Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးရုံ၊ ဆေးခန်းများတွင် ချင်းပြည်သူအားလုံး ဆေးဝါးကုသနိုင်ဟု ဆို
Photo- CHO

ချင်းကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးရုံ၊ ဆေးခန်းများတွင် ချင်းပြည်သူအားလုံး ဆေးဝါးကုသနိုင်ဟု ဆို

0
By Editor on September 17, 2025 Headline

(006SV)

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများသည် ချင်းပြည်သူ အားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ပြီး ချင်းတော်လှန်ရေးအဖွဲ့များ ကွဲပြဲမှုက ကျန်းမာရေး ဝန်ဆောင်မှုအပေါ် သက် ရောက်မှုရှိမှာ မဟုတ်ကြောင်း ချင်းကျန်းမာရေးဝန်ကြီးက ပြောသည်။

“ ကျမတို့ကတော့ ကျန်းမာရေးဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဆီကို လာတဲ့ မည်သူ့ကိုမဆို ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။ ပြီးတော့ ဥပမာ – ကျမတို့ရဲ့ သူနာပြုသင်တန်းကျောင်းမှာ ဆိုရင်လည်း ကျမတို့ area မှာ မရှိသောသူတွေ၊ သူတို့ဆီကနေလည်း လာတက်ကြတယ်။ ကျမတို့ လက်ခံပါတယ်။ ဘာလို့ဆို ချင်းကတော့ ဘယ်လိုပဲကွဲကွဲ၊ ကျမတို့က တနေ့မှာ ပြန်တော့စုစည်းမှာ ဖြစ်တယ်၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါက အားလုံးအတွက် ဖြစ်တယ်၊ ကျန်းမာရေးဝန်ဆောင်မှုကိုလည်း မခွဲခြားပါဘူး” ဟု ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Dr. Sharon Par က ပြောသည်။

ယမန်နှစ်က ချင်းပြည်နယ်တွင် ချင်းကျန်းမာရေးဝန်ကြီးဌာနသည် နေရာ ၇ ခုကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ၁၀ နေရာအထိ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခုနှစ်နှင့် လာမည်နှစ်များတွင်လည်း အခြားဒေသများကို သွားရောက်နိုင်ရေး အစီအစဉ်ရှိသည်ဟု ချင်းကျန်းမာရေးဝန်ကြီးက Chinland Channel နှင့် အင်တာဗျူးမှာ ဖြေကြားသည်။

ချင်းပြည်သူများသည် ဆေးဝါးများ ဈေးကြီးမှုနှင့် ငွေကြေးမတတ်နိုင်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခက်အခဲများ စွာ ကြုံတွေ့နေရသည်ဟု သိရသည်။

“အခုလောလောဆယ် အခက်အခဲတွေက ဆေးဝါးတွေက အရမ်းစျေးကြီးလာတယ်။ သယ်ယူပို့ဆောင်စားရိတ် တွေကလည်း တအားများ လာတဲ့ အခါကျတော့ ပြည်သူလူထုအနေနဲ့ ဆေးကုသမှု ခံယူဖို့အရေးကို ကိုယ့်အိတ်ကိုယ်စိုက်ရတဲ့ ပမာဏက အရမ်းများလာပါတယ်။ ဆိုတော့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် သုံးရတဲ့ ငွေပမာဏတအားများတဲ့ အတွက်ကြောင့် ကျမတို့ကို ဆင်းရဲတွင်းပိုနက်စေတယ်ပေါ့နော်။ ကိုယ်လိုချင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ့်အနီးနားမှာ လိုချင်တဲ့အချိန် မရတဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု တဖြည်းဖြည်း ပိုဆိုးရွားလာနိုင်တယ်ပေါ့နော်၊ အဲ့လိုမဖြစ်အောင် ကျမတို့အစိုးရဘက်က ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အခြားအဖွဲ့အစည်းများကလဲ ပံ့ပိုးကူညီဖို့၊ ချိတ်ဆက်နိုင်ဖို့အလွန်အရေးကြီး ပါတယ်” ဟု ချင်းကျန်းမာရေးဝန်ကြီးက ပြောသည်။

ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြို့နယ်/ ဒေသန္တရ ကျန်းမာရေးဌာန၊ ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးကော်မတီ စသဖြင့် အဆင့်ဆင့် ဖွဲစည်းထားသည်ဟု သိရသည်။

ချင်းကျန်းမာရေးဝန်ကြီးဌာနသည် ချင်းပြည်အတွင်း ကျန်းမာရေး မူဝါဒနှင့် လမ်းညွန်ချက်များကို ရေးဆွဲအကောင်အထည် ဖော်နေပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ရှားပါးမှုကိုလည်း ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် သူနာပြု ဆရာမများ မွေးထုတ်နိုင်ရေးအတွက် NUG အစိုးရ၊ ကျန်မားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သူနာပြုကျောင်းဖွင့်လှစ်၍ သူနာပြု ၅၇ ဦးကို သင်တန်းပေးလျက်ရှိပြီး လာမည့် နိုဝင်ဘာလတွင် ဒုတိယအသုတ် ထပ်မံဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF အစုအဖွဲ့နှင့် မြို့နယ်နှင့် ဒေသန္တရ အစုအဖွဲ့မှ ၁၈ ဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။

လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးတွင် ချင်းတော်လှန်ရေးအင်အာစုများသည် ချင်းလဲန်ကောင်စီ၊ ချင်းပြည်အစိုးရနှင့် ICNCC ၊ ချင်းညီနောင်ဟူ၍ နှစ်ဖွဲ့ကွဲပြီး ၎င်းတို့သည် အုပ်ချုပ်ရေးယန္တရာများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.