Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ချင်းပြည်တစ်ခုလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျနဲ့ သာတူညီမျှ လွှမ်းခြုံ ပြီး၊ ချင်းပြည်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးမူဝါဒရေးဆွဲပြီး ပိုလိုအပ်တဲ့သူကို ပိုပေးတဲ့စနစ် မျိုးဖြစ်လာဖို့ ပြည်သူတွေအားလုံး ကျန်းမာရေးလက်လှမ်းမီနိုင်ဖို့ ချင်းပြည်အစိုးရအနေနဲ့ ဆောင်ရွက်သွားနိုင်ဖို့ရည်မှန်းပါတယ်”

“ချင်းပြည်တစ်ခုလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျနဲ့ သာတူညီမျှ လွှမ်းခြုံ ပြီး၊ ချင်းပြည်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးမူဝါဒရေးဆွဲပြီး ပိုလိုအပ်တဲ့သူကို ပိုပေးတဲ့စနစ် မျိုးဖြစ်လာဖို့ ပြည်သူတွေအားလုံး ကျန်းမာရေးလက်လှမ်းမီနိုင်ဖို့ ချင်းပြည်အစိုးရအနေနဲ့ ဆောင်ရွက်သွားနိုင်ဖို့ရည်မှန်းပါတယ်”

0
By Editor on May 9, 2024 Featured

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရကို စတင်ဖွဲ့စည်းနိုင်ခဲ့တာ ဒီတစ်ပတ်ထဲမှာ ရက်ပေါင်း ၁၀၀ ပြည့်လာတော့မှာပါ။ ချင်းပြည်အစိုးရကို ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းကာ စတင်ဖွဲ့စည်းချိန်မှာ ကျန်းမာရေးကဏ္ဍအပါအဝင် ပညာရေး၊ လူသားစာနာ ထောက် ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ CDM ဝန်ထမ်းတွေ အရေး စတဲ့ ကိစ္စရပ်တွေကို “ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်အစိုးရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း ဆောင်ရွက်ခဲ့မှု၊ ချင်းကျန်းမာရေးကဏ္ဍ အခက်အခဲနဲ့စိန်ခေါ်မှုဘယ်လိုရှိပါလဲ၊ ကျန်းမာရေးကဏ္ဍအတွက် ဘယ်လိုအစီအမံတွေ ရှိထားပါသလဲ၊ ချင်းလဲန်း ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ ရှာရွန်ပါရ်ကို ခိုနူမ်းသုန်သတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဆရာမတို့ ကျန်းမာရေးနဲ့ အားကစာဝန်ကြီးဌာနက ရက် ၁၀၀ စီမံကိန်းအတွင်းမှာ ဘာတွေ ဆောင်ရွက်နေပါသလဲခင်ဗျာ။

ဖြေ – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ချင်းပြည်အစိုးရ အတွင်းမှာ ရှိနေတဲ့ ဧရိယာ အသီးသီးရဲ့ဒေသဆိုင်ရာ အချက်အလက်တွေကောက်ယူခြင်း၊ ချင်းပြည်အတွင်းမှာရှိတဲ့ NGOs, CBOs/CSOs များနဲ့တွေ့ဆုံ ခြင်း၊ နယ်မြေများသို့ ကွင်းဆင်းခြင်း၊ အလှူရှင်များ၊ မိတ်ဘက် အစိုးရများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ပါတယ်။

မေး – ချင်းပြည်နယ်ရဲ့ လက်ရှိ ကျန်းမာရေးကဏ္ဍဟာ ဘယ်လိုအခြေအနေတွေမှာရှိနေပါသလဲ။

ဖြေ – လက်ရှိမှာတော့ အရေးပေါ်အခြေနေဖြစ်နေသေးတဲ့အပြင် တော်လှန်ရေးကာလ (၃) နှစ် ပြည့်လာပြီးတဲ့နောက်မှာ ရေရှည်အတွက် စဉ်းစားရမယ့်အခြေအနေဖြစ်နေပါတယ်။

မေး – လက်ရှိချင်းပြည်နယ်မှာ ဘယ်လိုရောဂါတွေကအဖြစ်များဆုံးလဲ၊ ဘယ်လိုကြောင့် အဲဒီလို ဖြစ်သွားရတာလဲ။

ဖြေ – အာဏာသိမ်းပြီးတဲ့ ပထမဆုံးနှစ်မှာပဲ ကိုဗစ်ဒုတိယလှိုင်းကြောင့် မသေသင့်ဘဲသေခဲ့ရတဲ့ ပြည်သူတွေ မနည်းမနော ရှိတာတော့ သိကြပြီးဖြစ်မှာပါ။ အဲဒီနောက်ပိုင်းမှာ ကူးစက်ရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ တီဘီရောဂါတွေဟာ၊ ကလေး ကာကွယ်ဆေးနဲ့ ဆက်စပ်ဆေးတွေမရနိုင်တဲ့အတွက် ကူးစက်ရောဂါပျံ့ပွားမှုတွေ အများကြီးတိုးလာပါတယ်။ ဒါ့အပြင် မကူးစက်နိုင်ပေမယ့် စဉ်ဆက်မပြတ် ဆေးကုသမှု လိုအပ်တဲ့ သွေးတိုး၊ ဆီးချိုရောဂါ၊ စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ရောဂါ တွေလဲ ဖြစ်ပွားမှုတွေ တွေ့နေရတာများပါတယ်။ ကျမတို့လက်လှမ်းမမီတဲ့နေရာမှာ ရောဂါပျံ့ပွားမှုတွေကို မသိနိုင်တာတွေ ရှိနေပါသေးတယ်။

မေး- ချင်းပြည်နယ်မှာ တော်လှန်ရေးကာလ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုတွေမှာ ဘာတွေက အရေးတကြီး လိုအပ်နေပါသလဲခင်ဗျာ။

ဖြေ – အခုအချိန်မှာအလိုအပ်ဆုံးကတော့ ပထမဆုံးအနေနဲ့ အုပ်ချုပ်ရေးယန္တရားလိုအပ်နေပါတယ်။ ဒါကြောင့်လဲ ချင်းပြည်သူ များ၊ ဒေသအသီးသီးက အုပ်ချုပ်ရေးများ၊ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့များ ပေါင်းပြီး ချင်းပြည် (Chinland) ကောင်စီကနေ ချင်းပြည် အစိုးရကိုဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါတယ်။ ဒုတိယလိုအပ်ချက် ကတော့ ကျန်းမာရေးလုပ်သားအရင်းအမြစ် ဖြစ်ပါတယ်။ အရင်ကတည်းက ချင်းပြည်က ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ် အလိုအပ်ဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ အခု အစိုးရမပေါ်ခင်မှာတော့ CDM ဝင် ကျန်းမာရေးဝန်ထမ်းများက တတ်နိုင် သလောက် ကိုယ်ရှိတဲ့နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခဲ့ကြတာဖြစ်တယ်။ အခုချင်းပြည် အစိုးရအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်းတွေ အများကြီး ထပ်လိုအုံးမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းခေါ်ယူပြီး နေရာချထားခန့်အပ်သွားမှာဖြစ်ပါတယ်။

တတိယလိုအပ်ချက်အနေနဲ့ ဆေးနှင့်ဆေးပစ္စည်း၊ အဆောက်အဦးနှင့် ဆက်သွယ်ရေးတွေပါ။ အခု ကုန်ဈေးနှုန်းက အရင်ကထက် ၃ ဆ လောက်တက်သွားပြီဖြစ်တယ်။ ၃ နှစ်အတွင်းမှာ စကစ က လေကြောင်း နဲ့ အခြားလက်နက်များကြောင့် ဖြစ်ဖြစ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ကျန်းမာရေးအဆောက်အဦးတွေမနည်းပါဘူး။ ဒါတွေကို အသုံးပြုနိုင်ဖို့ ပြန်လည် ပြုပြင်မွမ်းမံဖို့၊ လုံခြုံတဲ့နေရာမှာ အသစ်ဆောက်ဖို့တွေလဲ လိုအပ်ပါတယ်။ ပြီးတော့ အခုအချိန်မှာ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းမရတာကြောင်း ကျန်းမာရေးသတင်းအချက်အလက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အခက်အခဲတွေ အများကြီးကြုံ နေရပါတယ်။ အခု ချင်းပြည်အစိုးရဖွဲ့စည်းလိုက်ခြင်းအားဖြင့် လိုအပ်တဲ့ နေရာမှာ ပေါင်းစည်းအားနဲ့ လုပ်ငန်း များဆောင်ရွက် သွားနိုင်ဖို့ရည်မှန်းပါတယ်။

မေး- ချင်းပြည်နယ်မှာ တော်လှန်ရေးကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှု လက်လှမ်း မမိတဲ့ ပြည်သူ တွေ ဘယ်လောက်ရာခိုင်နှုန်းလောက် ရှိပါသလဲခင်ဗျာ။ သူတို့အခြေအနေတွေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ – တော်လှန်ရေးကာလမှာ ကျန်းမာရေးလက်လှမ်းမမီနိုင်တာတွေ အများကြီးရှိပါတယ်။ ရာခိုင်နှုန်းနဲ့ အတိကျပြောဖို့ခက် ပါတယ်။ ရောဂါဖြစ်ပွားမှုမှာ ကာကွယ်လို့ရတဲ့ရောဂါရှိသလို ကာကွယ်လို့မရတဲ့ ရောဂါဆိုပြီး ရှိပါတယ်။ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရောဂါတွေမှာ ကာကွယ်လို့ရတဲ့ရောဂါက များပါတယ်။ ဥပမာ မိခင်တစ်ဦး မီးဖွားပြီး သေဆုံးမှုက ကာကွယ် လို့လည်းရသလို ကုသလို့လည်းရပါတယ်။ တီဘီရောဂါ ဆိုရင်လည်း တစ်ဦးကနေတစ်ဦး မကူးစက်အောင် ကာကွယ်လို့ရသလို ကုသလို့လည်းရတဲ့ရောဂါဖြစ်ပါတယ်။ အဲလိုပဲ ဝက်သက်ရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ကောဖြစ်ပါတယ်။ နောက်တစ်ခုက ဆီးချို ရောဂါနဲ့ သွေးတိုးရောဂါတို့က ဖြစ်ပြီးသွားရင် သူ့ကြောင့်ဖြစ်လာမယ့် အကျိုး ဆက်တွေကို ကာကွယ်ထိန်းချုပ်လို့ရပါတယ်။ အခုအချိန်မှာတော့ ချင်းပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မမီခြင်းကြောင့် အထက်မှာပြောခဲ့တဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေကြောင့် မဖြစ်သင့်ဘဲဖြစ်တာ၊ မသေသင့်ဘဲသေရတာမျိုး တွေ အရင်ကထက် အများကြီး ပိုဖြစ်နေတာတွေ့ရပါတယ်။

မေး – ချင်းပြည်က ပြည်သူတွေ တော်လှန်ရေးကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ရရှိဖို့ ဘာတွေ လိုအပ်နေ ပါသလဲ။ ဘယ်လိုအခက်အခဲနဲ့စိန်ခေါ်မှုတွေ ရှိပါသလဲခင်ဗျာ။

ဖြေ – အခက်ခဲတွေကတော့ အများကြီးပါပဲ။ ဒီအထဲမှာ ကျမတို့အားသာချက်ကို အရင်ပြောပါရစေ။ ကျမတို့ရဲ့ အားသာချက် ကတော့ ပြည်တွင်းပြည်ပက ကျမတို့ပြည်သူတွေရဲ့ ထောက်ပံ့မှု၊ ထောက်ခံမှုတွေ ရထားတာပါပဲ။ သူတို့ရဲ့ အင်အားနဲ့ ကျမတို့ မျှော်မှန်းတာထက်ပိုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေနိုင်ပါတယ်။ ဒါပေမယ့်စိန်ခေါ်မှုနဲ့အခက်အခဲတွေကတော့ ရှိနေပါတယ်။ ဒါတွေကတော့ အပေါ်မှာပြောခဲ့သလိုပဲ အုပ်ချုပ်ရေးယန္တရား၊ ကျန်းမာရေးလုပ်သားအရင်းအမြစ်၊ ဆေးနှင့် ဆေးပစ္စည်း၊ အဆောက်အဦးနဲ့ ဆက်သွယ်ရေးတွေပါပဲ။ ဒီ့အပြင် အရင်ကတည်းက ချင်းပြည်က အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။

ကျန်းမာရေးဘက်မှာဆိုရင်လဲ မိခင်သေဆုံးမှုအများဆုံး၊ ၅ နှစ်အောက်ကလေးသေဆုံးမှု တတိယအများဆုံးနဲ့ နာတာ ရှည်အာဟာရချို့တဲ့နှုန်း (ပုညက်မှုနှုန်း) အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဝန်ထမ်းဆိုရင်လဲ အများအားဖြင့် ချင်းပြည်ပြင်ပကို အမြဲ အားကိုးခဲ့ရတယ်။ အခုလို တော်လှန်ရေးကာလမှာ ပြည်သူလူထုအနေနဲ့ လုံခြုံရေး၊ ငွေကြေးဖောင်းပွမှု၊ ဆင်းရဲတွင်းနက် လာမှုတွေကြောင့်သော်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီနိုင်တော့ပါဘူး။ ဒါကြောင့် မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုတွေ၊ အာဟာချို့တဲ့မှုဟာလဲ ကျမတို့ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာနေပါတယ်။ နောက်တစ်ခုက ကျန်းမာ ရေးဆိုင်ရာ ရံပုံငွေ ရှားပါးခက်ခဲတာကလဲ အရေးကြီးတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ စကစရဲ့ ဆေးနှင့် ဆေးပစ္စည်း သယ်ယူပို့ ဆောင်မှုတွေ ပိတ်ဆို့ ဖမ်းဆီးတင်းကျပ်တာတွေကလဲ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။

မေး – ချင်းပြည်နယ်က ချင်းပြည်သူတွေအတွက် ဆရာမတို့ရဲ့ ကျန်းမာရေး အစီအမံတွေ ချထားတာရှိပြီးဆိုရင်လည်း ပြောပြပါဦးခင်ဗျာ။

ဖြေ – ဒေသခံတွေရဲ့ အခြေခံအချက်အလက်ကောက်တာတွေ ပြီးစီးပြီဆိုတာနဲ့ ချင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ကျန်းမာရေးမူဝါဒချမှတ်နိုင်ဖို့ တတ်သိပညာရှင်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးတာဝန်ခံများ၊ ချင်းပြည်အစိုးရ အဖွဲ့ဝင်များနဲ့ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်သွားပါ့မယ်။ ပြီးတော့ အဲဒီ အလုပ်ရုံဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပြီး ကျန်းမာရေးစီမံချက်များ ရေးဆွဲ အကောင်ထည်ဖော်သွားမှာဖြစ်ပါတယ်။

မေး – ကျနော် မမေးမိတဲ့ အကြောင်းအရာဖြစ်ဖြစ်၊ ဖြည့်စွက်ပြောဖို့ လိုအပ်တာတွေ ပြောပေးပါ။

ဖြေ – အာဏာသိမ်းပြီးတဲ့နောက်မှာ နေရာဒေသအသီးသီးမှာ ပြည်တွင်းပြည်ပရဲ့ အကူအညီတွေနဲ့ တတ်နိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှုတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် အစိုးရ မရှိသေးတဲ့ အခါကျတော့ တစ်ယောက်တစ်ပေါက် ဖြစ်နေတာပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေမရှိတဲ့ နေရာမှာ ရမ်းကုတွေ ကြိုက်သလိုနေရာယူလာကြတယ်။ အစား အသောက်နဲ့ ဆေးဝါးရောင်းဝယ်မှုတွေလဲ အဆင်ပြေသလိုပဲ လုပ်နေကြတဲ့အခါ ထိခိုက်လာတာက ကျမတို့ပြည်သူတွေပဲ ဖြစ်ပါတယ်။

အခုလို ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်တဲ့ အခါကျတော့ ချင်းပြည်တစ်ခုလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျနဲ့ သာတူညီမျှလွှမ်းခြုံနိုင်ဖို့၊ ချင်းပြည်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးမူဝါဒရေးဆွဲပြီး ပိုလိုတဲ့သူကို ပိုပေးတဲ့စနစ်မျိုး ဖြစ်လာဖို့၊ ဝန်ထမ်းကိုလဲ သေချာရွေးချယ်ခန့်ထားနိုင်ဖို့၊ ပြည်သူတွေအားလုံး ကျန်းမာရေးကို လက်လှမ်းမီနိုင်ဖို့ ၊ ချင်းပြည် အတွင်းက အင်အားစုနဲ့ ကျွမ်းကျင်ပြီး အရည်အချင်း ပြည့်မီတဲ့ ကျန်းမာရေးအရင်းအမြစ်တွေ မွေးထုတ်လာနိုင်ဖို့တွေကို ချင်းပြည်အစိုးရအနေနဲ့ ဆောင်ရွက်သွားနိုင်ဖို့ ရည်မှန်းပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပက ချင်းညီအကိုမောင်နှမများနဲ့ မြန်မာပြည်သူပြည်သားများ အနေနဲ့လည်း ချင်းပြည်အစိုးရကို ဆုတောင်းခြင်းအားဖြင့် သော်လည်းကောင်း၊ အကြံဉာဏ်များ ပေးခြင်းဖြင့်သော်လည်းကောင်း၊ ငွေအား လူအားဖြင့်သော်လည်းကောင်း၊ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို ဆက်သွယ်လိုပါက –
admin@chinlandmohs.org, minister@chinlandmohs.org, Facebook: Ministry of Health And Sports, Chinland Government သို့ချိတ်ဆက်နိုင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.