Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်ဒေသတချို့မှာ ကြက်ဥ ၁ လုံးကို ၁၀၀၀ ကျပ်ဖြင့် ဒေသခံများ ဝယ်ယူနေရ

ချင်းပြည်ဒေသတချို့မှာ ကြက်ဥ ၁ လုံးကို ၁၀၀၀ ကျပ်ဖြင့် ဒေသခံများ ဝယ်ယူနေရ

0
By Editor on September 18, 2024 Headline

|| အာဏသိမ်း ၄ နှစ်နီးပါးခန့်တွင် ဆန်ဈေးမှာ ၆ ဆနီးပါးနှင့် တခြားကုန်စည်ဈေးနှုန်းမှာ ၄ ဆ ခုန်တက်သွား

(006SV)

စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ချင်းပြည်နယ်၏ ဒေသတချို့တွင် ကြက်ဥ ၁ လုံးကို ၁၀၀၀ ကျပ်ခန့်ဖြင့် ဈေးပေါက်နေပြီး စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာတွင် ဆန်ဈေးမှာ ၆ ဆနီးပါးနှင့် အခြေခံစားသောက် ကုန်ဈေးနှုန်းမှာ ၄ ဆနီးပါး တက်သွားကြောင်း သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်က ကျေးရွာတချို့တွင် ကြက်ဥ ၁ လုံးကို တစ်ထောင်ကျပ်၊ ဆန်တစ်အိတ်လျှင် ၂ သိန်းကျပ်အထိရှိနေကြောင်း ဒေသခံများနှင့် ကုန်စုံဆိုင်ပိုင်ရှင်တချို့ထံမှ စုံစမ်းသိရှိရသည်။

“ကော်ဖိမက် တစ်ထုတ် ၆၀၀ ကျပ်၊ အထုတ်ကြီး တစ်ထုတ်က တစ်သောင်း ၈ ထောင်ကျပ်။ ကြက်ဥ တစ်လုံးကို တစ်ထောင်ကျပ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အရင်က တစ်လုံးကို ငါးရာ။ လေးလုံးကို နှစ်ထောင်ပါ။ ၃ လုံးကိုနှစ်ထောင်ရှိပါတယ်။ ဟားခါးကနေ ပစ္စည်းမှာတယ်ဆိုရင် လွယ်လွယ်နဲ့ သွားလာလို့ မရဘူး။ အခုက ထန်တလန်က စစ်တိုက်နေတော့ တခြားနေရာက‌နေ ပတ်သွားရ တယ်။ အခုတလောက မိုးတအား ရွာတော့ လမ်းတွေ တအားကြမ်းတယ်” ဟု ထန်တလန်မြို့နယ် ကျေးရွာတစ်ရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

အာဏာမသိမ်းမီက ချင်ပြည်နယ်တွင် ကာနန်ဧရာမင်း ဆန်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ရှိခဲ့ရာ လက်ရှိတွင် ကျပ် ၂ သိန်း ဈေးပေါက်ပြီး ကြက်ဥ ၁ လုံးလျှင် ကျပ် ၁၀၀ ကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် ၁၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ ကော်ဖီမစ်အထုပ်ကြီး တစ်ထုတ်လျှင် ၄၅၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၁၈၀၀၀ ကျပ် ပေးဝယ်ရကြောင်း သိရသည်။

၂၀၂၁ အာဏာမသိမ်းမှီက ဓါတ်ဆီ ၁ ဂါလံလျှင် ၇၅၀၀ ကျပ်ရှိခဲ့ရာ လက်ရှိတွင် ၂၈၀၀၀ ကျပ်ဖြင့် ပေးဝယ်ရကြောင်း၊ နို့ဆီဘူး ၁ ဘူးလျှင် ၁၅၀၀ ကျပ်ရှိရာ လက်ရှိတွင် ကျပ် ၆၀၀၀ ရှိပြီး သကြားတစ်ပိသာမှာ ၂၀၀၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၉၀၀၀ ကျပ် ပေးဝယ်ရကြောင်း သိရသည်။

ယခင်က ပဲဆီ ၁ ပိသာလျှင် ၆၀၀၀ ကျပ်ရှိခဲ့ရာ ၂၀၂၄ ဇန်နဝါရီလတွင် ၂၅၀၀၀ အထိ ဈေးမြှင့်တက်သွားခဲ့ပြီး ယနေ့တွင် စားအုန်ဆီကိုသာ ၁ ပိသာလျှင် ကျပ် ၂၀၀၀၀ ဖြင့် သယ်ယူရောင်းချနေရကြောင်း ဟားခါးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဟားခါးမြို့က ဆန်ဆီဆားအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ဟားခါးမြို့အနီးဒေသနှင့် တခြားမြို့နယ် ဒေသများထံ ရောက်ရှိသွားပါက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ကျပ်ထောင်ဂဏန်းဖြင့် ထပ်မံမြင့်တက်သွားကြောင်း သိရသည်။

“ဒီဟာနဲ့ ပတ်သက်လို့ ချင်းပြည်မှာ ရှိတဲ့ လူထုအများစုကတော့ ကိုယ်နဲ့ နီးစပ်ရာ ဘေးကင်းလုံခြုံရာကို စစ်ဘေးတိမ်း ရှောင်တာတွေ ပိုပိုများလာတယ်။ ဥပမာ ကုန်ပစ္စည်း ဝယ်ယူရ လွယ်ကူတဲ့ နေရာတွေကို ပြောင်းရွေ့တာတွေ များလာတယ်။ ကိုယ့်နေရာ ရပ်ရွာမှာက အလုပ်အကိုင် အခွင့်အလမ်းလည်း ရှားပါးလာတယ်။ ဝင်ငွေလည်း မရှိဘူးဆိုတော့ ဆီ၊ ဆန်၊ ဆား ဝယ်ဖို့တောင် အတော်လေး ဒုက္ခရောက်ကြတယ်။ တတ်နိုင်တဲ့ လူက မြေပြန့်ဘက် ကလေးမြို့ဘက်မှာ ထွက်ပြေး တိမ်းရှောင်ကြတာ ရှိသလို အဆက်အသွယ်ရှိတဲ့ လူတွေက မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာရှိတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် ICA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက ပြောသည်။

၂၀၂၄ ခုနှစ် ဖေဖာ်ဝါရီလမှ ယနေ့ စက်တင်ဘာလအထိ ၈ လတာကာလအတွင်း ဆန်ဈေးမှာ ကျပ်ငါးသောင်း နီးပါး၊ ကော်ဖီမစ်ထုတ်ကြီးဈေးမှာ ၈၅၀၀ ကျပ်၊ နို့ဆီဘူးမှာ ၂၅၀၀ ကျပ်၊ သကြားမှာ ၄၅၀၀ ကျပ်၊ ဓါတ်ဆီဈေးမှာ ၅၀၀၀ ကျပ် အပါအဝင် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လက ချင်းပြည်နယ်ကို ကုန်ပစ္စည်းများ သယ်ပို့သည့် ကလေးမြို့ဘက်က ၉ မိုင်ဂိတ်တွင် ဆန်အပါအဝင် အခြေခံစာနပ်ရိက္ခာပစ္စည်းများကို စစ်ကောင်စီ ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။

ချင်းပြည်နယ်မှ ပြည်သူလူထုသည် အဓိကအားဖြင့် မကွေး၊ စစ်ကိုင်းတိုင်းဘက်မှ ကုန်ပစ္စည်းများ တင်သွင်းကြရပြီး အိန္ဒိယ ဘက်ခြမ်းမှလည်း အခြေခံစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ဖြည့်တင်းရကြောင်း သိရသည်။

ချင်းပြည်နယ်၏ လူဦးရေး ငါးသိန်းခန့်တွင် ထက်ဝက်ကျော်သည် နီးစပ်ရွာ မြို့၊ ကျေးရွာများ၊ တောင်တောင်များနှင့် အိန္ဒိယဘက်ခြမ်းတွင် စစ်ဘေးရှောင်နေကြရပြီး အခြေခံစားနပ်ရိက္ခာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် စစ်ဘေးရှောင်များ ပိုမိုဒုက္ခရောက်နေကြကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

Photo credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.