Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်နယ်က CDM လှုပ်ရှားမှု (သို့) လက်နက်မဲ့ တော်လှန်ရေးတပ်ဦး

ချင်းပြည်နယ်က CDM လှုပ်ရှားမှု (သို့) လက်နက်မဲ့ တော်လှန်ရေးတပ်ဦး

0
By Editor on April 4, 2022 Featured

မာဂရက် ရေးသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရဆီကနေ မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိစပြုနေတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟာ အမှောင်ထုကို တဖန် ပြန်လည်ကျရောက်ခဲ့ရပါတယ်။

ဒီလိုနိုင်ငံတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတစ်ဝှမ်းမှာ ပြည်သူလူထုနဲ့အတူ အစိုးရဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာခဲ့ကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံကြတဲ့အပြင် အာဏာရှင်ရဲ့ လက်အောက်မှာ အလုပ်ဆက်မလုပ်ချင်တော့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဖယ်ဒရယ်ဂျာနယ်မှာ စစ်တမ်းကောက်ယူပြီး စာရင်းပြုစုထားချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံး ပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ထမ်းပေါင်း နှစ်သောင်းကျော်ရှိတဲ့အထဲမှာ ဝန်းထမ်းပေါင်း တစ်သောင်းလေးထောင်ကျော်ဟာ CDM ဝင်ထားတာဖြစ်တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်းနှုန်းကျော် ပါဝင်တယ်လို့ဆိုရမှာပါ။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို မြန်မာနိုင်ငံမှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းအားလုံး အင်တိုက်အားတိုက် ပါဝင်ခြင်းမှာ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုတွေ ရပ်တန့်လာစေပြီး အရပ်သား ပြည်သူ့ အစိုးရထံအာဏာပြန်လွဲမည်ဆိုတဲ့အသိကြောင့်ပါဝင်လာခဲ့ကြပေမယ့် ဒီလှုပ်ရှားမှုကြီးမှာ ကာလရှည် ကြာမြင့်လာတာနဲ့အမျှ CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ အသက်အန္တာရာယ်ကြုံတွေ့ ရနိုင်တဲ့အခြေအနေထိ ရင်ဆိုင်လာခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM ဝင်ပြီးနောက်ပိုင်း တောထဲရောက်နေတဲ့ အကူသူနာပြုဆရာမ တစ်ယောက်က “ကိုယ့်ထက်အကြီးတွေက ဒီ CDM လုပ်မယ်ဆိုရင် ဘယ်ချိန်ထိလုပ်မှာ လဲ အဆုံးစွန်ထိလုပ်မှာလားမေးတော့ စလုပ်ပြီဆိုတော့ အောင်မြင်တဲ့အထိ ရလဒ်တစ်ခု အခြေအနေတစ်ခု ရောက်တဲ့ အထိလုပ်မှာလို့ပြောထားလိုက်တာ။ အစ်မကျတော့ ပြန်ခေါ်တဲ့စာတွေသုံးခါ လောက်ရောက်တယ်၊ ဖုန်းနဲ့ ရောပြန်ပြန် ခေါ်တယ်။ မပြန်လာဘူးဆိုရင် ဘာဖြစ်မယ်ညာဖြစ်မယ်လို့ အဲ့လိုမျိုး တော့အပြောခံရ တာပေါ့။ အဲ့တုန်းကဆိုရင် နည်းနည်းတော့ကြောက်တာပေါ့။ ဒါပေမယ့် ပြန်သွားဖို့ စိတ်ကူးတော့မရှိပါဘူး” ဆိုပြီး ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးအချိန်ကနေ မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေး၊ ပညာရေး၊ အခြားသော အစိုးရဌာနဆိုင်ရာ အလိုက် နိုင်ငံဝန်ထမ်းပေါင်း သိန်းနဲ့ချီ အာဏာသိမ်းမှုကို ဆန့် ကျင်ပြီး CDM တွင် ပါဝင်ကာ ပြည်သူလူထုနှင့်အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အလုပ်အကိုင်နှင့်အတူ ဝင်ငွေ ရရှိမှုကိုပါ ရပ်တန့်သွားကြသည့် CDM နိုင်ငံဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်စေ ပြည်သူလူထုအနေဖြင့်လည်းတတ်နိုင်သမျှ ကူညီထောက်ပံ့ခဲ့ကြပါတယ်။

သို့သော်လည်း ချင်းပြည်နယ်က CDM ဝန်းထမ်းအများစုဟာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ လုံခြုံ ရေး အနေအခြေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသလို ပြည်တွင်းမှာပဲနေထိုင်ကြတဲ့ CDM ဝန်ထမ်း တွေဟာလည်း အခက်အခဲအမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေရတဲ့ကြားမှာ ကိုယ်ထူ ကိုယ်ထ ရပ်တည်လာခဲ့ကြရပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ထောက်ပံ့ပေးမှုအားနည်းသလို ထောက်ပံ့ပေးသူတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးတာတွေ ရှိနေပါတယ်။ အာဏာသိမ်းမှု ၁ နှစ်ကျော်လာတဲ့အချိန်မှာ ကိုယ်တိုင်ခက်ခဲစွာနဲ့ ရှင်သန်နေထိုင်လာနေရပေမယ့် နောင်တရတာမျိုးမရှိဘူးလို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ချင်းပြည်နယ်က ရဲတပ်သားတယောက်က ပြောပါတယ်။

“CDM လှုပ်ရှားမှုမှာ ပါဝင်ရပြီး နောင်တရတာမျိုးမရှိဘူး၊ နောက်ကျမှ CDM ဝင်ခဲ့ရပါလားဆိုတဲ့ နောင်တရတာမျိုးပဲရှိတယ်၊ Non CDM လုပ်တဲ့ဝန်ထမ်းတွေကို တိုက်တွန်းချင်တာက CDM လုပ်ခိုင်းစေချင်တယ် အဲ့ဒါမှ ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာမယ် ကိုယ့်ဘက်က လုပ်အားနဲ့ မတတ်နိုင်ပေမယ့် CDM ဝန်ထမ်းပါဝင်ခြင်းအားဖြင့် တိုက်ခိုက်နိုင်တယ်။ စစ်အာဏာရှင်က သူတယောက်ထဲ ဘာမှလုပ်လို့မရဘူး။ လုပ်ငန်းလည်ပတ်လို့မရဘူး၊ ဘယ်လိုမှ မရပ်တည်နိုင်ဘူး ဒါဆိုရင် အာဏာပြန်လွဲမှာပဲ” လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီနှင့် အပေါင်းအပါများက ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်တာ၊ လူမဆန်သောလုပ်ရပ်များအပေါ် ဆန့်ကျင်ပြီး ပြည်သူလူထုဘက်ကို ရပ်တည်လာကြသော တပ်မတော်သားများအားကူညီေသာ ပြည်သူ့စစ်သား (People’s Soldiers) အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ CDM ဝင်တဲ့ စစ်သားတွေကို ကူညီပေးနေသော People’s Soldiers (ပြည်သူ့စစ်သားများ) အဖွဲ့ နဲ့ People’s Embrace (ပြည်သူ့ရင်ခွင်) အဖွဲ့ဆိုပြီး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ ၂ ဖွဲ့ရှိပြီး ယင်းအဖွဲ့များရဲ့ အဆိုအရ CDM ဝင်လာတဲ့ တပ်မတော်သား ၂,၀၀၀ ကျော် ရှိနေပြီး ရဲတပ်ဖွဲ့ဝင် အရေအတွက် မှာ ၆,၀၀၀ ကျော် ရှိနေပြီဟု Irrawaddy သတင်းဌာနမှာ ဖော်ပြချက်အရ သိရပါတယ်။

သူတို့အဖွဲ့အနေနဲ့ အာဏာသိမ်းစစ်တပ်အတွင်းကနေ ပြည်သူ့ဖက်ရပ်တည်လိုသော တပ်မတော်သားများကို ဖိတ်ခေါ်ခြင်း၊ ကူညီခြင်း၊ သတင်းအချက်အလက်မျှဝေခြင်း၊ တဖက်မှာလည်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းပြီး ပြည်သူ့ ဖက်ရပ်တည်လာမည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖိတ်ခေါ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရတယ်ဆိုပြီး Myanmar Peace Monitor သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေပြင်းထန်လာတာနဲ့အမျှ မြို့၊ ကျေးရွာတွေမှာ လူ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုတွေလုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရှို့မီးကြောင့် ချင်းပြည်နယ်မှာ လူနေအိမ် တစ်ထောင်နှစ်ရာကျော်ပျက်စီးသွားခဲ့ပြီးဖြစ်ပါတယ်။ အထူးသဖြင့် ထန်တလန် မြို့မှာ လူနေအိမ်ခြေ ကိုးရာကျော် မီးလောင် ဖျက်စီးခဲ့ပြီး မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ဖလမ်း၊ တီးတိန်မြို့နယ်တွေမှာလည်း လူနေအိမ်တွေ မီးလောင် ဖျက်စီးခဲ့ရတယ်ဆိုပြီး Instiute Of Chin Affairs, Chinland Join Defense Committee,CHRO, khonumthung, Thantlang Placement Affairs Committee စတဲ့ စာရင်းမှတ်တမ်းတွေအရသိရပါတယ်။

ချင်းပြည်နယ်ဟာ မြို့နယ်ကိုးမြို့နယ်နှင့်ဖွဲ့စည်းထားပြီးတော့ ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လူဦးရေ ၄ သိန်း ၇ သောင်း ကျော်လောက်ရှိပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ရဲ့ ထိုးစစ်ဆင် တိုက်ခိုက် မှုတွေကြောင့် ချင်းပြည်နယ်မှာ နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး ရှောင်လူဦးရေ တဖြည်းဖြည်းတိုး လာနေပြီး စာရင်းအတိအကျဖော်ပြရန်ခက်ခဲပေမယ့် ချင်းစစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်လောက်ရှိပြီ လို့ယူဆရ ပါတယ်။ ပြည်တွင်းမှာ ခြောက်သောင်းလောက်ရှိပြီး ပြည်ပအန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှာ လေးသောင်းဝန်း ကျင်လောက်ရှိတယ်လို့ခန့်မှန်းရပါတယ်။

CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက မြို့ပေါ်တွေကိုသာ ထိန်း ချုပ်နိုင်တဲ့ အခြေအနေမှာရှိနေပြီး ချင်းပြည်နယ်ရဲ့နယ်မြေ ၇၅ ရာခိုင်နှုန်းလောက်ကတော့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ထဲရောက်ရှိနေပြီလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူက မီဒီယာတစ်ခုနဲ့အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ ဒါဟာ အားကောင်းတဲ့ CDM လှုပ်ရှားမှုရဲ့ ရလဒ်တစ်ခုဖြစ်သလို ချင်းလက်နက်တပ်ဖွဲ့တွေ၊ CDM တွေ၊ ပြည်သူလူထုတွေရဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဆိုတာ ညင်းလို့မရပါဘူး။

ဒါကြောင့် မြန်မာစာကားပုံမှာ “အနာခံမှ အသာစံရမည်” ဆိုတဲ့စကားအတိုင်း ယခုအခြေအနေမှာ တော်လှန် ရေးဟာ ခက်ခဲကြမ်းတမ်းရင်ကြမ်းတမ်းမယ် ဒါပေမယ့် မလျှော့သောဇွဲလုံ့လတွေနဲ့ ဟန်ချက်ညီညီ ဆက်လက်ချီ တက်ကြမယ်ဆိုရင် မိမိတို့မျှော်လင့်တောင်းတနေတဲ့ အနာဂတ်ပန်းတိုင်ဟာ မုချဧကန်ရောက်ရှိလာမှာပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.