Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

0
By Editor on June 20, 2025 Headline

ကောင်စီမှာ ဒေသနှင့် မြို့နယ်ကိုယ်စားလှယ်ပါဝင်မှုလည်း အပြောင်းအလဲပြုလုပ်

(006SV)

ချင်းတော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်ရေးကို လိုချင်သည့်အတွက် ချင်းပြည်မှာ အမြင့်ဆုံး နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ချင်းပြည်ကောင်စီတွင် ချင်းအမျိုးသားတပ်ဦး CNF က ကိုယ်စားလှယ် ပါဝင်မှုကို ထက်ဝက်နီးပါး လျော့ချပေးသည်ဟု သိရသည်။

ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်မှာ ချင်းလုံမြို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့၏ အစည်းအဝေးတွင် အစုအဖွဲ့ ၃ ခုမှ ကိုယ်စား လှယ်များ တက်ရောက်ပြီး ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်၍ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။

“ပုဒ်မ ၂၆ က အရင်တုန်းက ကြည့်မယ်ဆိုရင် အစမှာ ဦးရေကို ၁၄၀ နဲ့ ကန့်သတ်လိုက်တယ်။ ကောင်စီဝင် ဦးရေ အားလုံးကို ၁၄၀ နဲ့ ကန့်သတ်လိုက်ပြီးတော့မှ လွှတ်တော်အမတ်တွေကို ၂၇ ယောက်၊ CNF EAO လည်း ၂၇ ယောက် ၊ မြို့နယ်နဲ့ဒေသ ၈၆ ဆိုပြီး ကိန်းကို အရှင်မထားပဲနဲ့ အသေထားလိုက်တာပေါ့နော်။ အဲတော့ ဒီနေရာမှာ CNF EAO တွေရဲ့ ပါဝင်မှုက များလွန်အားကြီးတယ် ဆိုပြီး ပြောကြတယ်။ ဆိုတော့ အဲဒါကို လူပြောများလာတဲ့အခါကြတော့ ဒါဆိုရင် ပြင်ရမယ်ဆိုပြီးမှ EAO ဖြစ်တဲ့ CNF ကို ကျနော်တို့က ကောင်းကောင်း ပြောတယ်။ ဘာပဲ ဖြစ်ဖြစ် ၁၅ ဦးအထိ လျော့ချလိုက်တာ ကောင်းတယ်ဆိုပြီးမှ ကျနော်တို့က ၂၇ ဦးကနေ ၁၅ ဦးကို လျော့ချတာဖြစ်တယ်။ ဒါက ချင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးကို လိုချင်တဲ့အတွက် ပြင်ဆင်ရခြင်းဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung က ပြောသည်။

ယခင်ပြဌာန်းချက်တွင် ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွတ်တော်ကိုယ်စားလှယ် ၂၇ ဦး၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၂၇ ဦး၊ မြို့နယ်နှင့်ဒေသအဖွဲ့ ကိုယ်စားလှယ် ၈၆ ဦး စသဖြင့် ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းသည်ဟု ဆိုသည်။

ယခု ပြင်ဆင်ချက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး စစ်အာဏာရှင် တော်လှန်ရေး တွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ကိုယ်စားလှယ် ၁၅ ဦး၊ ဒေသသီးခြား မရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၈ ဦးစီ၊ ဒေသသီးခြားရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၅ ဦးစီနှင့် ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃ ဦးစီတို့ဖြင့် ချင်းပြည်ကောင်စီကို ဖွဲ့စည်းသည်ဟု ဆိုသည်။

ချင်းလဲန်းကောင်စီ (CC) ဖွဲ့စည်းမှုတွင် အစုအဖွဲ့ ၃ ခု ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်ပါဝင်မှုသည် များပြားသည်ဟု ချင်းအင်အားစုများအကြား ဝေဖန်မှုများရှိနေသည်။

တချို့ ချင်းအင်အားစုများက ချင်းအမျိုးသားတပ်ဦး၏ ချင်းလဲန်းကောင်စီမှာ ပါဝင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စစ်တပ်၏ ၂၅ ရာခိုင်နှုန်းဖြင့် ဆင်တူနေသည်ဟု ဝေဖန်ကြသည်၊၊

ယခင်ချင်းလဲန်းကောင်စီတွင် အစုအဖွဲ့ ၃ ခုမှ ကောင်စီဝင်ကိုယ်စားလှယ်စုစုပေါင်း ၁၄၀ တွင် ချင်းအမျိုးသားတပ်ဦး၏ ကိုယ်စားလှယ်ပါဝင်မှုသည် ၁၉ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။

လက်ရှိ ချင်းလဲန်းကောင်စီတွင် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ၁၅ ဦးသာ ရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သည်ဟု အသစ်ပြဌာန်းချက်က ဆိုလိုပြီး ချင်းအမျိုးသားတပ်ဦး CNF အစုအဖွဲ့ကို ၁၅ ဦးအဖြစ် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“လွှတ်တော်အမတ်တွေကတော့ မလျော့ချထားဘူး။ ၂၇ ဦးရှိရင် ၂၇ ဦးဖြစ်မယ်။ ၂၀ ဦးဆိုရင် ၂၀ ဦး သူတို့ လာရမယ်။ တော်လှန် ရေးမှာ ပါဝင်တဲ့ ချင်းလွှတ်တော်အမတ်တွေကို ဆိုလိုတယ်။ ပြည်ထောင်စု လွှတ်တော်အမတ်ပဲ ဖြစ်ဖြစ်၊ ပြည်နယ်လွှတ်တော် အမတ်ပဲ ဖြစ်ဖြစ် အားလုံးအကြုံးဝင်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung က ပြောသည်။

ပြင်ဆင်ပြဌာန်းလိုက်သော ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ မှ မြို့နယ်နှင့် ဒေသသတ်မှတ်ချက်တွင် ၃ မျိုး ခွဲလိုက် ကြောင်း၊ မြို့နယ်ကို ယခင်ရှိသာ ၉ မြို့နယ်ကို ဆိုလိုပြီး ဒေသသည် တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေး လည်ပတ်လာသည့် နယ်မြေကို ဆိုလိုသည်ဟု ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung က ပြောသည်။

“မြို့နယ်နဲ့ ဒေသလို့ ပြောတဲ့အချိန်မှာ မြို့နယ်ကတော့ အရင်ရှိပြီးသာ ၉ မြို့နယ်ကို ဆိုလိုတယ်။ ဒေသကတော့ တော်လှန်ရေး ကာလမှာ တော်လှန်ရေးနယ်မြေမှာ အုပ်ချုပ်ရေး လုပ်လာတဲ့ နယ်မြေကို ဆိုလိုတယ်။ ဥပမာ နရိန်ဆိုရင် လောက်တူဒေသ၊ ရေဇွာဆိုရင် ဇိုတုန်ဒေသ၊ လိုင်လင်းပီမြို့ဆိုရင် မရာဒေသဆိုပြီးမှ ဒေသတွေကို ကိုယ်စားလှယ်တွေ ပေးထားတယ်။ အုပ်ချုပ်ရေး သီးသန့်လုပ်ထားတဲ့အတွက်။ ဒေသမရှိတဲ့ မြို့နယ်လို့ ကျနော်တို့ သတ်မှတ်တာက လောလောဆယ်က ကန်ပက်လက်နဲ့ မင်းတပ်၊ ပလက်ဝ၊ အဲဒီ ၃ မြို့နယ်က ဒေသ မရှိသေးတဲ့ မြို့နယ်လို့ ခေါ်ရမှာပေါ့။ ဒေသ ရှိတဲ့ မြို့နယ်ဆိုရင် ဥပမာ ပြောရရင် မတူပီ မြို့နယ်က ဒေသရှိသွားပြီ။ ဥပမာ ဇိုတုန်နဲ့ မရာနဲ့ ဖြစ်သွားပြီး၊၊ ထန်တလန်ကလည်း ဒေသ ရှိသွားပြီး၊ ဇိုဖေ၊ မရာ၊ လောက်တူနဲ့။ ပြီးတော့ ဟားခါးဆိုရင်လည်း ဒေသရှိသွားပြီး ဆန်ထန်ဆိုပြီ။ အဲဒါမျိုးကို ဒေသရှိတဲ့ မြို့နယ်လို့ ခေါ်တယ်။ လူဦးရေကလည်း ကိုယ်စားလှယ်လွှတ်တဲ့ နေရာမှာ ကိုယ်စားလှယ် ဦးရေကို ဒေသမရှိတဲ့ မြို့နယ်ဆိုပြီးမှ ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝလိုမျိုးက ၈ ဦး ကောင်စီဝင်ကိုယ်စား လှယ် စေလွှတ်ရမှာ ဖြစ်ပါတယ်။ ၈ ဦးထဲမှာ CDM လည်း ပါချင် ပါမယ်။ CSO နဲ့ နိုင်ငံရေးပါတီလည်း ပါချင်ပါမယ်။ ထိုနည်းတူပဲ ဒေသ ရှိတဲ့ မြို့နယ်က မတူပီ၊ ဟားခါး၊ ထန်တလန်တို့က ၅ ဦးစီ လွှတ်ရမယ်လို့ ဆိုလိုပါတယ်။ ဒေသတွေကတော့ ၃ ဦးစီဆိုပြီးမှ ကိုယ်စားလှယ်ကို အပြောင်းအလဲ လုပ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကိုယ်စားလှယ် ဦးရေတွေက အပြောင်းအလဲ ရှိနိုင်တဲ့အတွက် ကိန်းသေမထားတော့ဘူး။ အဲဒါက ကြီးကြီးမားမား ပြုပြင်တဲ့အချက်လို့ ခေါ်ရမှာပေါ့” ဟု Salai Bawi Kung က ပြောသည်။

ကလေး- ကဘော်- ဂန့်ဂေါဒေသတွင် စစ်ရေးလှုပ်ရှားသည့် CDF – KKG ကိုလည်း နောင်တချိန် ရည်ရွယ်ချက်ထား၍ လုပ်ဆောင် ရန် ရှိ၍ မြို့နယ်နှင့် ဒေသ မရှိသည့် ပုံစံနှင့် သတ်မှတ်ပြီး ကိုယ်စားလှယ် ၈ ဦး ပေးထားသည်ဟု သိရသည်။

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်ချက်ကြောင့် ချင်းပြည်ကောင်စီတွင် ကောင်စီဝင် အားလုံးသည် ၁၁၄ ဦး ရှိနိုင်မည်ဖြစ်ပြီး မြို့နယ်နှင့်ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ် ၈၄ ဦး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် ချင်းအမျိုးသားတပ်ဦး (CNF) အစုအဖွဲ့မှ ၁၅ ဦးတို့ဖြစ်သည်ဟု သိရသည်။

အခြားပြင်ဆင်ချက်တစ်ခုမှာ ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းရာတွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၃ ဦး၊ ချင်းလွှတ်တော်မှ ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်နှင့်ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁ ဦးစီတို့ဖြင့် ဖွဲ့စည်းသည်ဟူ၍ ပြင်ဆင် ပြဌာန်းသည်။

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၂၃)၏ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၂ (င) ၊ ပုဒ်မ ၃၂(ဌ) (ဋ)၊ ပုဒ်မ ၃၂ (ဈ)၊ ပုဒ်မ ၃၆ ၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၈၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ (ခ) ၊ ပုဒ်မ ၈၅ (ဈ) နှင့် ပုဒ်မ ၉၂ စသဖြင့် ပုဒ်မ ၁၃ ခုကို ၂၀၂၅ ဇွန်လထဲတွင် ပြင်ဆင်၊ ပယ်ဖျယ်၊ ဖြည့်စွက်ချက်တို့ ပြုလုပ်သည်ဟု သိရသည်။

ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပြန်လည်ပေါင်းစည်း နိုင်ရေး အတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံ ဥပဒေ (Chin National Constitution) မူကြမ်းရေးဆွဲနိုင်ရေးကို မူကြမ်းကော်မတီဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့ကလည်း ဇွန်လ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် Advocacy Team နှင့်အတူ CC နှင့် ICNCC တို့၏ ကော်မတီဝင် ၂၇ ဦးစီဖြင့် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒ မူကြမ်းရေးဆွဲနိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသော သဘောတူညီချက် ရလဒ်များကို မူတည်ပြီး ချင်းအမျိုးသားကောင်စီ (CNC) ကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွာမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ (CC)၊ ချင်းပြည်အစိုးရ နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCCC) ၊ ချင်းညီနောင် (CB) ဟူ၍ ချင်းတော်လှန်ရေး ၂ ဖွဲ့ကွဲနေပြီး ပြန်လည်ပေါင်းစည်းရေးအတွက် ဆောင်ရွက်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.