Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်တိုက်ခံရပြီး ၁၀ ဦးသေဆုံး

ချင်းတောင်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်တိုက်ခံရပြီး ၁၀ ဦးသေဆုံး

0
By Editor on January 18, 2022 Headline

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအ တိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီဖွဲ့သည် လမ်းခုလပ်တွင်ခြုံခိုတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CDM-Siyin တပ်ဖွဲ့ကထုတ်ပြန်သည်။

တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်း ဟိန်ဇင်နှင့် သိုင်ငင်းကျေးရွာအကြားတွင် ရှေ့ဆက်မတိုးနိုင်ပဲ ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကူညီရန် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ကလေးမြို့မှတက်လာသော စစ်ကား ၃ စီးနှင့် စက်သေနတ်ပါကားအသေး ၂ စီးကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNA, CDM Siyin, PDF-Zoland, Kalay PDF 3, Kalay PDF 9, Zomi PDF, Zongam Army, CDF-KKG-2 စသည်တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အမြောက်အများဒါဏ်ရာရရှိခဲ့ကြောင်း CDM-Siyin တပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောသည်။

“ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကူဖို့အတွက် ဒီနေ့ စကစက ကားသုံးစီးနဲ့ စက်သေနတ်ပါတဲ့ ကားအသေး ၂ စီး ကလေးမြို့ကနေတက်လာတယ်။ ကျွန်တော်တို့က ကြားထဲကနေဝင် တိုက်လို က်တယ်။ သူတို့ဖက်က အထိနည်းနည်းနာ တော့ သူတို့က ချက်ခြင်းပြန်ခေါက်သွားတယ်။ အနည်းဆုံး ၁၀ ယောက်ထက်မနည်း လုံးဝထိထားတယ်။ အမြောက်အများ ဒဏ်ရာရထားပေါ့။ ကျွန်တော်တို့ ဖက်ကတော့ အထိအခိုက်မရှိပါဘူး” CDM-Siyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တီးတိန်ကားလမ်းတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ကစ၍ ကလေးမြို့မှ ချင်းတောင်ဘက်သို့ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းချီ လာပြီး ထေးဇန်ကျေးရွာတွင် ညအိပ်တည်းခိုခဲ့ကြပြီနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ကစတင်ပြီး ချင်းပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဇန်နနဝါရီလ ၁၃ ရက်နေ့ကစ၍ ကလေး-တီးတိန်လမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၅ ရက်နေ့က ဂျက်တိုက်လေယာဉ်ပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကလေးတက္ကသိုလ်ဝင်းအတွင်းမှ ဘီးတပ်အမြောက်လက်နက်ကြီးဖြင့် ချင်းတောင် ဘက်သို့ စဉ်ဆက်မပြတ်ပစ်ခဲ့သည်။

ကလေး-တီးတိန်ကားလမ်းတလျှောက်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ယာဉ်လိုင်းပြေးဆွဲမှုများလည်းရပ်နားကာ ကုန်စည်စီးဆင်းမှုလည်းရပ်တန့်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ချင်းတောင်ဘက်သို့ အင်အားဖြည့်တိုက်ခိုက်နေစဉ်တွင် ယမန်နေ့ (ဇန်နဝါရီလ ၁၆) ရက်နေ့ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် (မြို့ပေါ် ပြောက်ကျားအဖွဲ့) တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက်မှ လူနေအိမ်တ စ်လုံးအပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.