Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအစီအစဉ်စတင်ဆောင်ရွက်

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအစီအစဉ်စတင်ဆောင်ရွက်

0
By Editor on August 18, 2022 Headline

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) က ချင်းပြည်သူများအတွက် ဥပဒေအထောက်အကူပြုအစီစဉ် စတင်ဆောင်ရွက်နေပြီး ဥပဒေဆိုင်ရာ အထောက်အကူပြုမှု လိုအပ်နေသူများအတွက် အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု သိရသည်။

ယင်းဥပဒေအထောက်အကူပြု အစီစဉ်ကို လာမည့် ၂၀၂၃ ခုနှစ် မတ်လအထိ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ် ၉ မြို့နယ်အပြင် ကလေး-ကဘော်ဒေသ၊ ယောဒေသများလည်း လွှမ်းခြုံနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံမှ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာလောဟာလိန်းက “ကျွန်တော်တို့လုပ်ငန်းကတော့ စနေပါပြီ။ ကျွန်တော်တို့ က UNDP နဲ့ပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ပရောဂျ က်အနေနဲ့လုပ်တာဖြစ်တယ်။ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ လူထုတွေကို ဥပဒေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ လက်လှမ်းမှီသလောက် ပညာပေးလုပ်ငန်းတွေလုပ်တယ်၊ နောက်တစ်ခုက အကယ်၍ ထိတွေ့အဖမ်းအဆီး တွေရှိတဲ့အခါကြရင်လည်း အကျိုးအကြောင်းမေးမြန်းတာပေါ့လေ၊ နောက်လိုအပ်ရင် ရှေ့နေတွေနဲ့ အထောက်အကူလိုတဲ့ ဖမ်းဆီးခံတဲ့ပုဂ္ဂိုလ်များရဲ့ အနေအထားကဘာများဖြစ်မလဲပေါ့လေ ဒါလည်း ရှေ့နေတွေနဲ့ လက်လှမ်းမှီ သလောက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။” ဟု ပြောသည်။

ဥပဒေဆိုင်ရာ အကူအညီလိုအပ်နေသူများအနေဖြင့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံ အချိန်မရွေးအကူအညီတောင်းခံနိုင်ပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု သိက္ခာတော်ရဆရာတော်က ပြောသည်။

“ဥပမာ ဖမ်းဆီးခံတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ သူတို့ဘယ်မှာရှိလဲ၊ နောက် ဘယ်ပုဒ်မ၊ ဘယ်လိုကိစ္စနဲ့ ဖမ်းဆီးခံရတယ်၊ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာကနေ ဘာတွေ ကူညီနိုင်တာရှိမလဲပေါ့၊ ဥပမာ ရှေ့နေငှါးပေးတာကအစပေါ့ ကျွန်တော်တို့ ဘယ်လောက်အထိ ပံ့ပိုးနိုင်တဲ့ဟာဖြစ်မလဲ၊ မိသားစုတွေကို ဘာတွေကူညီပေးနိုင်မလဲ အသေးအမွှားကအစ ကျွန်တော်တို့ တရားဝင် ဥပဒေဘောင်အတွင်းကနေ ဘာတွေ ကူညီဆောင်ရွက်ပေးနိုင်တာဖို့ပါ” ဟု သိက္ခာတော်ရဆရာတော်က ပြောသည်။

ယခုလက်ရှိတွင် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် ချင်းအကျိုးဆောင်ရှေ့နေ ဥပဒေကွန်ရက်များနှင့် တွေ့ဆုံခြင်း၊ CSO အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်းများလည်း လုပ်ဆောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် အကြီးဆုံးသော ဘာသာရေးအဖွဲ့အစည်းဖြစ်သည့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် Chin Shalom Mission (CSM) ကို ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးအတွက် ချင်းငြိမ်းချမ်းရေးဖိုရမ်များလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့အပြင် စစ်ရေးပဋိပက္ခကြောင့် နပ်ရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ချင်းစစ်ဘေးရှောင်ပြည်သူများကိုလည်း ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့ကြသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ ပြည်သူလူထုအား အကျိူးပြုသည့်သဘောဖြင့် ဥပဒေဆိုရင်အထောက်အကူပြုအစီစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်ပြီး Chin Shalom Mission ၏ နောက်ဆက်တွဲလုပ်ငန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.