Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ တကျာ့ပြန်အဖြစ်များလာဟု ICA ပြော

ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ တကျာ့ပြန်အဖြစ်များလာဟု ICA ပြော

0
By Editor on July 8, 2023 Headline

Salai Vakok

ချင်းပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဖွင့်လှစ်ထားသော Lailun ဆေးရုံတွင် ကုသပေးရသည့် ပြည်သူများ၏ ၃၀ ရာခိုင်နှုန်းတွင် ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ငှက်ဖျားရောဂါပြန်လည် အဖြစ်များလာသည် ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) ထံက သိရသည်။ 

ဆေးရုံးသို့ လာရောက်ကုသသူ ချင်းပြည်သူ ဦးရေ ၅၀၀ နီးပါးတွင် ၅၀ ရာခိုင်နှုန်းမှာ ရာသီတုတ်ကွေ ဖြစ်ပွားနေပြီး၊ ၃၀ ရာခိုင်နှုန်းမှာ ငှက်ဖျားရောဂါများ တကျော့ပြန် အဖြစ်များလာသည်။ ကျန် ၂၀ ရာခိုင်နှုန်းမှာ ပုံမှန်ဖြစ်နေကြ နှာစေးချောင်းဆိုး၊ နာတာရှည် ရောဂါများဖြစ်သည်ဟု ICA မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံက ပြောသည်။ 

“အခုအများဆုံးဖြစ်နေတာက ရာသီတုတ်ကွေးပေါ့နော်။ ရာသီတုတ်ကွေးက အဖြစ်အများဆုံးဖြစ်နေတယ်။ အရင်တုန်းက မရှိတော့တဲ့ဟာ ငှက်ဖျားပြန်ဖြစ်တဲ့ သူကလည်းတော်တော်လေး ရာခိုင်နှုန်း တိုးလာတယ်။ ဘာလို့လည်းဆိုတော့ ဆေးဝါးကုသဖို့ လုံလုံလောက်လောက် မရှိတာ၊ နောက်တချက်က ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာ၊ အဲဒါကြောင့် ငှက်ဖျားက အတော်လေး အဖြစ်များနေပါတယ်” ဟု သူက ပြောသည်။ 

တကျော့ပြန် အဖြစ်များလာနေသည့် ငှက်ဖျားရောဂါသည် ချင်းပြည်နယ်၏ နေရာတော်တော် များများတွင် ဖြစ်ပွားနေပြီး အဓိကအားဖြင့် မြို့များနှင့် အလှမ်းဝေးသော ကျေးလက်ဒေသများတွင် ပိုအဖြစ်များလာသည်ဟု သိရသည်။ 

ယခုနှစ် မေလ ၁၂ ရက်က ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ Lailun ကုတင် ၂၀ ဆံ့ဆေးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လအထိ နှစ်လခန့်တွင် ချင်းပြည်သူ ၅၀၀ နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ 

Lailun ဆေးရုံးသည် တရွာကို အိမ်ခြေ ၅၀ ခန့် ပျှမ်းမျှ ရှိနေသော ကျေးရွာပေါင်း ၅၀ နီးပါးကို လွှမ်းခြုံကုသပေးနေသည်ဟု သိရသည်။ 

“အဓိက လိုအပ်တာက လာမဲ့ နှစ်တွေမှာတော့ ကြိုတင်ကာကွယ်မှုကို ဒီထက်မက လုပ်ပေးနိုင်ဖို့ အရေးကြီးတယ်။ ဆေးဝါးတွေလည်း အကူအညီတွေ လိုပါတယ်။ ချင်းပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် လိုအပ်နေတာက ရာသီတုတ်ကွေးအတွက်ရယ်၊ ငှက်ဖျားအတွက် ကြိုတင်ကာကွယ်ရယ်၊ အဲဒါက အတော်ကို လိုအပ်ချက်တွေ များနေပါတယ်။ ကူညီနိုင်မဲ့သူ ရှိရင်တေ့ာ တူတူလက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆလိုင်းဗန်ဆေးစံက ပြောသည်။ 

ဆေးရုံတွင် အမြဲတမ်းဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦးနှင့် အချိန်ပိုင်း ဝန်ထမ်း (၈) ဦးခန့်ဖြင့် လည်ပတ်နေပြီး လက်ရှိတွင် ချင်းပြည်သူများ ပိုမိုများပြားစွာ တက်ရောက်လာ၍ ဝန်ထမ်းမလုံလောက်မှုနှင့် အဆောက်အအုံ မလုံလောက်မှုများကြောင့် ထပ်မံ တိုးချဲ့နိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။ 

ထို့အပြင် ကျေးရွာများနှင့် စစ်ရှောင်စခန်းများရှိ ပြည်သူများကို မိုဘိုင်းကျန်းမာရေး စောင့်ရှောက်မှုစနစ်အပါအဝင် ဆေးခန်း (၂) ခုဖြင့် ကုသပေးနေရာ အာဏာသိမ်း ၂ နှစ်ကျော်အတွင်း လူနာပေါင်း ၇၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ဟု ICA က ထုတ်ပြန်ထားသည်။ 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်းက Zokhawthar ရွာတွင်လည်း ဆေးခန်းနှင့် မိုဘိုင်းဆေးခန်းများမှတဆင့် စစ်ရှောင်လူနာပေါင်း ငါးထောင်နီးပါးကို ကုသမှုပေးထားသည်။ Aizawl မြို့အနီးက စစ်ရှောင်စခန်းများမှ လူနာပေါင်း ၃၀၀ ကျော်ကိုလည်းကုသခဲ့သည်ဟု သိရသည်။ 

ဆေးရုံနှင့်ဆေးခန်းများ၏ ကျန်းမာရေးဝန်ထမ်းအများစုသည် CDM ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး ထောက်ပံ့ကြေး အနည်းငယ်ဖြင့် ခက်ခဲစွာ ရပ်တည်လုပ်ကိုင်နေကြရသည်ဟု သိရသည်။ 

ဆေးကုသရန် လာရောက်သူ ပိုမိုများပြားလာသည့် ၎င်းဆေးရုံးဆေးခန်းများသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ ပေးနိုင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.