Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းစစ်ရှောင်အမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံး
ပုံစာ - ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူချင်းအမျိုးသမီး

ချင်းစစ်ရှောင်အမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံး

0
By Editor on October 9, 2024 Khonumthung

ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသည် အမျိုးသားရှိရာ မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံဘက်ကဆင့်သွားရောက်စဉ်မှာ ယာဉ်မတော်မဆဖြစ်မှုကြောင့် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းတွင် သေဆုံးခဲ့သည်ဟု သိရသည်။

မတူပီမြို့နယ် ဝါပုန်းကျေးရွာဇာတိ အသက် ၃၆ နှစ်အရွယ်ခန့်ရှိသော ဒေါ်နီသည် ရန်ကုန်မြို့သို့ စစ်ဘေးတိမ်းရှောင်ရာမှ အမျိုးသားဖြစ်သူ CDM ကျောင်းဆရာရှိရာ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံဘက်ကတဆင့် သွားရောက်သည့်အချိန်မှာ အောက်တိုဘာလ ၇ ရက်နေ့က ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကားတိမ်းမှောက်၍ ပြင်းထန်ဒဏ်ရာရရှိသော ဒေါ်နီကို နီးစပ်ရာဆေးရုံတွင်ပို့ဆောင်ကာ ကုသမှုခံယူနေစဉ်မှာ ယနေ့ အောက်တိုဘာလ ၉ ရက်မနက်ပိုင်းမှာ ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသူ ဒေါ်နီ၏ အမျိုးသားမှာ အလယ်တန်းပြကျောင်းဆရာဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် CDM ပြုလုပ်ကာ မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု သိရသည်။

ဇနီးဖြစ်သူမှာ ၂ နှစ်အရွယ် သမီးငယ်နှင့်အတူ အမျိုးသားရှိရာ မလေးရှားနိုင်ငံသို့ ပွဲစားအစီစဉ်ဖြင့် ထိုင်းနိုင်ငံကတဆင့် လိုက်သွားသည့်အချိန် ယခုကဲ့သို့ အဖြစ်ဆိုးဖြင့် ကြုံခဲ့ရခြင်းဖြစ်သည်။

၂ နှစ်ခန့်အရွယ်ရှိသော သမီးငယ်မှာလည်း ဒဏ်ရာရရှိသည်ဟုသိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။

ဒေါ်နီ၏ ရုပ်အလောင်းသယ်ယူကိစ္စများကို ပွဲစားကတဆင့် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အသေးစိတ်မသိရှိနိုင်သေးကြောင်း နီးစပ်သူတစ်ဦးကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.