Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်၏ ယာဉ်မတော်တဆမှုနှင့်လူသေဆုံးမှု အများဆုံးမြို့နယ်များ

ချင်းပြည်နယ်၏ ယာဉ်မတော်တဆမှုနှင့်လူသေဆုံးမှု အများဆုံးမြို့နယ်များ

0
By Editor on September 10, 2019 Headline

By လားနွန် – ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်အနက် ဟားခါးမြို့နယ်သည် ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပြီး လူသေဆုံးမှုတွင် တီးတိန်မြို့နယ်သည် အများဆုံးဖြစ်ကြောင်း ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်၏ ပြောကြားချက်အရသိရသည်။

“ယာဉ်မတော်တဆမှုအများဆုံးက ဟားခါးမှာအများဆုံး၊ ဒုတိယလိုက်တာက တီးတိန်၊ တတိယလိုက်တာတော့ မင်းတပ်၊ တီးတိန်မြို့နယ်မှာက ကားတွေ ခဏခဏကျောက်ထဲကျလို့ အဲဒါကြောင့် အသေအပျောက်များတာက ဒီတီးတိန်မြို့နယ်မှာများတယ်၊ ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ကားနဲ့ဖြစ်တာများတော့ သေတဲ့သူလည်းများတာပေါ့၊ ခရီးသည်တွေများတယ်လေ၊ အဓိကဖြစ်တာက  မြောက်ပိုင်းတီးတိန်နယ်ထဲမှာ ကားကျောက်ထဲကျတာတို့ ခဏခဏဖြစ်တယ်လေ၊ အဲဒါကြောင့် သေဆုံးသူဦးရေကများတာလေ” ဟု ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ယာဉ်တိုက်မှုအခြေပြဇယား ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်၏ ဇန်န၀ါရီလမှ ဇူလိုင်လအထိ နှိုင်းယှဉ်ချက်ဇယားမှ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် သေဆုံးမှုနှုန်းခြားနားချက်သည် ယခင်နှစ်ထက် (၁) ဦးပိုတိုးလာကြောင်းသိရသည်။

ချင်းပြည်နယ်၊ တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် မြောက်ပိုင်းသည် သေဆုံးမှုအများဆုံးဖြစ်နေပြီး ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ချနိုင်ရန်အတွက် စည်းကမ်းဖောက်ဖျက်သည့်သူများကိုလည်း အရေးယူမှုတွေဆောင်ရွက်နေကြောင်း ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။

“ကျနော်တို့ကတော့ ကြိုတင်ကာကွယ်မှုတွေလုပ်ရတယ်၊ ကြိုတင်ကာကွယ်မှုဆိုတဲ့အခါမှာ ပထမအနေနဲ့ အသိပညာပေးဟောတယ်၊ စာသင်ကျောင်းတွေမှာ၊ နောက်ပြီး ရုံးတွေမှာ၊ နောက်ပြီးတော့ ကားသမား ဆိုင်ကယ်သမား ယာဉ်မောင်းတွေလည်း အသိပညာပေးတာ နောက်ပြီး ပြည်သူလူထုကိုလည်း ပညာပေးတယ် အသိပညာပေးတယ်ဆိုတဲ့အခါမှာ ဟောပြောတာလည်းပါတယ်၊ လက်ကမ်းစာဆောင်တွေနဲ့ အသိပညာပေးတာလည်းပါတယ်၊ နောက်တခါကျနော်တို့ လမ်းသင်္ကေတတွေနဲ့ပေးတာလည်းပါတယ်၊ နောက်တစ်ခါကျတော့ ကျနော်တို့ ယာဉ်မတော်တဆမှုလျော့နည်းကျဆင်းအောင် စည်းကမ်းပျက်တဲ့လူ စည်းကမ်းမလိုက်နာတဲ့သူကို အရေးယူဆောင်ရွက်ပြီးတော့ ဖမ်းဆီးတယ်၊ အရေးယူဖမ်းဆီးတာလဲ ပညာပေးခြင်းတစ်မျိုးပဲ၊ အဓိက ပညာပေးတာကို အလေးထားပြီးတော့ ဖမ်းဆီးအရေးယူတာ အဲလိုကျနော်တို့က ဆောင်ရွက်တယ်” ဟု ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။  

ယာဉ်မတော်တဆမှုဖြစ်ပွားမှုများတွင် ဟားခါးမြို့နယ်တွင် ဆိုင်ကယ်မတော်တဆမှုများကာ ယေဘူယျအားဖြင့် မတော်တဆမှုဖြစ်စဉ် ၆၀ တွင် ၄၀ သည် ကားများဖြစ်ကြပြီး တီးတိန်မြို့နယ်တွင် ကားမတော်တဆမှုပိုများနေကြောင်း ဆက်ပြောသည်။

ချင်းပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိယာဉ်မတော်တဆမှု (၇၁) ခုဖြစ်ပြီး သေဆုံးမှုသည် (၃၂) ဦးထိရှိကာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ ယာဉ်တိုက်မှု (၆၆)  ခုနှင့် သေဆုံးမှုသည် (၃၃) ဦးဖြစ်ကြောင်းသိရသည်။

Photo Credit: Myanmar Chin          

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.