(002MG)
ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် ယခုနှစ် ၁၀ လအတွင်း ပြည်သူ (၆၄) ဦးအထိ သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ (၂၂) ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ ချင်းပြည်နယ်တွင် စစ်တပ်ကြောင့် အမျိုးသမီး (၁၆) ဦး၊ အမျိုးသား (၄၈) ဦး စုစုပေါင်း (၆၄) ဦး သေဆုံးသည်ကို နာမည်နှင့်တကွအတည်ပြုနိုင်ခဲ့ကြောင်း AAPP က ပြောသည်။
သို့သော်လည်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၄၈) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစု ဆောင်းကာအတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး (၂၄) ဦး ပါ ဝင်ပြီး သေဆုံးသူများအနက် (၅၉) ဦးမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရခြင်းဖြစ် သည်။
အောက်တိုဘာလ (၁၈) ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပီချောင်းဆုံကုန် သွယ်ရေးလှေဆိပ်အား စစ်တပ်၏ လေကြောင်းမှဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ခြောက်လအရွယ် ကလေး (၁) ဦးအပါအဝင် အရပ်သားပြည်သူ(၉) ဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ပြီး ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်တပ်နှင့် သူ၏လက်ပါးစေများကြောင့် နွေးဦးတော်လှန်ရေး ကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း သေဆုံးသူ (၈၆၀၀) ဦး နှင့် အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးသူ (၅၄၀၀) ခန့် ရှိသည်ဟု (AAPP) ၏ စာရင်းအရ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာစေရေးအတွက်နှင့် ၎င်းတို့ထောင်တွင်းနှင့် အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက် လူမှုဘဝတိုးတက်ရေးများအတွက် ထောက်ခံအားပေးမှုများနှင့် တိုက်တွန်းလှုံဆော်မှုများ ပြန် လုပ်ပေးလျက်ရှိသည့်အပြင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအတွက် စိတ် ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူ ထောင်ရေးအစီအစဉ်များပြုလုပ်ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

