Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်ပိုင်း ၄ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ကြေညာ

ချင်းတောင်ပိုင်း ၄ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ကြေညာ

0
By Editor on September 15, 2025 Headline

(006SV)

ချင်းပြည်နယ်၏ မြို့နယ် ၉ မြို့နယ်တွင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ နှင့် ပလက်ဝ စသည့် ၄ မြို့နယ်မှာ လာမည့် ရွေးကောက်ပွဲကို ကျင်းပနိုင်မည်မဟုတ်ကြောင်း စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်က ကြေညာသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသား လွတ်တော် မဲဆန္ဒနယ် ၉ နယ်၊ တိုင်းနှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲများ ကျင်းပနိုင်မည် မဟုတ်ကြောင်း ကြေညာရာမှာ ချင်းပြည်နယ်တောင်ပိုင်းက ၄ မြို့နယ် ပါဝင်ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်က မြို့ပေါ်တချို့ကို ထိန်းချုပ်ထားနိုင်သည့် ဟားခါး နှင့် တီးတိန်မြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပ သွား မည်ဟု ဩဂုတ်လက ကြေညာထားသော်လည်း လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ဖလမ်း၊ တွန်းဇံ နှင့် မြို့ပေါ်မှာ စစ်တပ်နှင့် ချင်းလက်နက်ကိုင်တပ်သာ ရှိသော ထန်တလန်မြို့တို့သည်လည်း ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းထဲ ပါဝင်လာသည်ဟု နားလည်ရသည်။

“ဒီအခြေအနေက နိုင်ငံရေး ကစားကွက်လို့ ပြောလို့ ရတယ်။ ဘာလို့လဲဆိုရင် လက်ရှိရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၁၀၂ မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကို အဓိကချိန်းထိုးကစားမှာ ဖြစ်လို့ ပြည်သူ့လွတ်တော်က ၁၀၂ ဦး ထွက်မယ်။ အမျိုးသားလွတ်တော်က ၁၃ နေရာ ရှိမယ်။ ဆိုလိုတဲ့ သဘောက ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ယူထားပြီးပြီ။ လက်ရှိ ကျင်းပမယ့် ရွေးကောက်ပွဲက ၂၆ ရာခိုင်နှုန်း ရရင် ၅၁ ရာခိုင်နှုန်းသဘောနဲ့ သူက အစိုးရတော့ ဖွဲ့လို့ ရသွားမယ်။ သဘောက ပထမအပိုင်း ရွေးကောက်ပွဲကနေ လွတ်လွတ်လပ်လပ်နဲ့ အစိုးရ ဖွဲ့ပါလိမ့်မယ်။ ဒုတိယအပိုင်းကတော့ ဖြစ်ချင်မှ ဖြစ်လိ့မ်မယ်။ ချင်းတောင်ပိုင်း ၄ မြို့နယ် အနေအထားအရ ဒီရွေးကောက်ပွဲမှာ မပါဝင်ရင်တောင်မှ သူတို့က လွတ်လွတ်လပ်လပ်နဲ့ အစိုးရ ဖွဲ့မယ့် နိုင်ငံရေးကစားကွက်ကို ပုံဖော်ပေးလိုက်တာပါပဲ။ ဟားခါး၊ ထန်တလန်ဘက်တွေ ကျင်းပမယ်ဆိုတာကလည်း သူတို့ ထိန်းချုပ်တဲ့ နယ်မြေကနေ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပလို့ ရတယ်လို့ ပြလိုက်တာပါ” ဟု ဖက်ဒရယ်ရေး လေ့လာသုံးသပ်သူ ဆလိုင်းရှိန်းထွန်းက ပြောသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်စာရင်းတွင် ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၅၆ မြို့နယ်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ချင်းပြည်နယ်က ပလက်ဝခရိုင်(မဲဆန္ဒနယ် အမှတ် ၂) ၊ မတူပီခရိုင် (မဲဆန္ဒနယ်အမှတ် ၄) ၊ မင်းတပ်ခရိုင် (မဲဆန္ဒနယ်အမှတ် ၅) အပါအဝင် တိုင်းနှင့်ပြည်နယ်က မဲဆန္ဒနယ် ၉ ခုမှာ ကျင်းပနိုင်မည် မဟုတ်ကြောင်းသိရသည်။

ချင်းပြည်နယ်လွှတ်တော်အတွက် ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၅၆ မြို့နယ်မှာ ကျင်းပနိုင်မည် မဟုတ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲတွင် ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွတ်တော် မဲအများဆုံး ရသူအနိုင် ယူစနစ် (PFTP) မဲဆန္ဒနယ် ၇၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် ၊ တိုင်းနှင့် ပြည်နယ် လွှတ်တော်မဲ ဆန္ဒနယ်တွင် PFTP မဲဆန္ဒနယ် ၂၂၆ နယ်၊ PR မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု သိရသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို ကျင်းပရန် အရှိန်မြင့် ဆောင်ရွက်နေချိန်တွင် တော်လှန်ရေးအင်အားစုများဘက်က နည်းဗျူဟာ ကျကျ မည်ကဲ့သို့ တုန့်ပြန်ဆောင်ရွက်မည်ကို ဆောင်ရွက်ချက်မျိုး မတွေ့ရကြောင်း ဖက်ဒရယ်ရေး လေ့လာသုံးသပ်သူ ဆလိုင်း ရှိန်းထွန်းက ပြောသည်။

“ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ အဖွဲ့အစည်း အသီးသီးရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။ တဖက်က ဒီမိုကရေစီ ဖြစ်စဉ်မှာ ရွေးကောက်ပွဲ အရေးကြီးတယ်လို့ မြင်တဲ့ အုပ်စုဘက်က ဆိုရင် ဒီရွေးကောက်ပွဲကို သွားကန့်ကွက်ရင် ဒီမိုကရေစီကို မလိုလာဘူး ဆိုပြီး သွားသက်ရောက်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ သူရဲ့ ရပ်တည်ချက်အပေါ်မှာ ရပ်တည်တဲ့ အုပ်စုအနေအထားနဲ့က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သဘောထား ထုတ်ပြန်ချက်အနေအထားမျိုးတော့ ထုတ်ပြန်လို့ ရပါလိမ့်မယ်။ သို့သော်လည်း နည်းဗျူဟာ ကျကျ ဒီရွေးကောက်ပွဲကို ဘယ်လို counter လုပ်မလဲ ဆိုတာ ဘယ်အဖွဲ့အစည်းမှ မရှိဘူးဆိုတာ သုံးသပ်တွေ့မိတယ်” ဟု ဆလိုင်းရှိန်းထွန်းက ပြောသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်သော နယ်မြေများကို ကြေညာထားပြီ ဖြစ်သောကြောင့် နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ရက်များကို စက်တင်ဘာလ ၁၄ ရက်က ကြေညာသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို စက်တင်ဘာလ ၈ ရက်မှစတင် တင်သွင်းနိုင်ပြီး အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့် စာရင်းမှာ စက်တင်ဘာလ ၂၂ ရက်ဖြစ်သည်ဟု သိရဿည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.