Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသမှာ ကျန်းမာရေးဌာန ၅၀ နီးပါးသာ ဖွင့်လှစ်နိုင်

ချင်းတော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသမှာ ကျန်းမာရေးဌာန ၅၀ နီးပါးသာ ဖွင့်လှစ်နိုင်

0
By Editor on September 3, 2026 Headline

လူထုလက်လှမ်းမီမှု နည်းပါးနေဟုဆို

(006SV)

ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး ဌာနပေါင်း ၃၀၀ ခန့် လည်ပတ်နိုင်ရမည်ဖြစ်သော်လည်း လက်ရှိမှာ ၅၀ နီးပါးသာ ဖွင့်လှစ်နိုင်သေး၍ လူထုလက်လှမ်းမှီမှု နည်းပါးနေသည်ဟု သိရသည်။

ချင်းပြည်တဝန်းလုံး လွှမ်းခြုံသည့် ကျန်းမာရေး အရင်းအမြစ်ဆိုင်ရာ အချက်အလက်ပြုစုခြင်းအရ ချင်းတော်လှန်ရေး အင်အားစု များ၏ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ၁၈ ဖွဲ့ ရှိ ကျေးရွာပေါင်း ၈၂၉ ရွာမှာ ကျန်းမာရေး အဆောက်အဦး ၃၀၀ ကျော်၊ ဆရာဝန်နှင့် သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ် ၂၅၀ ခန့် ရှိရမည်ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

“အာဏာမသိမ်းခင်က ကျန်းမာရေးဌာနက ချင်းပြည်နယ်တစ်ခုထဲမှာပဲ ၄၉၈ ခုထိ ရှိတယ်။ ဒါပေမယ့် ကျမတို့ရဲ့ အရင်းအမြစ် စစ်တမ်းအရဆိုရင် ကျမတို့အောက်မှာ ၃၀၀ လောက်ရှိတယ်။ တကယ့်တကယ် လည်ပတ်နိုင်တာက ၃၀ ကနေ ၅၀ လောက်ပဲ ရှိတယ်။ အရမ်းကိုမှ နည်းတယ်။ ပြည်သူလူထုအပေါ် ဘယ်လောက်တောင်မှ လက်လှမ်းမှီမှု နည်းလည်းဆိုတာကို ကျမတို့ နားလည်တယ်။ အဲဒါကြောင့် ဒီနှစ်နှစ်ခွဲအတွင်းမှာ Community Health Center ၊ အရင်တုန်းကတော့ ကျေးလက်ကျန်းမာ ရေးဌာန၊ ဌာနခွဲဆိုပြီး ခေါ်တယ်။ အဲလိုမျိုး ကျေးလက်ကျန်းမာ‌ရေးဌာနတွေကို တတ်နိုင်သလောက် တိုးချဲ့ ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်တဲ့ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ပေးနေတဲ့ စောင့်ရှောက်မှုတွေတင် မဟုတ်ပဲနဲ့ ကျမတို့မှာ ဆေးရုံးတွေလည်း လိုလာတယ်။ အဲဒါတွေကို တတ်နိုင်တလောက် တိုးချဲ့ပြီး ဖွင့်လှစ်နိုင်ခဲ့တယ်” ဟု ချင်းကျန်းမာရေးဝန်ကြီး Dr. Sharon Par က ပြောသည်။

လတ်တလောက်မှာ ရန်ပုံငွေနှင့် လူအရင်အမြစ်ပေါ် မူတည်၍ ဒေသန္တရအစိုးရများနှင့် ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေးဌာနပေါင်း ၅၀ ကျော်ကို ဖွင့်လှစ်နိုင်ရန် နေရာများ ရွေးချယ်သတ်မှတ်ထားသည်ဟု သိရသည်။

လက်ရှိမှာ ပြည်သူ့ကျန်းမာရေးဌာနပေါင်း ၃၀ ၊ ဆေးရုံး ၁၁ ရုံနှင့် အထူးကုဆေးရုံး ၁ ရုံတို့ကို ဖွင့်လှစ်ထားပြီဖြစ်သည်ဟု ချင်းကျန်းမာရေးဝန်ကြီးက ပြောသည်။

ချင်းပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်ရန် ချင်းပြည်တဝန်းရှိ ပြည်သူ့ကျန်းမာရေး ဌာနများနှင့် ဆေးရုံးများမှတဆင့် ပမာဏကျန်းမာရေးနှင့် ကျန်းမာရေးဝန်ထမ်းမှုများ ရရှိနိုင်ရေး တို့ချဲဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ချင်းပြည်ချင်းလဲန်းကျန်းမာရေးမူဝါဒကို ရေးဆွဲပြီး ကျန်းမာရေးနှင့် ပတ်သက်သော အုပ်ချုပ်မှုစနစ် ကောင်းမွန်စေရန် ကျန်းမာရေး ဖွဲ့စည်းပုံကိုလည်း ရေးဆွဲထားပြီဖြစ်သည်ဟု သိရသည်။

“ကျမတို့က အဓိကအားဖြင့် ကျန်းမာရေးစနစ် ကောင်းမွန်ခိုင်မာပြီးတော့ ရေရှည်တည်တံ့နိုင်တဲ့ ကျန်းမာရေးစနစ်ကို တည်ဆောက် ချင်တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကျမတို့က အရေးပေါ်ကိုပဲ တုံပြန်ဆောင်ရွက်နေရင် စနစ်တစ်ခုက တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျမတို့က အခြေခံက စပြီးတော့ ကျန်းမာရေးစနစ်ကို တည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ တည်ဆောက်တဲ့ အခါမှာလည်း ကျမတို့က NUG က ခိုင်းမှ ၊ ချင်းပြည်ချင်းလဲန်းက ခိုင်းမှ ဆိုတာမျိုး မဟုတ်ပဲနဲ့ ကိုယ်လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့နော်။ ကိုယ်ရဲ့ ကျန်းမာရေး လိုအပ်ချက်ပေါ် မူတည်ပြီးမှ ကျန်းမာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ သွားချင် တာ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီဒေသန္တရ အစိုးရတွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်ပြီး စသွားနေတာ ဖြစ်ပါတယ်” ဟု ချင်းကျန်းမာရေးဝန်ကြီး Dr. Sharon Par က ပြောသည်။

ချင်းကျန်းမာရေးသတင်းအချက်အလက်စနစ် အားကောင်းရေး၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ခြင်း၊ သူနာပြုကျောင်းနှင့် ဆေးတက္ကသိုလ် ဆက်လက်ဖွင့်လှစ်ခြင်း၊ ကျန်းမားရေးပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ ပြည်သူ့ကျန်းမာရေး ဌာနများ တိုးချဲ့နိုင်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စေရန် စံသတ်မှတ်ချက်များ ချမှတ်ရေးတို့ကို ဆက်လက် ဆောင်ရွက်နေသည်ဟု သိရသည်။

ချင်းကျန်းမာရေးဝန်ကြီးဌာနသည် ငွေအရင်းအမြစ် ရှားပါးမှု၊ နိုင်ငံရေး မတည်ငြိမ်မှု အပါအဝင် လေကြောင်းတိုက်ခိုက်ခံရမှုများနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများက ကျန်းမာရေးပစ္စည်းကိရိယာများ၊ သင်တန်းကျောင်းများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အပေါ် ထိခိုက်မှု များစွာရှိနေသည်ဟု သိရသည်။

သဘာဝဘေးဒဏ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကလည်း သွားလာရ ခက်ခဲသော ဒေသများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် အခက်အခက်များ တွေ့ကြုံနေရသည်ဟု သိရသည်။

၂၀၂၄ မှ ၂၀၂၅ ခုနှစ်အတွင်း ရဲဘော်များအပါအဝင် ချင်းဒေသခံပြည်သူ ၁၅၀ ဝန်းကျင်ကို ခြေတုလက်တုများ တပ်ဆင်ပေးနိုင်ခဲ့ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.