Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

0
By Editor on June 5, 2023 Headline

04SS

မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁ ရက်နေ့ကစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ပြီး ခုခံတော်လှန်စစ် ပြင်းထန်နေသော ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ကာ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀၀ ကျော်ရှိသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့ကလွဲ၍ ၈ မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့က ကျောင်းပေါင်း ၃၂၈ ကျောင်းဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၅၄၃၄ ဦး တက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှပြုစုသော စာရင်းအရ သိရသည်။

ယခုပညာသင်နှစ်သည် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီလက်အောက်မှာ ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှု အများဆုံးဖြစ်သည်ဟု သိရသည်။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် သားသမီးများ ကျောင်းမတက်နိုင်သည်မှာ ၃ နှစ်ကျော်ရှိလာပြီဖြစ်ကာ ကလေးငယ်များ၏ အနာဂတ်ပညာရေးပိုင်း စိုးရိမ်ရသည့်အတွက် စစ်ကောင်စီလက်အောက်မှာ ကျောင်းမအပ်ချင်သော်လည်း အပ်ခဲ့ရသည်ဟု ဟားခါးမြို့က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ဒီနှစ်က ရပ်ကွက်ထဲကလူတွေရော ကျောင်းအပ်တဲ့သူတွေတော်တော်များတယ်။ အဓိကတော့ ကလေးတွေက ကျောင်းမတက်တာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပြီလေ။ ကျွန်မကလေးဆို အခု ၈ နှစ်ရှိပြီ အခုထိ KG မတက်ရသေးဘူး။ သူတို့အသက်သာ ကြီးလာတာ ကျောင်းမတက်တော့ ဖုန်းပဲဆော့ကြတယ်။ ဆိုတော့ သူများကလေးတေလဲ တက်တယ် ကိုယ့်ကလေးကျ မတက်ခိုင်းရင် အောက်ကျနောက်ကျဖြစ်မယ်။ တဖက်မှာလဲ စစ်တပ်လက်အောက်မှာတော့ မတက်စေချင်ဘူးပေါ့နော် ဒါပေမဲ့ မြို့ပေါ်မှာက NUG ဖွင့်တဲ့ကျောင်းလဲမရှိ၊ ပြီးတော့ ကိုယ်ပိုင်ကျောင်းတွေမှာထားဖို့ကလဲ ၁ လ ၁ သိန်းဆိုတော့ မတတ်နိုင်ပြန်ဘူး။ အစိုးရကျောင်းမှာ အပ်ဖို့ပဲရှိတော့တယ်။” ဟု ပြောသည်။

ယခုနှစ် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် ကျောင်းတက်ရောက်မှု အများဆုံးဖြစ်ပြီး ကျောင်းသားဦးရေ ၁၇၃၂၂ ဦးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

မြို့နယ်အလိုက် ကျောင်းတက်ရောက်မှုမှာ ဟာခါးမြို့နယ်တွင် ၂၁၉၂ ယောက်၊ ဖလမ်းမြို့နယ်တွင် ၂၇၀၆ ယောက်၊ တီးတိန်မြို့နယ်တွင် ၄၈၄၀ ယောက်၊ တွန်ဇံမြို့နယ်တွင် ၅၉၆၆ ယောက်၊ မင်းတပ်မြို့နယ်တွင် ၁၅၀၆ ယောက်၊ ကန်ပ က်လက်မြို့နယ်တွင် ၁၄၂ ယောက်၊ မတူပီတွင် ၇၆၀ ယောက်ရှိသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က တမြို့လုံးမီးရှို့ဖျက်ဆီးခဲ့သော ထန်တလန်မြို့နယ်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိပေ။

ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားအကောင်းဆုံး ပြည်နယ်ဖြစ်ကာ သင်ကြားရေးပိုင်းတွင် အခက်အခဲနိုင်မည်ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

“အခုလို ကျောင်းဖွင့်တော့ စာသင်ပေးမယ့် ကျောင်းဆရာ/ဆရာမ ကလောက်မှာ မဟုတ်ဘူး။ သင်ကြားရေးပိုင်းကတော့ အားနည်းမှာ သေချာတယ်။ ဒါပေမဲ့ ကလေးတွေက အခုဒီနှစ်နဲ့ဆို ကျောင်းမတက်ရတာ ၃ နှစ်ရှိပြီဆိုတော့ တော်တော် လေးကို နောက်ကျနေကြပြီလေ။ ပြီးတော့ သူတို့အိမ်မှာ ဖုန်းကြည့်၊ ဆော့တာထက် ကျောင်းမှာ စာ ၁၀ ပုံ ၁ ပုံပဲရရ ကိုယ်ပိုင်ကျောင်းတွေမှာမထားနိုင်ဘူး၊ ပိုက်ဆံမရှိဘူးဆိုရင်တော့ အစိုးရကျောင်းထားရမှာပဲ” ဟု ပြောသည်။

ချင်းပြည်နယ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်းရှိသည့်အနက် ၃၂၈ ကျောင်းသာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာ/ဆရာမ စုစုပေါင်း ၉၆၆၇ ဝန်းကျင်ရှိသော်လည်း ၄၀၀၀ ကျော်သည် CDM မှာ ပါဝင်ကြသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်ကြုံနိုင်သည်ဟု သိရသည်။

ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.