Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်တွင် မြို့သိမ်းတိုက်ပွဲစတင်၊ စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပထမဆုံးသိမ်းပိုက်

ချင်းတောင်တွင် မြို့သိမ်းတိုက်ပွဲစတင်၊ စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပထမဆုံးသိမ်းပိုက်

0
By Editor on November 14, 2023 Headline

(006SV)

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို စတင်လာပြီး စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အိန္ဒိယ-မြန်မာနယ်စပ်က ရိခေါဒါရ်မြို့ကို ယမန်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်သည်ဟု ချင်းအမျိုးသားတပ်ဦး ဆလိုင်းထက်နီက ပြောသည်။

“စစ်ကောင်စီကို စီးပွားရေးအရ အထောက်အပံ့ ပြုနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြို့ဖြစ်တဲ့ အတွက် ကျနော်တို့ ဝင်သိမ်းတာဖြစ်တယ်။ သူတို့အတွက် အရေးကြီးသလို ကျနော်တို့အတွက်လည်း အင်မတန်မှ ဗျူဟာကျတဲ့ မြို့ဖြစ်တယ်။ ဒါက ပထမဦးဆုံး မြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်။ ဆက်လက်ထိန်းနိုင်ဖို့က ပြည်သူ ပူးပေါင်းပါဝင်မှု ကျနော်တို့ ဘက်က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စုစည်းနိုင်မှု အားက အများကြီးလိုပါတယ်။ အတတ်နိုင်ဆုံးပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်က ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ က စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ မြို့တောင်ကုန်းပေါ်က အထိုင်းစခန်းကြီးတစ်ခုကို နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ သိမ်းနိုင်ခဲ့ပြီး အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စစ်စခန်းကို ညနေပိုင်းမှာ ထပ်မံသိမ်းနိုင်ခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ကို ထိန်းချုပ်ထား၍ နယ်မြေ ရှင်းလင်း ရေးများ ဆောင်ရွက်ကာ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုး သားတပ်ဦး CNF အလံကို လွှင်ထူထားသည်ဟု တွေ့မြင်ရသည်။

ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA၊ CDF – Hualngoram ၊ CDF- ထန်တလန်၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDA)၊ CDF -Zanniatram (ဇန်ညှက်ရမ်) စသည့် (၅) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး CNF/CNA မှ ရဲဘော် ၅ ဦး၊ PDA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တချို့မှာ ဒဏ်ရာများ ပြင်းထန်သည်ဟု သိရသည်။

စစ်စခန်း (၂) ခုမှ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားနှင့် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အတိအကျ မသိရသေးကြောင်း ဆလိုင်းထက်နီက ပြောသည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူး ၁ ဦး အပါအဝင် (၇) ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး တပ်သား (၃၀) ကျော်မှာ အိန္ဒိယဘက်သို့ ထွက်ပြေး၍ အိန္ဒိယအာဏာပိုင်များက ထိန်းသိမ်းထားသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် ပြည်သူများ မိုင်းအန္တရာယ်ကို ရှောင်းရှားနိုင်ရန် ရိဒ်ခေါဒါရ်မြို့ အမှတ် (၁)၊ အမှတ် (၂) ကို ဆက်သွယ် ထားသည့် လမ်းကြောင်းများ အားလုံးကို အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ထားသည်ဟု ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် CDF Hualngoramက ထုတ်ပြန်သည်။ 

“မနေ့က တိုက်ပွဲက စခန်း ၂ ခုကို သိမ်းပြီးတော့ စစ်တပ်က လေကြောင်းလိုင်းကနေ ပြည်သူတွေကို တခြားဒေသတွေလိုမျိုး လေယာဉ်နဲ့ ဗုံးကြဲတာမျိုး ရှိနိုင်တယ်။ စစ်တပ်က ဆင်ထားတဲ့ ဗုံးတွေက အန္တရာယ်ရှိတဲ့ နေရာတွေ ရှိနိုင်တယ်။ ဒါကြောင့် သွားသွားလာလာ မရှိအောင် တားမြစ်ခြင်း ဖြစ်ပါတယ်။ ဒီကာလမှာ ကျနော်တို့ တပ်ပေါင်းစုက စခန်း ၂ ခုရယ်၊ စစ်သားတွေ ထွက်ပြေးသွားတဲ့ လမ်းကြောင်းရယ်မှာ နယ်မြေ ရှင်းလင်းရေး လုပ်မှာဖြစ်ပါတယ်” ဟု CDF- Hualngoramမှ  ပြောရေး ဆိုခွင့်ရှိသူ Pu Kima က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့ သောကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံဘက်တွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့သောကြောင့် စစ်ဘေးရှောင်တစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ရိဒ်ခေါ်ဒါရ်မြို့ ဒေသခံပြည်သူများအားလုံးနီးပါး တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.