Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

0
By Editor on March 22, 2023 Featured

စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံ ပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေကို ပါတီမှတ်ပုံပြန်လည်တင်ကြဖို့ပြောဆိုနေပေမယ့် ရွေးကောက်ပွဲကျင်းပမယ် မကျင်းပဘူးဆိုတာ အသေအခြာပြောဆိုထားတာမျိုးလည်းမရှိပါဘူး။ နိုင်ငံရေးလေ့လာသုံးသူတွေတချိူ့ကတော့ လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်တာမျိုးရှိပါတယ်။

ဒါပေမယ့် စစ်ကောင်စီထုတ်ပြန်တဲ့ အဲဒီဥပဒေသစ်အရ နိုင်ငံရေးပါတီတွေဟာ မှတ်ပုံပြန်မတင်ဘူးဆိုရင် တရားဝင်နိုင်ငံရေး ပါတီအဖြစ်ကနေ ပြယ်ဖျက်ခံရမယ့်အခြေအနေမှာလည်းရှိနေပြီး နိုင်ငံရေးပါတီ ၂၀ ဝန်းကျင်လောက်ကတော့ ပါတီမှတ်ပုံ ပြန်လည်တင်ပြီလို့ သိရပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ ချင်းပါတီ သုံးပါတီပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ Zomi Congress for Democracy ပါတီ၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြပါတယ်။

ယခုကဲ့သို့အခြေအနေမျိုးမှာ ချင်းနိုင်ငံရေးပါတီတွေကလည်း ပါတီမှတ်ပုံတင်ရေး မတင်ရေးအပေါ် ဒွိဟဖြစ်နေကြပြီး ယနေ့ချိန်ထိတော့ ဘယ်ချင်းနိုင်ငံရေးပါတီမှ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်တာမျိုးတော့မရှိသေးဘူး။

လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး စစ်ရေးအခြေအနေကြားထဲမှာ ချင်းနိုင်ငံရေးပါတီအနေနဲ့ ပါတီမှတ်ပုံ ပြန်တင်သင့် လား မသင့်လားဆိုတဲ့အပေါ်မှာ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနှင့်ပြည်သူလူထု တွေရဲ့သဘောထားအမြင်ကို စုစည်းတင်ပြလိုက်ပါတယ်။

Salai Mang Hre Lian (Program Director- Chin Human Right Organization)

အခုစစ်ကောင်စီရဲ့ အဓိက နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲကျင်းပပြီးတော့ သူတို့ရဲ့ Legitimize လို့ခေါ်တဲ့ တရားဝင်ဖြစ်ဖို့က စစ်ကောင်စီအနေနဲ့ သူက လုပ်ငန်းကို ကြိုးစားနေတာ ဆိုတော့ ဒီရွေးကောက်ပွဲက စစ်ကောင်စီကို တရားဝင်အသိမှတ်ပြုဖို့ ရည်ရွယ်တဲ့ ရွေးကောက်ပွဲလို့ တစ်ရာရာခိုင်နှုန်း သတ်မှ တ်လို့ရတယ်လေ။ ဆိုတော့ အခု ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ကသော်လည်းကောင်း ပြီးရင်တော့ ဥရော ပနိုင်ငံတွေကသော်လည်းကောင်း ဒီစစ်ကောင်စီရဲ့ ရွေးကောက်ပွဲက လုံးဝတရားမဝင်တဲ့အကြောင်းနဲ့ ပြီးတော့ စစ်ကော င်စီကကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့အသိမှတ်ပြုမှာ မဟုတ်ကြောင်းတွေ သူတို့အသံတွေထွက်လာတာ ကျွန်တော်တို့ တွေ့ရတာပေါ့လေ။ ဆိုတော့ စစ်ကောင်စီအနေနဲ့ တရားဝင်ရပ်တည်မှု၊ တရားဝင်အစိုးရဖြစ်ရေးကို ဦးတည်နေတဲ့အတွက် ကြောင့် ဒီရွေးကောက်ပွဲမှာ မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တာတွေဟာ စစ်ကောင်စီနှင့်ပူးပေါင်းပြီးတော့ စစ်ကောင်စီရဲ့ မတရားမှုကို တရားဝင်အောင်၊ ကျွန်တော်တို့ကိုသတ်နေတဲ့ လူ့အခွင့်ရေးကို အများကြီး ချိုးဖောက်နေတဲ့ စစ်ကောင်စီကို တရားဝင်နဲ့ အသိမှတ်ပြုပြီးတော့သူတို့နှင့် ပူးပေါင်းတယ်၊ သူတို့နှင့် တစ်ထပ်တည်းကျတယ်လို့ သတ်မှ တ်လို့ရတယ်ပေါ့နော်။ ဆိုတော့ အဲ့တာကြောင့်မို့လို့ စစ်ကောင်စီကို တရားဝင် အသိမှတ်ပြုမယ့် ဒီရွေးကောက်ပွဲမှာ ချင်းပါတီတွေအနေနဲ့ ချင်းလူမျိုးတွေအနေနဲ့ လုံးဝကို ပါတီမှတ်ပုံ မတင်သင့်ဘူး။ စဉ်းလည်း မစဉ်းစားသင့်ဘူး။ လုံးဝကို ရွေးကောက်ပွဲကို မဝင်သင့်ဘူးလို့တော့ ကျွန်တော်မြင်တယ်။

Salai Van Sui San (လက်ထောက်ညွန်ကြားရေးမှူး – ချင်းရေးရာအဖွဲ့ချုပ်)

ကျွန်တော်တို့ ချင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်တောင်မှ ချင်းပြည်နယ်အတွင်းမှာ ဘယ်လောက် ရာခိုင်နှုန်းထိ လွမ်းခြုံနိင်မှာလဲ ပြည်သူဘယ်နှစ်ဦးရဲ့ ထောက်ခံချက်ကို ရနိုင်မှာလဲ ဆိုတဲ့ဟာတွေကို သူတို့အနေနဲ့ တကယ်လို့ မှတ်ပုံတင်ချင်တဲ့သူတွေအနေနဲ့ ပြန်စဉ်းစားသင့်ပါတယ်။ သူတို့နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်မယ်ဆိုရင်တော့ ကျနော့ Personal အနေနဲ့တော့ ဘာမှ ပါသင့်၏ မပါသင့်၏ ပြောနိုင်တာဘာမှ မရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကိုယ်စား မပြုနိုင်တဲ့ နိုင်ငံရေးကို သူတို့ဘယ်နေရာမှာ သွားအသုံးပြုရမှာလဲပေါ့နော်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ၁၉၉၀ ရွေးကောက်ပွဲ ကိုပြန်ပြီးတော့ သင်ခန်းစာယူဖို့အတွက်တော့ လိုလိမ့်မယ်လို့တော့ အတိုချုပ်အနေနဲ့ပြောချင်ပါတယ်။

Salai Hung Tun Gei (Editor- Chin World)

လက်ရှိကာလမှာ ရှုပ်ထွေးပြီးတော့ ရှုပ်ယှက်ခတ်ဖြစ်တဲ့အရာပေါ့နော်၊ ဒါပေမယ့် အခုက ချင်းပါတီမှာလည်း ချင်းလူမျိုး အနေနဲ့ နိုင်ငံရေး စကားဝိုင်းတွေရှိလာရင် တရားဝင်အနေနဲ့ ပြန်တင်သင့်တဲ့အုပ်စုရယ်၊ လုံးဝစစ်ကောင်စီကို တော်လှ န်မယ်ဆိုတဲ့အုပ်စုရယ် လုံးဝရွေးကောက်ပွဲမဝင်ဘူး ဆိုတဲ့ အုပ်စုရယ် သူတို့မှာလည်း အခုချိန်ထိ ကွဲနေတယ်၊ ကျွန်တော့အမြင်တော့ ရွေးကောက်ပွဲမဝင်ချင်း၊ မဝင်ချင်းကတော့ အဆင်မပြေဘူးပေါ့နော်။ အခုလက်ရှိအနေအထားအရ ချင်းတောင် ဒေသ မှာ ရွေးကောက်ပွဲဝင်လိုက်ရင် သူတို့ရဲ့ပါတီ အန္တရာယ်၊ အသက် အန္တရာယ်၊ ကိုယ်စားလှယ်လောင်းရဲ့ အန္တရာယ်ဆိုတဲ့ဟာမျိုးတွေများတယ်။ ဒါပေမယ့် ပါတီကတော့ ရှိသင့်တယ်။ ပါတီကိုတာ့ Registration လုပ်သင့်ပါတယ်။ ပါတီတော့ Registration လုပ် ဒါပေမယ့် ရွေးကောက်ပွဲကတော့ ဝင်ဖို့အနေအထား အခြေအနေမကောင်းဘူးဆိုတော့ ဒီကိုယ်စားလှယ်လောင်းတွေကတော့ ရွေးကောက်ပွဲမဝင်နဲ့ပေါ့၊ အဓိကက ပါတီမှတ်ပုံတင် တင်ထားတာတော့ ကျွန်တော်ကတော့ အားပေးတယ်။

မတူပီမြို့နယ် ဒေသခံ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦး

ကျွန်တော်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သုံးသပ်ကြည့်တာပေါ့နော် အခုပါတီကလည်း အများကြီး ၂၀ နီးပါးလားရှိတယ်၊ အခုလည်း သူတို့တင်တဲ့သူတွေရှိသလို လုပ်ပြီးသား သူတွေလည်းရှိ တယ်။ တဖက်မှာတော့ ရွေးကောက်ပွဲ ကတော့ လုပ်ကိုလုပ်မှာပဲ။ အဲ့မှာကျတော့ လွတ်တော်မှာ ချင်းအရေးပြောမယ့် လွတ်တော်အမတ်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က တပိုင်းရှုံးတယ်လို့ပဲ ကျွန်တော်ကတော့မြင်တယ်။

ဒါကြောင့် ချင်းပါတီတွေအနေနဲ့ သူတို့တင်ပါစေ ဒီအပေါ်မှာတော့ ကျွန်တော်ကတော့ ဘာမှကန့်ကွက်စရာတော့မရှိဘူး၊ သူတို့ ပါတီ နိုင်ငံရေးပဲ ဥစ္စာ။ ဘယ်အစိုးအရပဲ တက်တက်၊ ဘယ်အစိုးရပဲ လုပ်လုပ် လွတ်တော်ရှိကိုရှိနေရမယ်။ လွတ် တော်တက်တော့မယ်ဆိုရင် ချင်းကိုယ်စားပြု ဘယ်သူစကားပြောမလဲ။ ဘယ်သူ့မှ ပြောမယ့်လူမရှိတော့ဘူး။

ဟားခါးက ချင်းလူငယ်တစ်ဦး

ကျတော့အမြင်အရတော့ မှတ်ပုံမတင်ဘဲနေရင်ကောင်းမယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက နိုင်ငံရေးအခြေနေက ဆိုးနေတယ်၊ ပဋိပက္ခတွေ ဖြစ်ပျက်နေတယ်၊ ပြီးရင် စစ်တပ်ဘက်ကိုကြည့်ရင်လည်း ပြည်သူတွေကိုညှင်းပန်း နှိပ်စက်တာတွေလုပ်နေတာတို့ ဟို ပြောရရင် မုဒိန်းကျင့်တာက အစ အဆိုးဆုံးဖြစ်နေတယ်ဆိုတော့ အခုက ကျွန်တော့ အမြင်မှာပေါ့နော်၊ ပြည်သူ ၈၀ ရာခိုင်နုန်းလောက်က စစ်တပ်ကို ဆန့်ကျင်နေကြတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေပေါ့ ကျွန်တော်တို့ ချင်းပြည်နယ်ဆိုရင် စစ်တပ်ဆန့်ကျင်တဲ့အဖွဲ့ထဲမှာ ထိပ်မှာ ပါတာပေါ့နော်။ ဒါကြောင့် အခုချိန်မှာ အဲလို ပါတီမှတ်ပုံတင်တာတွေလုပ်ရင်လည်း ကျွန်တော်တို့ အရှုံးခံသလို ဖြစ်သွားမှာလဲ စိုးရိမ်ရတယ်ပေါ့နော်။ အဲလိုအရှုံးခံတယ် ပြီးရင် မဆန့်ကျင်နိုင်တော့သလို ဖြစ်သွားရင်တော့ စစ်တပ်ဘက်ကလဲ အာဏာကို အကုန်လုံးသိမ်းပိုက်လို့ရမယ်လို့ ထင်သွားနိုင်တယ်၊ အဲတာကြောင့် အခုတလောမှာတော့ စစ်တပ်လက်အောက်မှာ ပါတီမှတ်ပုံပြန်တင်တာမျိုး မလုပ်သေးတာပဲ ကောင်းအုံးမယ်လို့ မြင်ပါတယ်။

တီးတိန်မြို့ ချင်းလူငယ်တစ်ဦး

ကျွန်တော်အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ လိုမယ်လို့တော့ မြင်တယ်။ နိုင်ငံရေးပြသာနာကို အကြမ်းမဖက်တဲ့နည်းနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့တော့ ကျွန်တော်ထင်တယ်ပေါ့။ အခုလို နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံပြန်တင်ဖို့ စစ်တပ်တွေရဲ့ စကားကို နားထောင်တယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နည်းလမ်းတွေပြန်ရှာဖို့အတွက် ပါတီပြန်လည်ရပ်တည်ဖို့တော့ ကျွန်တော်အနေနဲ့ မှတ်ပုံတင်ဖို့ လိုမယ်လို့ မြင်တယ်။ နောက်တစ်မျိုးပြောမယ်ဆိုရင်လဲ ကိုယ့်ပါတီဖြစ်တည်ရေး တစ်ခုအတွက်နဲ့ပဲ မှတ်ပုံတင်စေချင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နိုင်ငံရေးပါတီတွေမှတ်ပုံပြန်တင်မယ်ဆိုရင် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသမှာ အရင်ကလိုမျိုး အကျိုးရှိတဲ့ လုပ်ငန်းတွေ အတိုင်းအတာတစ်ခုထိ ပြန်ပြီးလုပ်နိုင်မယ်လို့‌တော့ မျှော်လင့် တယ်။ ဒီလိုလုပ်တာကြောင့် စစ်ကောင်စီရဲ့ လုပ်ငန်းသဘောတရားကို ထောက်ခံတာတော့မဟုတ်ဘူးပေါ့ နိုင်ငံရေး ပြသာနာကို နိုင်ငံရေးအကြမ်းမဖက်တဲ့နည်းနဲ့ပဲရင်ဆိုင်ရင် ပိုပြီးမြန်ဆန်သွားမလား၊ အဖြေတစ်ခုဖြစ်နေမလားဆိုတာ ကျွန်တော့ရဲ့ အမြင်တစ်ခုပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.