Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ
ပုံစာ - CDF-Paletwa ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

0
By Editor on September 21, 2023 Headline

(006SV)

ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေကြသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ ရဲဘော်နှစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရှိသဖြင့် နောက်တန်းတွင် တပ်ဖွဲ့မှ ပြုလုပ်နေသော ကွန်မန်ဒိုသင်တန်း တက်ရောက်နေစဉ် ကျဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

“လွန်ခဲ့တဲ့ လမှာ ကွန်မန်ဒိုအထူးသင်တန်း ပြုလုပ်ရင်နဲ့ နောက်တန်းမှာ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရပါတယ်။ နောက်တန်းမှာ အော်ပရေးရှင်း မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိတယ်ပေါ့။ ဆေးဝါးအနေနဲ့ မလုံလောက်ဘူးဆိုတာက ဆေးဝါးအနေနဲ့ အတော်အသင့်ရှိတဲ့ ဆေးဝါးနဲ့ ခံယူခိုင်းခဲ့တယ်။ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူတို့မှာ ရှိတဲ့ ရောဂါအခံတွေလည်းပါတယ်။ ချက်ချင်း အော်ပရေးရှင်း မလုပ်နိုင်တဲ့ အပိုင်းတွေလည်း အခက်အခဲ ဖြစ်နေတော့ ခုလို့ နောက်တန်းမှာ ရဲဘော်တွေ မြင့်မြတ်စွာ အသက်ပေးခဲ့ရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

ရဲဘော် ဆလိုင်းဧနောင် (၁၉) နှစ်က ဩဂုတ် ၈ ရက်နှင့် ဆလိုင်းမောင်မောင် (၂၅) နှစ်က ဩဂုတ် ၃ ရက်မှာ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး အစာအိမ်နှင့် ကျောက်ကပ်ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

CDF – ပလက်ဝဆေးဌာနတွင် ဆေးအတန်အသင့်ရှိသော်လည်း အော်ပရေးရှင်း လုပ်နိုင်သော ဆေးရုံ ဆေးခန်းနှင့် ဆရာဝန် မရှိခြင်းကြောင့် ရဲဘော်များ အရေးပေါ်ဖြစ်လာချိန်တွင် တပ်စခန်းရှိသော နေရာနှင့် ခွဲစိတ်နိုင်မည့် ဆေးရုံဆေးခန်းနေရာသည် ၂ ရက်ခရီးတိတိ ကြာမြှင့်သည်ဟု CDF ပလက်ဝမှ တာဝန်ရှိသူက ပြောသည်။

CDF မတူပီမှ ရဲဘော်တစ်ဦးသည်လည်း လုံလောက်သော ဆေးဝါးကုသမှုကို အချိန်မီ မရရှိသည့်အတွက် အိန္ဒိဘက်တွင် သွားရောက်ကုသစဉ် စက်တင်ဘာလ ၁၉ ရက်က ရုတ်တရက်သေဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။

၎င်းရဲဘော်သည် အစာအိမ်ရောဂါဖြစ်နေရာ စခန်းတွင် ကုသပေးထားသော်လည်း ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းမရှိ သည့်အတွက်ကြောင့် နောက်ဆုံးတွင် အိန္ဒိယဘက်ခြမ်းရှိ ဆေးရုံးတွင် သွားရောက်ကုသခဲ့သည်၊ သို့သော် ရုတ်တရက် ရင်ဘတ်နာ၊ အသက်ရှုကျပ်လာ၍ ဆေးရုံးသို့ ထပ်မံ ပို့ဆောင်ကုသရာတွင် ကျဆုံးသွားခဲ့ရသည်ဟု သိရသည်။

“တိုက်ပွဲမှာ ကျတာက တမျိုးပေါ့။ အခုလိုမျိုး ကျန်းမာရေးနဲ့ စောင့်ရှောက်မှု အားနည်းလို့ အသက်ပေးသွားတဲ့ ရဲဘော်တွေက တဖြည်းဖြည်းများလာတယ်။ အခုလည်း မိုးတွင်းကာလဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းလာရင်တော့ ပိုပြီးတော့ ချူချာမယ့် ရဲဘော်တွေ အများကြီးရှိတယ်။ အဓိကက ကျနော်တို့က အခုချိန်မှာ ကျန်းမာရေးကျွမ်းကျင်သူတွေ အဓိက လိုတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပြည်သူတွေကလည်းပူးပေါင်းပါဝင်ပြီး အတူတကွ တော်လှန်ရေးမှာ ပါဝင်လာရင်တော့ အားနည်းချက်ကို အမြန်ဆုံးဖြည့်ဆည်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။

CDF မတူပီတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးမှုသည် ယခုက လေးယောက်မြောက်ဖြစ်ပြီး ယခင်က ငှက်ဖျားရောဂါ အပါအဝင် အခြားရောဂါများဖြင့်လည်း သေဆုံးမှုများ ရှိခဲ့သည်။

ချင်းပြည်နယ်မှ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့သည် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို နည်းလမ်းပေါင်စုံဖြင့် ဝယ်ယူနိုင်သော်လည်း ကျွမ်းကျင်သော ဆေးဝန်ထမ်း မရှိခြင်းက အဓိက ပြသနာဖြစ်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတချို့က ပြောသည်။

တချို့ချင်းကာကွယ်ရေးတပ်ဖွဲ့သည် ဆေးဝါးနှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းပါ အားနည်းနေသည်ဟု သိရသည်။

ဆလိုင်းနိုင်ဂျွန်ကင်းက “ပြည်သူတွေက ကိုယ်ကျွမ်းကျင်ရာတစ်ခုကို ဒီတော်လှန်ရေးမှာ အသုံးဝင်အောင်ပါဝင်ပေးဖို့ပါပဲ။ ကျန်းမာရေးမှာ ကျွမ်းကျင်ရင် ဒီတော်လှန်ရေးမှာ ဘယ်လိုကူညီမလဲဆိုတာ သူတို့ တတ်နိုင်တဲ့ ဘက်ကက ပါဝင်မယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ်။ ဒီကျန်းမာရေးက ဒီပြည်သူတွေအတွက်ရော ရဲဘော်တွေအတွက်ရော အဆင်ပြေမယ်ဆိုတာ ပြည်သူတွေ သိထားရင်တော့ အကောင်းဆုံးပေါ့။ အားလုံးက ဒီထက်မက ပူးပေါင်းပါဝင်မှု လုပ်ပေးဖို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကို ခုခံတွန်းလှန်ရာတွင် မြို့နယ်အလိုက်ဖွဲ့စည်းထားသော CDF များ၊ ဒေသနှင့် မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသော CDF တပ်များရှိပြီး အားကောင်းသည့် အဖွဲ့ရှိသကဲ့သို့ အားနည်းသော အဖွဲ့များလည်း ရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် CDF တပ်ဖွဲ့ မည်မျှရှိသည်ကို အတိအကျပြောရန် ခက်ခဲနေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.