Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးတပ် CDF- တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို ချင်းလဲန်းကောင်စီထံ တိုင်ကြားမည်ဟု PDA ဆို

ချင်းတော်လှန်ရေးတပ် CDF- တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို ချင်းလဲန်းကောင်စီထံ တိုင်ကြားမည်ဟု PDA ဆို

0
By Editor on July 23, 2024 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – တွန်းဇံ၏ ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ဖြေရှင်းနိုင်ရန် ချင်းလဲန်းကောင်စီ (CC) ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း People Defense Army – PDA က ပြောသည်။

တွန်းဇံမြို့တွင် လူမျိုးနွယ်စုများကို ခွဲခြားဆက်ဆံခြင်း၊ ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ငွေနှင့် အလဲအလှယ်လုပ်ခြင်း၊ အိမ်များကို ချိတ်ပိတ်ခြင်း၊ တော်လှန်ရေးသပိတ်ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းများကို CDF – တွန်းဇံက ကျူးလွန်နေသောကြောင့် ချင်းလဲန်းကောင်စီထံ တိုင်ကြားသွားမည်ဟု PDA ဥက္ကဌက ပြောသည်။

“CC (ချင်းလဲန်းကောင်စီ) ကိုတော့ နှုတ်နဲ့ ပြောထားပြီး။ စာနဲ့တင်ပြဖို့ရှိတယ်။ CC ကို တင်ပြဖို့ လုပ်ထားတဲ့ဟာမှာတော့ အသေးစိတ်အချက်အလက်တွေ ရေးထားတယ်။ ဒီမှာ ဖြစ်စေချင်တာက (နေအိမ်) သိမ်းတယ်ဆိုရင်လည်း သက်သေအခိုင်အလုံနဲ့ ဖြစ်စေချင်တယ်။ ZRA ကို ထောက်ပံ့လို့ သိမ်းတယ်ဆိုတာနဲ့ မဖြစ်သင့်ဘူး။ ဒါက ကိုယ်နဲ့ မတူ၊ ကိုယ့်ရန်သူဆိုပြီး လုပ်တာက မကောင်းဘူး။ သက်သေ မခိုင်လုံဘူးလို့ မြင်တယ်။ ဆိုလိုတာက သိမ်းတယ်ဆိုရင်လည်း သိမ်းပါ။ သက်သေခိုင်ခိုင်လုံလုံနဲ့ တရားဥပဒကျကျ သိမ်းဖို့ ဖြစ်စေချင်တယ်” ဟု PDA ဥက္ကဌက ပြောသည်။

CDF – တွန်းဇံ၏ ရာဇဝတ်မှုများ ကျူးလွန်ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ရှုံချပြီး ခွဲခြားဆက်ဆံခြင်းခံနေရသော ပြည်သူများ၊ မျိုးနွယ်စုများနှင့်အတူ ရပ်တည်ကြောင်း PDA က ဇူလိုင်လ ၂၀ ရက်က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၂ ရက်အထိ တွန်းဇံမြို့တွင် နေအိမ်များကို ချိတ်ပိတ်ထားမှု ၁၈ လုံးဝန်းကျင်ရှိပြီးဖြစ်ကြောင်း CDF – တွန်းဇံ စစ်ဦးစီးချုပ် ပူးထန်ဆွင်းမုန်က သူ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ဖော်ပြထားသည်။

ZRA တပ်ဖွဲ့ဝင်များနှင့် ZRA အဖွဲ့ကို ထောက်ပံ့ပေးသူများ၏ နေအိမ်များ၊ Non – CDM သမားများ၏ နေအိမ်များကို ချိတ်ပိတ်၍ သိမ်းဆည်းခြင်းဖြစ်ကြောင်း သူကပြောသည်။

“ကျနော်တို့အနေနဲ့ ZRA Supporter တွေရဲ့ နေအိမ်တွေကို မဖြစ်မနေ ချိတ်ပိတ်ပြီး သိမ်းဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ တွန်းဇံမှာ သူတို့တွေ မရှိရင် ZRA တွေ အင်အားကြီးနိုင်စရာအကြောင်း မရှိဘူးလေ။ အဲတာကြောင့် ချိတ်ပိတ်တာပါ။ ZRA နဲ့ မသက်ဆိုင်ဘူးဆိုရင် ဘာဒဏ်ကြေးမှလည်း မတပ်ဘူး။ မလုပ်ဘူး” ဟု ပူးထန် ဆွင်းမုန်က ချင်းဝေါလ်သတင်းဌာနနှင့် ဇူလိုင် ၁၉ ရက်က အင်တာဗျူးတွေ ဖြေကြားထားသည်။

၂၀၂၃ ခုနှစ်အတွင်းက ZRA တပ်ဖွဲ့၏ CDF – တွန်းဇံစခန်းကို စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍လည်း လက်ရှိ တွန်းဇံမြို့ သိမ်းတိုက်ပွဲအပြီးတွင် ZRA နှင့် ပူးပေါင်းသည်ဟူသော စွပ်စွဲချက်ဖြင့် ဒေသခံများကို ဖမ်းဆီးကြောင်း PDA ဥက္ကဌက ပြောသည်။

CDF – တွန်းဇံသည် ဒေသခံများကို ဖမ်းဆီးပြီး ငွေနှင့် အလဲအလှယ်လုပ်ခြင်းများ ပြုလုပ်နေကြောင်း၊ သက်သေအထောက်အထား ခိုင်လုံသော ဖြစ်စဉ် ၃ ခုကို ရရှိထားပြီး သတင်းများထွက်ပေါ်သော်လည်း အထောက်အထား မခိုင်လုံသည့်ဖြစ်စဉ်များလည်းရှိကြောင်း People Defence Army – PDA ဥက္ကဌက ပြောသည်။

ထိုသက်သေအထောက်အထားများကို ချင်းလဲန်းကောင်စီထံ အပြည့်အစုံ တင်ပြသွားမည်ဖြစ်ကြောင်း PDA ဥက္ကဌက ပြောသည်။

“ငွေနဲ့ လဲခိုင်းတာဆိုရင် တော်တော်လေးကို တော်လှန်ရေး ပုံရိပ်ကို ကျစေတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က (မြို့သိမ်း) လုပ်လိုက်တာက တပ်ပေါင်းစုအနေနဲ့ လုပ်တာဖြစ်တယ်။ ဒါပေမယ့် အဲလို ငွေညှစ်တာက တပ်ပေါင်းစုအနေနဲ့ လုပ်တာ မဟုတ်ဘူး။ တွန်းဇံ CDF က လုပ်တာ။ ဒါကို တပ်ပေါင်းစု လုပ်တယ်ဆိုပြီးတော့ လိုင်းပေါ်မှာ ရေးကြတယ်။ CNF နဲ့ ကျနော်တို့ PDA ကပဲ လုပ်သလိုလို၊ ချင်းလဲန်းကောင်စီကပဲ လုပ်နေသလို ရေးကြတယ်။ အဲလိုမျိုး အဖြစ်တော့ မခံနိုင်ဘူးပေါ့။ ဒါကြောင့် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု PDA ဥက္ကဌက ပြောသည်။

CDF တွန်းဇံက ဖမ်းဆီးပြီး ငွေတောင်းမှုဖြစ်စဉ်များတွင် သိန်း ၂၀၀၊ သိန်း ၃၀၀ စသဖြင့် တောင်းသည်ကို ဒေတာအချက်အလက်များ ရထားကြောင်း PDA ဥက္ကဌကပြောသည်။

CDF – တွန်းဇံ၏ ထိုကဲ့သို့သော လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ပေးပါရန် PDA တပ်ဖွဲ့က အပြင်းအထန် တိုက်တွန်းထားပြီး ဆက်လက် ကျူးလွန်ခြင်း၊ ပြည်သူများ စိတ်ငြိုငြင်အောင် ပြုလုပ်ခြင်းများ ရပ်တန့်မှု မရှိပါက ပြည်သူများနှင့်အတူ အရေးယူသွားမည်ဖြစ်ကြောင်း PDA က သတင်းထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Tonzang Township Council ဥက္ကဌလည်းဖြစ် CDF-Tonzang စစ်ဦးစီးချုပ်လည်းဖြစ်သည့် ပူးထန်ဆွင်းမုန်ကို ခိုနူမ်းသုန်အနေဖြင့် ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

CDF – တွန်းဇံနှင့် People Defense Army – PDA တို့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝကို ရခိုင်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းကို လက်မခံကြောင်း CC ဒုဥက္ကဌပြော

ပလက်ဝကို ရခိုင်၏ ခရိုင်အဖြစ် AA က ထည့်သွင်းအုပ်ချုပ်မှုသည် ချင်းအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဟု ချင်းအရပ်ဖက်အဖွဲ့များ ကြေညာ

နယူးဒေလီရောက် မြန်မာစစ်ဘေးရှောင်များအား RSD အင်တာဗျူး စတင်ခေါ်ယူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.