Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ထောက်ပြ

ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ထောက်ပြ

0
By Editor on August 22, 2024 Headline

(006SV)

ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက် သင့်သည်ဟု ချင်းလူထုစစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောကြောင်း Chin Civic Movement – CCM က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်က “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု၏ သဘောထားအမြင် စစ်တမ်း တွေ့ရှိ ချက်များ”အပေါ် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement တာဝန်ရှိသူများက ပြောဆိုခြင်းဖြစ်သည်။

“ဘယ်အချိန်မှာ ချင်းပဋိပက္ခကို ဖြေရှင်းသင့်လဲလို့ ကျမတို့ မေးတဲ့အခါမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းကို ဆောင်ရွက်သင့်တယ် ပေါ့နော်။ အဲလိုဖြေဆိုထားတယ်။ ၅ ရာခိုင်နှုန်းက မြို့သိမ်းတိုက်ပွဲပြီးမှ ဆောင်ရွက်ရန်လို့ဖြေဆိုတာတွေလည်း ရှိသလို ချင်းပြည် နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဖြေတာလည်း တွေ့ရှိရပါတယ်။ ဒီမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းဆောင် ရွက်ဖို့ လိုမယ်ဆိုပြီးတော့ ဖြေထားတာတွေကို အဓိက တင်ပြချင်ပါတယ်” ဟု CCM အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mai Mawite က ပြောသည်။

ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင်အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative – CMI ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဟု သတင်းများထွက်အပြီးမှာ CCM ကလည်း ချင်းလူထုသဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅ ဝန်းကျင်မှ ဖြေဆိုထားသူ ၁၀၁၀ ဦး ရှိပြီး ချင်းလူထုအသံကို ကိုယ်စားပြုသည့် စစ်တမ်းတစ်ခုဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီ အင်အားစုများနှင့် ချင်းညီနောင်အဖွဲ့တို့ကြား ပဋိပက္ခကို စစ်တမ်းဖြေဆိုသူ ၉၈ ရာခိုင်နှုန်းက သတိပြုသိထားကြောင်း CCM တာဝန်ရှိသူများက ပြောသည်။

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်း အချင်းချင်းကြား ပဋိပက္ခကို ဖြစ်စေကြောင်း ချင်းလူထုစစ်တမ်းတွင် တွေ့ရှိရသည်။

ချင်းအချင်းချင်းကြား ပဋိပက္ခများကြောင့် တော်လှန်ရေး ရည်မှန်းချက်ပြည့်ရေးကို နှောင့်နှေးစေနိုင်သည်ဟု စစ်တမ်းဖြေဆိုသူ ၆၀ ရာခိုင်နှုန်းကျော်က သတိပေးထားပြီး ၅၇ ရာနှုန်းက ချင်းလူမျိုးစုအချင်းချင်းအကြား မျိုးရိုးစဉ်ဆက် အမုန်းတရား ပြန့်ပွားတည်ရှိ စေနိုင်ကြောင်း ဖြေဆိုထားကြသည်ဟု စစ်တမ်းအရ သိရသည်။

ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဘက်နှစ်ဘက်စလုံးက ခေါင်းဆောင်များ စားပွဲဝိုင်းတွင် ပွင့်လင်းစွာ ဆွေးနွေးရန်၊ နှစ်ဖက်စလုံး အပစ်အခတ် ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းလူထုက လိုလားလျက်ရှိသည်။

မြို့သိမ်းတိုက်ပွဲများအပြီး နေရပ်ပြန်လည်အခြေချရန် မဖြစ်နိုင်မည်ကို စစ်တမ်းဖြေဆိုသူ ချင်းလူထု ၈၅ ရာခိုင်နှုန်းက စိုးရိမ် နေကြသကဲ့သို့ ချင်းအဖွဲ့များအကြား ညှိနှိုင်းမရဘဲ အချင်းချင်းကြား တိုက်ပွဲရှည်ကြာမည်ကိုလည်း စိုးရိမ်နေကြသည်။

ချင်းလူထု စစ်တမ်းကို ပြည်တွင်းပြည်ပတွင် ရောက်ရှိနေကြသည့် ချင်းပြည်သူများက Google Form ကို အသုံးပြု၍ လူမှု ကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေဖြေဆိုခြင်း၊ အင်တာနက်ခက်ခဲသည့် ချင်းပြည်အတွင်း လူထုအသံကို ရရှိရန် CCM အဖွဲ့ဝင် လူမှုကွန်ယက်နှင့် မြေပြင်အချိတ်အဆက်များဖြင့် ကောက်ယူခဲ့ကြသည်။

အနယ်နယ်အရပ်ရပ်က ချင်လူမျိုး ဖြေဆိုသူ ၁၀၀၀ ကျော်၏ သဘောထားကို ဖော်ပြနိုင်သောကြောင့် ချင်းလူထု၏ အမြင်သဘောထားတစ်ခုဖြစ်ကြောင်း CCM တာဝန်ရှိသူများကပြောသည်။

စစ်တမ်းအပြည်အစုံကို ချင်းပြည်ကောင်စီအင်အားစုများနှင့် ချင်းညီနောင်အဖွဲ့ အင်အားစုများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD ပါတီဥက္ကဌဟောင်း SNDP ကျားဖြူပါတီ ကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ ဝင်မည်

အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

ကလေးမြို့တွင် ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ လူမှုဘဝအကြီးအကျယ် ထိခိုက်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.