Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းဖွင့်လှစ်

ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းဖွင့်လှစ်

0
By Editor on June 27, 2023 Headline

(05MK)

ဆေးခန်းပြရန် ဘာသာစကားအခက်အခဲနှင့် အလှမ်းဝေးသည့်ဒေသတွင် ရောက်ရှိနေသည်ဖြစ်စေ အင်တာနက် (အွန်လိုင်း) ရှိရုံဖြင့် ချင်းဆရာဝန်များနှင့် ဆွေးနွေးတိုင်ပြင်၍ရရှိနိုင်မည့် ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို Chin Health Organization (CHO) က စတင်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် တခြားသော အခြေအနေအကြောင်းကြောင်းကြောင့် မိမိနေရပ်မဟုတ်ပဲ တခြားနေရပ် ဒေသအသီးသီးမှာရောက်ရှိနေကြသော ချင်းလူမျိုးများအတွက်၊ အထူးသဖြင့် နေမကောင်း၍ ဆေးခန်းပြသရာမှာ ဒေသ ဘာသာစကား မသိနားမလည်၍ ဆေးခန်းပြသဖို့ အခက်အခဲဖြစ်နေကြသော လူနာများ၊ ဆေးရုံဆေးခန်း သွားရောက်ပြသရန် အလှမ်းဝေးလို့ ဆေးခန်းပြရန် အခက်အခဲရှိနေသော လူနာတွေအတွက် ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို အဓိကရည်ရွယ်သည်ဟု သိရသည်။

ချင်းတယ်လီကျန်မားမှာ ဆေးခန်းပြမည်ဆိုပါက အရင်ဆုံး မိမိဖုန်းထဲမှာ Telegram application ကို ကြိုတင် Download ထားရန်လိုအပ်ပြီး Messenger မှာ ဘိုကင်တင်ပီး Telegram မှာ ဆေးခန်းပြရမည်ဖြစ်သည်။

နံနက် (၁၀) နာရီမှ ည (၄) နာရီအတွင်း Messenger မှာ ဆေးခန်းပြဖို့ ဘိုကင်ယူနိုင်ပြီး ဘိုကင်ယူပြီးသွားပါက လူနာအမှတ်၊ ပြသရမယ့်အချိန်၊ ပြသရမယ့်ဆေးခန်း Telegram link ကို Messenger ကတဆင့် ပြန်လည်ပို့ပေးမှာဖြစ်သည်ဟု သိရသည်။

ထို့နောက် ဆေးခန်းပြရမယ့်အချိန်မှာ Messenger က ပို့ထားသော Telegram link ကိုနှိပ်ကာ Telegram Message Box ကနေ လူနာအမှတ် ရိုက်ပို့ပေးရမည်ဖြစ်သည်။

ချင်းတယ်လီကျန်းမာဆေးခန်းကို အပတ်စဉ် တနင်္လာမှ သောကြာအတွင်း နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လက်ခံဖြေကြား ဆွေးနွေးကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။

ဆေးခန်းပြသည့်အခါ ရောဂါအခြေအနေအရ လိုအပ်လာခဲ့ပါက လူနာများကို အထူးကုဆရာဝန်များထံမှ အကြံဉာဏ်တောင်းခံပေးခြင်း၊ တိုက်ရိုက်ဆေးခန်း ပြသပေးခြင်းများ ပြုလုပ်ပေးသွားမှာဖြစ်သည်ဟု Chin Telehealth က ထုတ်ပြန်ထားသည်။

https://www.facebook.com/chintelehealth
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.