Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ULA/AA ထည့်သွင်း

ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ULA/AA ထည့်သွင်း

0
By Editor on June 12, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်းသတ်မှတ်လိုက် ကြောင်း သိရသည်။

အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ယနေ့ ဇွန် ၁၂မှာ ရေးသားဖော်ပြသည်။

အာရက္ခတပ်တော် ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ကို ယခင်က စစ်ဒေသအလိုက် ဖွဲ့စည်းအုပ်ချုပ်ခဲ့သော်လည်း ယခုလက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်စသည့် စီမံအုပ်ချုပ်မှု အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းသို့ ဖွဲ့စည်းသတ်မှတ်ရသည့် ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ULLA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနက ယနေ့ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက သတင်းဖော်ပြပြီး နာရီပိုင်းအကြာတွင် ပြန်ဖြုတ်ချသွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမှီ ၂၀၂၁ မတိုင်မီက ရခိုင်ပြည်နယ်ကို ခရိုင် ၇ ခုဖြစ်သည့် စစ်တွေခရိုင်၊ မောင်တော ခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မြောက်ဦးခရိုင်၊ အမ်းခရိုင်နှင့် တောင်ကုတ်ခရိုင်တို့ဖြင့် ဖွဲ့စည်းထားသည်။

ချင်းပြည်အရေးဆောင်ရွက်နေသည့် ချင်းအရေးတက်ကြွလှုပ်ရှားသူ ကိုထားသွောင် ကတော့ အာရက္ခတပ်တော် ULA/AA သည် လုံးဝ မလုပ်သင့်သော ကိစ္စကို လုပ်ဆောင်ခြင်းဖြစ်ပြီး လက်နက်ဖြင့် ကိုယ်တိုက်ယူ၍ ရသော ဒေသကို အပိုင်အဖြစ် သတ်မှတ် ခြင်းသည် တိုင်းရင်းသားအချင်းချင်းကြားက ထားရှိအပ်သော သဘေားထားကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောသည်။

“ULA/AA အနေနဲ့ ဒီလိုပဲ တကယ်ပြဌာန်းလိုက်တယ်ဆိုရင် ဒါက လုံးဝမသင့်တော်တဲ့ ကိစ္စတခုဖြစ်ပါတယ်၊ ဆိုလိုတာက အခုဆင်နွဲနေကြတဲ့ အာဏာရှင်ဖြုတ်ချရေး ဆိုတဲ့မူနဲ့လည်း တက်တက်စင်အောင် လွဲသွားပြီဆိုတာပါပဲ။ ကိုယ်တိုက်ယူတဲ့ နေရာဒေသကို ကိုယ့်အပိုင်လို့ တွေးကြေးဆိုတဲ့ သဘောကို မျက်ဝါးထင်ထင် လုပ်လိုက်တာ တိုင်းရင်းသားအချင်းချင်းအကြားက ထားရှိအပ်တဲ့ သဘောထားတွေကို ရိုက်ချိုးတာဖြစ်ပါတယ်” ဟု ကိုထားသွောင်က ပြောသည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.