Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်ပိုင်းမြို့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်၍ မကွေး- ကန်ပက်လက် လမ်းပိုင်းများ ယာယီပိတ်
ပုံအဟောင်း

ချင်းတောင်ပိုင်းမြို့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်၍ မကွေး- ကန်ပက်လက် လမ်းပိုင်းများ ယာယီပိတ်

0
By Editor on August 21, 2025 Headline

(006SV)

ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းမြို့များကို အချိန်မရွေးထိုးစစ်ဆင်ရန် စစ်ကော်မရှင် တပ်များက အင်အားအလုံးအရင်းဖြင့် ပြင်ဆင်နေ၍ မကွေးမှ ကန်ပက်လက်သို့ ဝင်နိုင်သော လမ်းအားလုံးကို ယာယီပိတ်လိုက် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF ကန်ပက်လက်က ကြေညာသည်။

“အခုစစ်ကြောင်းက တကယ်လို့ ချင်းတောင်ဘက်ကို ဦးတည်မယ်ဆိုရင် ဗျူဟာကျကျ စစ်ဆင်ရေး လုပ်ချင်တဲ့ သဘောလို့ သုံးသပ်ရပါတယ်။ ပေါက်ဘက်ကနေ တက်လာတဲ့ စစ်ယာဉ်တန်းက အင်အားအလုံးအရင်းနဲ့ ထောင်ဂဏန်းနဲ့ တက်လာတာ ဖြစ်တယ်။ အဲဒါအပြင် ဆိပ်ဖြူဘက်က အင်အားရယ်၊ လောင်းရှည်ကပစက အင်အားရယ်ဆိုရင် သူက ယောနယ်တလျှောက်ကိုပဲ စစ်ရေးအင်အားပြပြီးမှ လှုပ်ရှားမှု တစ်ရပ်လုပ်ပြီးမှ ပြန်ဆုတ်မလား၊ ဒါမှမဟုတ် ချင်းတောင်ကို စစ်ဆင်ရေး ဆက်လုပ်မလားဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ ဘက်ကတော့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထုတ်ပြန်တာပါ” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေက ပြောသည်။

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ချင်းညီနောင် သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ်များသို့ မကွေးတိုင်း၊ ယောဒေသမှတဆင့် အင်အားအလုံးအရင်းဖြင့် အချိန်မရွေး ပြန်လည် ထိုးစစ်ဆင်၊ တိုက်ခိုက်နိုင်ရန် ဦးတည်ချဉ်းကပ်လာနေသည်ဟု CDF – ကန်ပက်လက်က ဩဂုတ်လ ၂၀ ရက်မှာ ကြေညာသည်။

မကွေးတိုင်း၊ လောင်းရှည်ကပစ (၂၅) မှ စစ်ကောင်မရှင်တပ် အင်အား ၈၀၀ ဝန်းကျင်ခန့်၊ ဆိပ်ဖြူဖက်မှ အင်အား ၄၀၀ ခန့်၊ ပေါက်မြို့ကို ရောက်ရှိလာပြီဖြစ်သည့် ပခုက္ကူတပ်မ (၁၀၁) မှ တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီး ပါဝင်သော အင်အားထောင်ဂဏန်းရှိ စစ်ယောဉ်တန်းသည် ချင်း- မကွေးအစပ်တွင် စစ်ရေးပြင်ဆင်နေပြီဖြစ်သည်။

ထို့ကြောင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆွဲလွဲကျင်း- ကျင်ဒွေးလမ်းပိုင်း နှင့် ဆော- ကန်ပက်လက် လမ်းပိုင်းများအပြင် မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်သော လမ်းပိုင်းများကို ဩဂုတ်လ ၂၀ ရက်မှာ စတင်၍ တစ်စုံတရာ ပြန်လည်ထုတ်ပြန်ခြင်း မရှိသရွေ့ ယာယီပိတ်ထားမည်ဟု အသိပေးထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် အချိန်မရွေး စစ်ကော်မရှင်တပ်မှ ထိုးစစ်ဆင်လာနိုင်သောကြောင့် စစ်ရေးသတိဖြင့် ကြိုတင်ပြင်ဆင်ကြရန်နှင့် အချိန်မရွေး နေရာမရွေး တိုက်ခိုက်လာနိုင်သော လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေး လေကြောင်း ဒဏ်ခံ ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ တူး၍ သတိဖြင့်‌ နေထိုင်ကြရန် CDF – ကန်ပက်လက်က နှိုးဆော်သည်။

“ဒါက ပြည်သူတွေအနေနဲ့ကလည်း ဖြစ်လာ၏၊ မဖြစ်လာ၏ကလည်း ကြိုတင်သတိထားပြီးမှ ကြိုတင်ပြင်ဆင်ကြဖို့ လိုမယ်။ စကစအနေနဲ့ CDF တွေသိမ်းပိုက်ထားတဲ့ နေရာတွေကို ပြန်ရချင်လို့ ထိုးစစ်ဆင်ချင်တာ ဖြစ်သလို၊ သူ့ရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက် ရက်ပေါင်း ၉၀ ကို ကြေညာတဲ့ နေရာမှာ ကျနော်တို့ဘက်ကို ရွေးကောက်ပွဲလုပ်နိုင်ဖို့ စစ်ရေးဖိအားနဲ့လည်း လုပ်လာနိုင်တယ်။ ကျနော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်သင့်တာကို ပြင်ဆင်ဖို့ ကျနော်တို့ အလုပ်ကို ကျနော်တို့ လုပ်ဖို့ ဖြစ်ပါတယ်” ဟု ချင်းညီနောင်အဖွဲ့၊ ပြန်ကြားရေးအဖွဲ့ဝင် ပီတာသန်းရွှေက ပြောသည်။

စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နိုင်ရေးအတွက်လည်း ခိုင်ကမ်းမြို့တွင် စစ်ဗျူဟာမှူး ထိုင်ပြီး စစ်ရေးပြင်ဆင်နေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အာဏာသိမ်းထားသည့် စစ်ကော်မရှင်သည် ချင်းအင်အားစုများအပါအဝင် တော်လှန်ရေးအင်အားစုများက နိုင်ငံတဝန်းမှာ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ် ၆၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ဩဂုတ်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။

ချင်းပြည်တောင်းပိုင်းက ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီမြို့များကို ချင်းညီနောင်အဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာများ လည်ပတ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.