Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တချို့ အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တချို့ အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

0
By Editor on July 14, 2023 Khonumthung

(05MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် ၃ ဦးအပါအ၀င် ချင်းလူမျိုး ၄ ဦးကို မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော်နဲ့အတူ ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီးရမိသည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်သည်။

အာသံရိုင်ဖယ်တပ်နှင့် Tuipang ရဲတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ ရှီဟာခရိုင် Zawngling ကျေးရွာအနီးတွင် ဇူလိုင် ၁၃ ရက်နေ့က ရှာဖွေစစ်ဆေးရာမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် ၃ ဦးနှင့် အခြားတစ်ယောက် စုစုပေါင်း ၄ ဦးကို ဖမ်းဆီးခဲ့သည် အာသံရိုင်ဖယ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ India Today က ဖော်ြပသည်။

၎င်းတို့ထံမှ ရူပီးငွေ ၉ သိန်းကျော်နဲ့ညီမျှသော မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော်နဲ့ ဆိုင်ကယ် ၃ စီး၊ စကားပြောစက်တစ်လုံး သိမ်းဆည်းရမိသည်ဟု ဆိုသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့၏ ဖော်ြပချက်အရ အဆိုပါငွေကြေးသည် လက်နက်၀ယ်ယူရန်ဖြစ်ပြီး ၎င်းတို့ကို Tuipang ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Vaikhawtlang ရွာဟောင်းတွင် အာသံရိုင်ဖယ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က မြန်မာနိုင်ငံသား ၂ ဦးအပါအ၀င် လူ ၄ ဦးထံမှ ဖောက်ခွဲရေးအတွက် အသုံးပြုသော ခဲယမ်းများ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.