Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းတောင်တန်းပေါ်က ပြည်သူ့တရားရုံး

ချင်းတောင်တန်းပေါ်က ပြည်သူ့တရားရုံး

0
By Editor on October 28, 2022 Featured

ရေး – Salai Vakok

ဦး Cho Chin က မင်းတပ်မြို့နယ်တရားစီးရင်ရေးအဖွဲ့၏ သုံးပါးထိုင် တရားသူကြီးများအနက် တစ်ဦးဖြစ်သကဲ့သို့ အဆိုပါဌာန၏ တာဝန်ခံတစ်ဦးလည်းဖြစ်သည်။

ခုခံတော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်အောက် လည်ပတ်နေသော တရားရုံးများကို၊ လူထုက မှုခင်းကိစ္စရပ်များ သွားရောက်မဖြေရှင်းဘဲ၊ စစ်ကောင်စီယန္တရား မလည်ပတ်နိုင်ရန် အခက်အခဲပေါင်းစုံဖြင့် တရားစီရင်ရေးဆောင်ရွက်နေသော၊ ချင်းပြည်နယ်၏ မြို့နယ်တရားရုံးများစွာတွင် Cho Chin တို့ တရားရုံးလည်း ပါဝင်သည်။

ဦး Cho Chin တို့တရားစီရင်ရေးအဖွဲ့က မင်းတပ်မြို့နယ်အတွင်း အမှုပေါင်း ၁၂၀ ကျော်ကို ၁၀ လတာအတွင်း ဖြေရှင်းထားပါပြီ။

လူထုအတွင်း ဖြစ်လာသော မှုခင်းကိစ္စရပ်များကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ခြင်းမရှိပါက စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပြစ်မှု၊ မှုခင်းများ ပိုမိုများပြားလာနိုင်ပြီး၊ အုပ်ချုပ်ရေးအာဏာလည်း သက်ရောက်နိုင်မည် မဟုတ်သောကြောင့်၊ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့- တရားစီရင်ရေးဌာကို ဖွင့်လှစ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့ကနေ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့ ရပ်ရွာအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ရယ်၊ တိုင်းတန်ခံရတဲ့ တရားခံတွေရဲ့ အခွင့်အရေး ပေးဖို့ရယ် အဲဒီအချက်တွေကို ထည့်သွင်းစဉ်း စားပြီးတော့မှ တရားစီရင်ရေးယန္တရားကို အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပါတယ်” ဟု တရားစီရင်ရေးတာဝန်ခံ ဦး Cho Chin က ပြောသည်။

မင်းတပ်မြို့နယ်တရားစီရင်ရေးအဖွဲ့တွင် တရားသူကြီး အနည်းဆုံး ၂ ဦးမှ ၅ ဦးအထိ ပါဝင်ပြီး ရုံးအဖွဲ့ဝင်တချို့နှင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင် တရားသူကြီး ၃ ဦးဖြင့် လည်ပတ်နေသည်။

တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်ရန် မင်းတပ်မြို့နယ်၏ တိုက်နယ်ကျေးရွာ (၉) ခုတွင်လည်း ဖြန်ဖြေရေးရုံးများ ထားရှိပြီး အဖွဲ့ဝင် အနည်းဆုံး ၅ ဦးမှ ၇ ဦးထက် မပိုဘဲ ဖွဲ့စည်းခွင့်ရှိသည်။ အဖွဲ့ဝင်များမှာ ချင်းဓလေ့ထုံတမ်းဥပေဒေကို နားလည်ကျွမ်းကျင်မှု၊ ရပ်ရွာက ကြည်ညိုလေးစားပြီး ဩဇာညောင်းသူဖြစ်မှု၊ စစ်ကောင်စီကို မပူးပေါင်းမှု စသဖြင့် သတ်မှတ်ထားသည်။

မင်းတပ်မြို့နယ်တရားစီရင်မှုတွင် အခြေခံအဖြစ် တိုက်နယ်ဖြန်ဖြေရေးရုံးများက စီရင်ဆောင်ရွက်ခြင်းဖြစ်ပြီ ၎င်းတို့ မပြီးပြတ်သော အမှုများကို မြို့နယ်တရားရုံးသို့ လာစေပါသည်။ ဖြန်ဖြေရေးရုံးများကို တရားစီရင်ခွင့် အာဏာ (ထောင်ဒဏ်/ငွေဒဏ်) မပေးထားဘဲ ဓလေ့ထုံတမ်းနှင့်အညီ မှုခင်းများကို ဖြေရှင်းပိုင်ခွင့်၊ ကြေအေးပိုင်ခွင့် ပေးထားသည်။

၁၉၄၈ ခုနှစ် ချင်းဒေသအက်ဥပဒေကို အခြေခံ၍ ရာဇတ်သတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ စသည်တို့ကို အဓိက ထားပြီး၊ ချင်းဓလေ့ထုံတမ်းဥပဒေနှင့်ပါ အမှုတွေကို စီရင်ဆုံးဖြတ်နေခြင်း ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းခဲ့သည် ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့၏ တရားစီရင်ရေးတာဝန်ခံများက ပြောသည်။

“ရာဇသတ်ကြီးကို အဓိက အသုံးပြုပါတယ်။ စီရင်မှုတွေ လုပ်တဲ့အခါမှာလည်း လူအခွင့်အရေးကို အမြဲတမ်းကြည့်ပါတယ်။ ချင်းဓလေ့ထုံးတမ်းဥပဒေတွေနဲ့ ပေါင်းပြီးတော့၊ ကြည့်ပြီးတော့ တရားစီရင်ဆုံးဖြတ်မှုတွေ လုပ်ပါတယ်” ဟု ဟားခါးမြို့နယ် ပြည်သူ့တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဟားခါးမြို့နယ်တရားရုံးသည် အမှုပေါင်း (၃၀) ကျော်ကို စီရင်ဆုံးဖြတ်ထားပြီး ဆက်လက်စစ်ဆေးနေဆဲ အမှုများလည်းရှိသည်။ Non-CDM ၊ တင်ဒါကိစ္စ နှင့် စုံစမ်းစစ်ဆေးရေးကိစ္စတွေကို ပြည်သူ့တရားရုံးက ဖြေရှင်းရန် မူဝါချမှတ်ထားသည်။

ဟားခါးမြို့နယ် ပြည်သူ့တရားရုံးကို တရားသူကြီး ၃ ဦးမှ ၅ ဦးအထိ ထားရှိမည်ဖြစ်ပြီး လက်ရှိတွင် တရားဥပဒေ ကျွမ်းကျင်သူနှင့် ပညာတတ်တချို့ဖြင့် ယာယီဖွဲ့စည်း၍ လည်ပတ်နေသည်။ ဟားခါးမြို့နယ် တိုက်နယ် (၄)ခုတွင်လည်း တရားရုံးများ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံမှာ မြို့နယ်တရားရုံးနှင့် အတူတူဖြစ်သော်လည်း တရားစီရင်ပိုင်ခွင့်မှာ အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။ တိုက်နယ်တရားရုံးများက စီရင်ပိုင်ခွင့်မရှိသော အမှုများကို မြို့နယ်တရားရုံးက စီရင်ခြင်းဖြစ်သည်။

“ပြည်သူ့အရေးကို ပြည်သူကပဲ ဖြေရှင်းပေးချင်တယ်။ ဒါကြောင့်မို့ ဒီတရားရုံးတွေကို ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်”

ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ဖွင့်လှစ်ထားသော ပြည်သူ့တရားရုံးများကို ကျေးလက်ဒေသက အများဆုံး အမှုတိုင်းတန်၊ဖြေရှင်းကြပြီး မြို့ပေါ်လူထုတချို့လည်း လာရောက်တရား ရင်ဆိုင်ကြကြောင်း၊ စစ်ကောင်စီလက်အောက်က တရားရုံးတချို့မှာ အာဏာမသိမ်းမှီက မှုခင်းတချို့ကိုသာ စီရင်ဆုံးဖြတ်နေပြီး လူထုယုံကြည်မှု နည်းပါးကြောင်း ပြည်သူ့တရားရုံးက တာဝန်ရှိသူများနှင့် ဒေသခံတချို့က ပြောသည်။

“ဟားခါးမြို့နယ် စစ်ကောင်စီတရားရုံးက တော်လှန်ရေးမှာပါဝင်တဲ့ သူ တွေကိုပဲ တရားစွဲတဲ့ နေရာမှာ အသုံးချပါတယ်။ ကျန်တဲ့ ကိစ္စတွေမှာ ဖြေရှင်းတာတော့ မရှိသလောက်ပဲလို့ ကြားပါတယ်” ဟု ဟားခါးပြည်သူ့တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ပြည်သူ့တရားရုံးတချို့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သော်လည်း၊ ဖက်ဒရယ်တရားရေးအရ သွားရမည်ဖြစ်၍ ကြားကာလချင်းအမျိုးသားကောင်စီ ဆီသို့ သွားရန် ညွှန်ကြားသော်လည်း အချိတ်အဆက်မရခဲ့ပါ။ သို့အတွက် ချင်းတစ်ပြည်နယ်လုံးအတွက် စနစ်တစ်ခုကို ဖော်ဆောင်ရန် အခက်အခဲ ဖြစ်နေကြောင်း တရားရုံးတာဝန်ခံများက ပြောသည်။

“စနစ်တစ်ခုကို ကောင်းကောင်းမွန်ဖြစ်စေချင်ပေမဲ့ ICNCC ဘက်ကလည်း ကျနော်တို့ ဘက်ကို ဆက်သွယ် ဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် ကျနော်တို့ ဘက်ကလည်း အတည်ပြုရတာ အခက်အခဲဖြစ်စေတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့တရားရုံး တာဝန်ခံ Cho Ching က ဆိုသည်။

မင်းတပ်ပြည်သူ့တရားရုံးအပါအဝင် တချို့ မြို့နယ်တရားရေးအဖွဲ့များသည် တရားစီရင်ရေးရုံး အတည်တကျ မရှိသောကြောင့် မိုးဘိုင်စနစ်ဖြင့် တိုက်နယ်များမှ တက်လာသော မှုခင်းများကို သွားရောက် စီရင်နေရပြီး အမှုစစ်ဆေးစီရင်ရာတွင် နေရာခက်ခဲလျက်ရှိကာ သွားလာရေး၊ လုံခြုံရေး အခက်အခဲများ ရင်ဆိုင်နေရသည်။

တချို့မြို့နယ်တရားရုံးများသည် လူသတ်မှုကဲ့သို့ ပြစ်မှုကြီးများကို စီရင်ရပြီး ပြစ်ဒဏ်စီရင် ချမှတ်ပြီးသူများနှင့် သံသယတရားခံများကို ထိန်းသိမ်းရန် အကျဉ်းစခန်း (သို့မဟုတ်) အချုပ်ထောင် မရှိပါ။

နောက်ထပ် အခက်အခဲမှာ အလှုငွေထောက်ပံ့မှုက ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးသို့ ထောက်ပံ့မှုရသော်လည်း မြို့နယ်တရားရုံးများမှာ မရရှိပါ။ ကိုယ်ထူကိုယ်ထ လည်ပတ်နေရပြီး ရေရှည်တွင် ရပ်တည်ရေး အခက်အခဲကြုံနေကြရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော Chinland Joint Defense Committee (CJDC) ကလည်း ပြည်သူ့တရားစီရင်ရေးနှင့် ပတ်သက်၍ မူဝါဒချမှတ် လမ်းညွှန်ထားမှုလည်း မရှိသောကြောင့် သက်ဆိုင်ရာ ချင်းကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် တစ်ဖွဲ့ချင်းစီအလိုက် မူဝါဒချမှတ်ပြီး ဆောင်ရွက်နေရသည်ဟု ပြည်သူ့တရားရုံးဖော်ဆောင်နေသူများက ပြောသည်။

Chinland Joint Defense Committee (CJDC) သည် ချင်းအမျိုးသားစုံလင်အစည်းအဝေးကို အမြန်ဆုံးကျင်းပနိုင်ရန် စီစဉ်ထားပြီး၊ အဆိုပါအစည်းအဝေးပြီးမှ ချင်းပြည်အုပ်ချုပ်ရေးပုံစံ ပေါ်လာမည်ဖြစ်ကာ၊ တရားစီရင်ရေးကို မည်ကဲ့သို့ ထားကြမည်ကို ဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုရန် လျာထားကြောင်း CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းထွန်းဦးက ပြောသည်။

“လောလောဆယ်မှာတော့ CJDC မှာ ဆွေးနွေးထားတာမျိုး မရှိဘူး။ မူဝါဒပိုင်းဆိုင်ရာနဲ့ လမ်းညွှန်တာလည်း မရှိသေးပါဘူး။ ချင်းစုံညီအစည်းအဝေးကိုတော့ အမြန်ဆုံး ကျင်းပဖို့တော့ ရှိပါတယ်။ ပြင်ဆင်ပြီးသာ အနေအထားမှာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၏ မြို့နယ်အားလုံးတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက သက်ဆိုင်ရာြမို့နယ်အလိုက် တရားစီရင်ရေးကို ဖွဲ့စည်းဆောင်ရွက်နေကြသည်ဟု CJDC က ဆိုသော်လည်း မတူပီ-CDF ကဲ့သို့ တချို့အဖွဲ့များမှာ ဖွဲ့စည်းထားသော်လည်း အခက်အခဲပေါင်းစုံဖြင့် လက်တွေ့ မလည်ပတ်နိုင်သေးပါ။

မြန်မာတစ်နိုင်ငံလုံးတွင် စစ်အာဏာရှင်ကို တော်လှန်နေသော ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူ့တရားစီရင်ရေးများကို ဖော်ဆောင်နေပြီး စစ်ကိုင်းနှင့်မကွေးဒေသကြီးရှိ မြို့နယ် (၁၅) ခုတွင် ဖွင့်လှစ်ထားသည်။

ကသာနှင့်ကောလင်းတွင် မြို့နယ်တရားရုံးဖွင့်လှစ်၍ ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါ တရားရုံးများသည် တရားသူကြီးတစ်ဦးတစ်ယောက်ထဲက မဟုတ်ဘဲ သုံးပါးထိုင် စနစ်ဖြင့် စီရင်ဆုံးဖြတ်နေကြောင်း NUG တရားရေးဝန်ကြီးဌာနက ပြောထားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ အစိုးရယန္တရားပြိုကျအောင် ဆောင်ရွက်နေရာတွင် ဦး Cho Chin တို့၏ ပြည်သူ့တရား ရုံးတွေက တရားဥပေဒစိုးမိုးရေးလုပ်ငန်းတွေမှာ အခက်အခဲပေါင်းစုံနှင့်ပါ။ ပြည်သူ့တရားရုံး တွေက ပြည်သူတွေအတွက် ဖြစ်သောကြောင့် ပြည်သူတွေ ယုံယုံကြည်ကြည် အားကိုး၍ ရပါသည်ဟု ပြည်သူ့တရားရုံးဖော်ဆောင်သူတွေက နှိုးဆော်ကြသည်။

မင်းတပ်မြို့နယ် ပြည်သူ့တရားရုံးက လာမည့်လတွေအတွင်း နံပါတ် (၁) တရားစီရင်ရေးရုံး တည်ဆောက်ဖို့၊ နံပါတ် (၂) ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အကျဉ်းထောင်တည်ဆောက်ဖို့ ပြင်ဆင်နေပြီး စကစ၏ အစိုးရယန္တရား မလည်ပတ်နိုင်အောင် ကြိုးစားနေသည်ဟု ပြည်သူ့တရားရုံးတာဝန်ခံက ပြောသည်။

“တော်လှန်ရေးကာလဖြစ်နေတဲ့အတွက်ကြောင့် ပြည်သူတွေဖြစ်နေတဲ့ အမှုတွေကို စကစတရားရုံးကိုမသွားပဲနဲ့ ပြည်သူတွေလည်း စီဒီအမ် လုပ်စေချင်ပါတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.