Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်တက်သော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေ

ချင်းတောင်တက်သော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေ

0
By Editor on March 13, 2023 Headline

ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်က CDF-CDM Siyin နှင့် MEDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၆ ဦးပွဲချင်းသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ဖလမ်းဘက်သို့ဦးတည်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယင်းနေ့တရက်တည်းတွင် မနက်ပိုင်း ၈ နာရီခွဲမှ ညနေပိုင်း ၄ နာရီအထိ (၁၀) ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အသေအပျောက်များသည်ဟု Chinland Defense Force CDM Siyin မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်ဖြင့် ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာခဲ့ကြခြင်းဖြစ်သည်။

ကလေး- တီးတိန်လမ်းမကို အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ဟားခါး၊ ဖလမ်း-သိုင်းငင်းလမ်းပိုင်းကိုမှု လုံးဝသွားလာခြင်းမပြုလုပ်ရန် Chinland Defense Force CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.