(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ (၁၃) ရက်နေ့ည သန်းခေါင်ယံအချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။
ပလက်ဝကောင်စီက တာဝန်ရှိသူတဦးက “ဆမီး ရပ်ကွက် (၂) က ထွေအုပ်ရုံးကို စကစက ဗုံးကြဲတယ် ဆိုတဲ့ သတင်းရထားတယ်။ အထိအခိုက်ရှိသလား၊ ဒါမှမဟုတ်မီးလောင်သလားဆိုတာ အတည်ပြု လို့မရသေးဘူး။ ဒီမနက်ကတည်းက ဆက်သွယ်လို့မရဘူး ဖုန်းလိုင်းလည်း မရသေးဘူး၊ မနေ့ညက ဗုံးကြဲပြီး ရှေ့ဆင့်နောက်ဆင့် လောက်မှာဖုန်းလိုင်းခနရတဲ့အချိန်မှာ သူတို့ဖုန်းဆက်ပြီးသိရတာပဲ သိရတာ” ဟု ပြောသည်။
အဆိုပါလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မူကြောင့် ဆမီးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ထွေအုပ်ရုံးမီး လောင်ပျက် စီးခဲ့သည်ဟု သိရသော်လည်း ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက်မှုကြောင့် အရပ်သားထိခိုက် မှုအခြေနေများ ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဆမီးမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်ထဲက မြို့ဖြစ်သည်။