Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် ပညာရေးသမိုင်းတွင် အစောဆုံးဘွဲ့ရသူနှစ်ဦး၏ ကြေးရုပ်တု ဖလမ်းမြို့တွင် စိုက်ထူ

ချင်းပြည်နယ် ပညာရေးသမိုင်းတွင် အစောဆုံးဘွဲ့ရသူနှစ်ဦး၏ ကြေးရုပ်တု ဖလမ်းမြို့တွင် စိုက်ထူ

0
By Editor on February 11, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ် ပညာရေးသမိုင်းတွင် အစောဆုံးဘွဲ့ရသူနှစ်ဦးဖြစ်သည့် Pu Siah Luai နှင့် Pi Hlawn Kip Thluai တို့၏ ကြေးရုပ်တုကို ဖလမ်းမြို့၊ အ.ထ.က (၁) ကျောင်းဝင်ပေါက်တွင် ယနေ့မနက် (၉) နာရီက ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်မှ ဖွင့်လှစ်ခဲ့သည်။

မျိုးဆက်သစ်ချင်းလူငယ်များအတွက် ချင်းသမိုင်းပိုမိုသိရှိလာစေရေးနှင့် အတုယူအားကျပြီး ပညာရေးပိုင်းမှာ ကြိုးစားလာစေရန်အတွက်ရည်ရွယ်ပြီး ၎င်းကြေးရုပ်ကို Global Falam Youth Organization (GFYO) မှ စိုက်ထူခဲ့ကြခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ GFYO မှ အတွင်းရေးမှူး ကို Van Bawi Lian က “ကျွန်တော်တို့ ချင်းပြည်နယ်သမိုင်းမှာပေါ့နော် ဖလမ်းမြို့သူ မြို့သားကနေ ပထမဆုံး ဘွဲ့ရပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ဟာ နောင်လာနောက်သားတွေသိပြီးတော့ ကျွန်တော်တို့ ဒီသူတို့ကို အတုယူပြီးတော့ ပညာရေးဖက်မှာပိုစိတ်ဝင်စားဖို့၊ ပြီးတော့ ပညာရေးက တိုင်းပြည်လူမျိုးအတွက်ပေါ့နော် တိုးတက်ပြောင်းလဲနိုင်တဲ့အရာဖြစ်တယ်ဆိုတာခံယူပြီးမှ ပညာရေးကိုအလေးအနက် လေ့လာသင်ယူနိုင်ဖို့အတွက်ရည်ရွယ်ပြီး စိုက်တာပါ” ဟု ပြောသည်။

ချင်းအမ်ျိုးသားထဲတွင် ပထမဦးဆုံး B.A ဘွဲ့ရရှိသူ Pu Siah luai သည် ချင်းတော်လှန်ရေးသူရဲကောင်း ဗိုလ်ကြွမ်ဘိခ်၏ မြေးဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တွင် B.A ဘွဲ့ရရှိခဲ့သည်။

၁၉၄၀ ခုနှစ်တွင် B.Ed ဘွဲ့ထပ်မံရရှိပြီး ချင်းပြည်နယ်၏ ပညာရေးမှူး အထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူသည် ၁၉၁၆ ခုနှစ်မှာ မွေးဖွားကာ ၁၉၇၃ (၅၇) နှစ်တွင်ကွယ်လွန်ခဲ့သည်။

ချင်းအမျိုးသမီးထဲတွင် ပထမဆုံး B.A ဘွဲ့ရရှိသူ Pi Hlawn Kip Thluai သည် ဇာဟောင်မျိုးနွယ်စုနှင့် ဟွာလ်ငိုမျိုးနွယ်စု အုပ်ချုပ်သူ ပူးထန်းသင်လျန်၏ သမီးဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာရန်ကုန်တက္ကသိုလ်တွင် B.A ဘွဲ့ရရှိခဲ့သည်။

ပြည်ပမှာ ပညာဆက်လက်သင်ကြားပြီး ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ စစ်ကိုင်းနှင့် ပုသိမ်မြို့ကျောင်းများတွင် နှစ်ပေါင်း (၃၀) ကြာ အင်္ဂလိပ်စာသင်ပြခဲ့သည်။

လက်ရှိတွင် အမေရိကန်တွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

ယနေ့ကြေးရုပ်စိုက်ထူပွဲတွင် ချင်းပြည်နယ်အစိုးရမှ ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်အပြင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်၊ ချင်းပြည်နယ်တရားလွတ်တော်တရားသူကြီး တို့ပါဝင်ခဲ့ကြသည်။ (ဓာတ်ပုံ – ဖလမ်း ပြန်/ဆက်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.