေါ့နော် ပြီးတော့ သိပ္ပံကနေထွက်တဲ့ကလေးတွေဆိုရင် စနစ်တကျမွေးထုတ်ထားတဲ့ ကလေးတွေဖြစ်တဲ့အတွက်ကြောင့် အာဆီယံအဆင့်မှာ ရွှေတံဆိပ်တွေရနိုင်အောင် ထူးချွန်တဲ့ကလေးတွေပေါ်နိုင်အောင် အား/ကာ သိပ္ပံကနေသွားအားကိုးနိုင်မည်လို့ ယုံကြည်ပါတယ်” ဟု ၀န်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူအဆောင်အပါအ၀င် အဆောက်အဦး ၄ ခုတည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေသန်း ၂၀၀ ဘတ်ဂျက်ချထားပေးသည်ဟု သိရသည်။

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ကျပ်ငွေသန်း ၁၉၅ ခန့် ပြန်လည်ချပေးမည်ဟု သိရပြီး ရုန်းနှင့် သူရလင်းကုမ္ပဏီတို့မှ တာဝန်ယူဆောက်လုပ်ကြမည်ဟုသိရသည်။

အား/ကာသိပ္ပံကျောင်းတွင် အားကစား (၅) မျိုးဖြင့် စတင်သင်ကြားမည်ဖြစ်ကာ ချင်းပြည်နယ် (၉) မြို့နယ်ရှိ ကလေးငယ်များ တက်ရောက်နိုင်မည်ဖြစ်ပြီး ချင်းလူငယ်များ စိတ်ဝင်စားမှုရှိသည့် ဂျိုဒိုကရားတီးများ၊ မြှားပစ်ခြင်းများလည်း သင်ကြားပို့ချမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.