Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းနှင့် စစ်ကိုင်းတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မူကြောင့် ဒီဇင်ဘာလအတွင်း သေဆုံးသူ (၄၀) ဦးရှိဟု WJ ထုတ်ပြန်

ချင်းနှင့် စစ်ကိုင်းတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မူကြောင့် ဒီဇင်ဘာလအတွင်း သေဆုံးသူ (၄၀) ဦးရှိဟု WJ ထုတ်ပြန်

0
By Editor on January 13, 2026 Khonumthung

(002MG)

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလအတွင်း သေဆုံးသူ (၄၀) ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၄) ဦးရှိခဲ့သည်ဟု Women For Justice – WJ က ဇန်နဝါရီ (၁၃) ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် မိုင်းကြောင့် ပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ် (၄) ဦးဖမ်းဆီးခံရ သည်ဟု ဖော်ပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၁၂) ဦး၊ အမည်မသိ (၈) ဦး သေဆုံးခဲ့ရကာ (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း (၃) ကျောင်း၊ လူနေအိမ် (၃၄) အိမ် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ဆိုသည်။

ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ ထိုးစစ်ကြောင့် လမ်းပန်း ဆက်သွယ်ရေးများပိတ်ထားပြီး ဆေးဝါးများ အဆမတန် ဈေးနှုန်းမြင့်တက်လာသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲနှင့် အမျိုးသမီးများ စီးပွားရေး၊ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း Women For Justice -WJ က ပြောသည်။

စစ်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ရာသီဥတု အကူးအပြောင်းကြောင့် ကိုယ်ဝန် ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ နေမကောင်းသည့်အပြင် အမျိုးသမီးများအနေ ဖြင့် စိတ်လုံခြုံမှုမရှိခြင်း၊ ကြောက်ရွံ့နေရခြင်းကြောင့် ကျန်းမာရေး ယုတ်လျော့လာကာ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှု အခက်အခဲ၊ စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟုဆိုသည်။

ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကော်မရှင်တပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်း ထိုးမှု၊ ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်လျက်ရှိသည့်ပြင် ပြည်သူနေအိမ်များ မီးရှို့ခံရခြင်း၊ စစ်ပွဲအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျုးလွန်ခဲ့သည့် လုပ်ရပ်အား Women For Justice -WJ သည် လုံးဝဆန့်ကျင်သည်ဟု ဖော်ပြထားသည်။

Women For Justice -WJ သည် အမျိုးသမီးအရေးလှုပ်ရှားနေသည့်အဖွဲ့ဖြစ်ပြီး စစ်ကော်မရှင်၏ ဘက်ပေါင်းစုံမှ လူ့အခွင့်အရေးကျူးလွန်မူများအား အရေးယူမှုလုပ်ဆောင်နိုင်ရန် မြေပြင်သက်သေ စုဆောင်းမှတ်တမ်းယူလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.