Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္း-စစ္ကိုင္းတိုင္းအၾကား နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁၀ အထိ အတည္ျပဳႏိုင္ၿပီ

ခ်င္း-စစ္ကိုင္းတိုင္းအၾကား နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁၀ အထိ အတည္ျပဳႏိုင္ၿပီ

0
By Editor on January 14, 2021 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား အင်္ဂလိပ်ခေတ်က စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များ ပြန်လည်ရှာ ဖွေလျှက်ရှိရာ နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၁၀ အထိ ကွင်းဆင်းအတည်ပြုနိုင်ပြီဟု စုံစမ်းသိရှိရသည်။

၁၉၃၈ ခုနှစ်အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် စုစုပေါင်း ၂၁ တိုင်စိုက်ထူခဲ့ ကြပြီး ယင်းဘုတ်တိုင်များကိုပြန်လည်ရှာဖွေကြရာ ယခုအခါ ဘုတ်တိုင် BP အမှတ် ၁၀ အထိ ပြန်လည်ရှာဖွေ အတည်ပြု ပြီဖြစ်ကာ တစ်လ ၅ တိုင်နှုန်းဖြင့်စိုက်ထူသွားကြမည်ဟု ကလေးခရိုင်အုပ်ချူပ်ရေးမှူး ဦးခင်မောင်ချိူကပြောသည်။

“ အခုက ဒီဇင်ဘာ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လ အထိ တစ်လကို (၅) တိုင်စိုက်ထူမှာ မတ်လကျတော့ (၆) တိုင် အခုလုပ်တာက နစ်နာစရာမရှိဘူး ကောင်းမှုပဲလေ ရှေ့လျှောက်ကောင်းသွားမှာပေါ့ ဘာကောင်းမလဲဆိုတော့ တရားဥပဒေစိုးမိုးရေးတို့ နယ်မြေအေးချမ်းသာယာရေးတို့မှာလည်း ကောင်းသွားမှာ” ဟု ဦးခင်မောင်ချိုကပြောသည်။

အဆိုပါနယ်နိမိတ်ဘုတ်တိုင်ပြန်လည်ရှာဖွေရေးလုပ်ငန်းကို နေပြည်တော်မြေတိုင်းဦးစီးဌာနမှဦးဆောင်၍ ချင်းပြည်နယ်အ စိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အုပ်ချူပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ဒေသခံကျေးရွာ အုပ်ချူပ်ရေး မှူးတို့မှ ပြန်လည်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ချင်းနှင့် စစ်ကိုင်းတိုင် နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၅ အထိကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကွန်ဂရစ်တိုင်ဖြင့် စိုက်ထူခဲ့ကြပြီးဖြစ်ကာ ယခု BP အမှတ် ၆ မှ ၁၀ အထိကို ဇန်နဝါရီလအတွင်း စိုက်ထူကြမည်ဟု သိရသည်။

ယခုပြန်လည်စိုက်ထူကြမည့် နယ်နိမိတ်ဘုတ်တိုင်းများသည် ၁၉၃၈ ခုနှစ် ပြည်ထည်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၆၈၀) နှင့် ၁ လက်မ ၄ မိုင်စကေးမြေပုံအား အခြေခံ၍ ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည်။

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအၾကား အဂၤလိပ္ေခတ္က စိုက္ထူခဲ့ေသာ နယ္နိမိတ္ဘုတ္တိုင္မ်ား ျပန္လည္ရွာ ေဖြလွ်က္ရွိရာ နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁ မွ ၁၀ အထိ ကြင္းဆင္းအတည္ျပဳႏိုင္ၿပီဟု စံုစမ္းသိရွိရသည္။ 

၁၉၃၈ ခုႏွစ္အဂၤလိပ္ေခတ္က ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းအၾကား နယ္နိမိတ္ဘုတ္တိုင္ စုစုေပါင္း ၂၁ တိုင္စိုက္ထူခဲ့ ၾကၿပီး ယင္းဘုတ္တိုင္မ်ားကိုျပန္လည္ရွာေဖြၾကရာ ယခုအခါ ဘုတ္တိုင္ BP အမွတ္ ၁၀ အထိ ျပန္လည္ရွာေဖြ အတည္ျပဳ ၿပီျဖစ္ကာ တစ္လ ၅ တိုင္ႏႈန္းျဖင့္စိုက္ထူသြားၾကမည္ဟု ကေလးခ႐ိုင္အုပ္ခ်ဴပ္ေရးမႉး ဦးခင္ေမာင္ခ်ဴိကေျပာသည္။ 

“ အခုက ဒီဇင္ဘာ ဇန္နဝါရီ ေဖေဖာ္ဝါရီ မတ္လ အထိ တစ္လကို (၅) တိုင္စိုက္ထူမွာ မတ္လက်ေတာ့ (၆) တိုင္ အခုလုပ္တာက နစ္နာစရာမရွိဘူး ေကာင္းမႈပဲေလ ေရွ႕ေလွ်ာက္ေကာင္းသြားမွာေပါ့ ဘာေကာင္းမလဲဆိုေတာ့ တရားဥပေဒစိုးမိုးေရးတို႔ နယ္ေျမေအးခ်မ္းသာယာေရးတို႔မွာလည္း ေကာင္းသြားမွာ” ဟု ဦးခင္ေမာင္ခ်ိဳကေျပာသည္။

အဆိုပါနယ္နိမိတ္ဘုတ္တိုင္ျပန္လည္ရွာေဖြေရးလုပ္ငန္းကို ေနျပည္ေတာ္ေျမတိုင္းဦးစီးဌာနမွဦးေဆာင္၍ ခ်င္းျပည္နယ္အ စိုးရအဖြဲ႔၊ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးအဖြဲ႔၊ သစ္ေတာဦးစီးဌာနႏွင့္ ေဒသခံေက်းရြာ အုပ္ခ်ဴပ္ေရး မွဴးတို႔မွ ျပန္လည္ရွာေဖြခဲ့ၾကျခင္းျဖစ္သည္။

ခ်င္းႏွင့္ စစ္ကိုင္းတိုင္ နယ္နိမိတ္ဘုတ္တိုင္ BP အမွတ္ ၁ မွ ၅ အထိကို ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းက ကြန္ဂရစ္တိုင္ျဖင့္ စိုက္ထူခဲ့ၾကၿပီးျဖစ္ကာ ယခု BP အမွတ္ ၆ မွ ၁၀ အထိကို ဇန္နဝါရီလအတြင္း စိုက္ထူၾကမည္ဟု သိရသည္။ 

ယခုျပန္လည္စိုက္ထူၾကမည့္ နယ္နိမိတ္ဘုတ္တိုင္းမ်ားသည္ ၁၉၃၈ ခုႏွစ္ ျပည္ထည္ေရး၀န္ႀကီးဌာနမွထုတ္ျပန္ေသာ အမိန္႔ေၾကာ္ျငာစာအမွတ္ (၆၈၀) ႏွင့္ ၁ လက္မ ၄ မိုင္စေကးေျမပံုအား အေျခခံ၍ ျပန္လည္ေဖာ္ထုတ္ျခင္းျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.