Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ချင်းတမျိုးသားလုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာ ချင်းဖန်တီးရမည်” ဟူသည့်အချက်ကို နှလုံးသွင်းကြရန် CNF တိုက်တွန်း

“ချင်းတမျိုးသားလုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာ ချင်းဖန်တီးရမည်” ဟူသည့်အချက်ကို နှလုံးသွင်းကြရန် CNF တိုက်တွန်း

0
By Editor on February 20, 2026 Headline

(002MG)

“ချင်းတမျိုးသား လုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာချင်းဖန်တီးရမည်” ဟူသည့်အချက်ကို နှလုံးသွင်းကာ ချင်းအမျိုး သားနေ့ကို အနှစ်သာရရှိရှိဖြင့် ကျင်းပကြရန် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက်မှာ ကျရောက်သော (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုး သားတပ်ဦး( CNF) က တိုက်တွန်း သည်။

ယနေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့မှ အမျိုးသားတရပ်အဖြစ် စုစည်းမှု ထုတ်ဖော်ပြသကာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအပါအဝင် မျိုးနွယ်စု အကြီးအကဲများ၏ မိမိမျိုးနွယ်စုနှင့် ဒေသအလိုက်ကျင့်သုံးခဲ့သည့် အမွေဆက်ခံ အုပ်ချုပ်ရေးစနစ်ဟောင်းအား စွန့်ပယ်ကာ ချင်းအမျိုးသားအားလုံး ကိုယ်ပိုင် စုပေါင်းအုပ်ချုပ်ရေးဆုံးဖြတ်ပိုင်ခွင့်ရှိသော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးရန်အတွက် သမိုင်းဝင် နိုင်ငံရေးဆုံး ဖြတ်ချက်ချမှတ်ခဲ့သော (၇၈) နှစ်ပြည့် ချင်းအမျိုးသားနေ့ဖြစ်သည်ဟုဖော်ပြသည်။

ချင်းလူမျိုးတို့ကိုယ်တိုင် ရွေးချယ်ခဲ့သော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အား ခေတ်အဆက်ဆက် စနစ်တ ကျ တည်ဆောက်လာခဲ့သော်လည်း ပြင်ပရန်ဖြစ်သည့် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် ယနေ့အချိန်ထိ အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်သေးကြောင်း CNF ကဆိုသည်။

အောက်ချင်းဌက်အား သင်္ကေတပြုကာ သစ္စာတရား လက်ကိုင်ထားသော ချင်းလူမျိုး ဘိုးဘွားများ မျှော်မှန်းထားသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိသည့် ချင်းလဲန်တည်ဆောက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာခဲ့ကြသည့်အပြင် ယခုကာလသည်လည်း ချင်းလဲန်ပြည်သူ တရပ်လုံး စုပေါင်းပါဝင်မှုဖြင့် ပြည်သူ့ တော်လှန် ရေးကြီး ဆင်နွှဲနေသည့်ကာလဖြစ်သည်ဟု ချင်းအမျိုး သား တပ်ဦး (CNF) ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိတွင် တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်၊ ခန္ဓာ နှင့် ဘဝပေးလှူသွားကြသော ရဲဘော်၊ ရဲမေ အားလုံးကို အောက်မေ့ အမှတ်ရကာ လေး စားဂုဏ်ပြုသည့်အပြင် စစ်အုပ်စုကြောင့် အသက်အိုး အိမ် စည်းစိမ်ဆုံးရှုံးကြရသော မိဘပြည်သူအပေါင်းနှင့် ထပ်တူထပ်မျှ နာကြည်းခံစားရကြောင်း အလေးအနက် ဖော်ပြသည်။

ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလဲန်းနယ်နိမိတ် စုစည်းကာကွယ်ရေးအတွက် ချင်းလဲန်းပြည်သူများနှင့် တစ်သား တည်းရပ်တည်ကာ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊ စစ်အာဏာရှင် အမြစ်ပြုတ်ရေးနှင့် ဖက် ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေးအင်အားစု များနှင့် လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CNA ဗိုလ်ကြီးအပါဝင် ၃ ဦးကျဆုံး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို မကြာမီ ဖွဲ့စည်းတော့မည်

NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ကြား လုပ်ကိုင်ခွင့်အာဏာခွဲဝေခြင်း အချက် ၉ ရပ် သဘောတူညီထားဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.