Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

0
By Editor on June 4, 2026 Khonumthung

(002MG)

မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး ချင်းပြည် နယ်တွင်လည်း အခြေခံကျောင်းများစတင်ဖွင့်လှစ်ကာ ကျောင်းအပ်နှံ့သည့်ကျောင်းသူ၊ ကျောင်းသား ဦးရေ ၂၃၀၀၀ ကျော် ရှိသည်ဟု ချင်းပြည်နယ် ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ချင်းပြည်နယ်တွင် အခြေခံပညာရေးကျောင်းများကို ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင်ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။

တီးတိန်မြို့ ဒေသခံတစ်ဦးက “ကျောင်းတွေ ပြန်ဖွင့်တာက သတင်းကောင်းပါပဲ အစိုးရကို ကြိုက်တာ မကြိုက်တာထက် အဓိက ကလေးတွေ ပုံမှန်ကျောင်းတက်နိုင်ဖို့က တကယ် လိုအပ်တာပါ။ (၅) နှစ် လောက် ကျောင်းမတက်ရဘဲ နောက် ထပ် (၅) နှစ်လောက်ပါ ထပ်ပြီး ကျောင်းမတက်ရတော့ဘူးဆိုရင် (၁) တန်းကနေ (၁၀) တန် အထိ ကျောင်းတက်ရမယ့် အချိန်တွေ ဆုံးရှုံးသွားမယ်” ဟု ပြောသည်။

တီးတိန်မြို့နယ်တွင် ဇွန်လ (၂) ရက်နေ့အထိ KG မှ Grade-12 အထိ ကျောင်း သား၊ ကျောင်းသူ(၁၀,၄၅၇) ဦး နှင့် တွန်းဇံ မြို့နယ်တွင် (၁,၇၀၆) ဦး၊ တီးတိန်ခရိုင်အတွင်း စုစုပေါင်း (၁၂,၁၆၃) ဦး ကျောင်းအပ်နှံကာ ပညာသင်ကြားလျက်ရှိ သည်ဟု တီးတိန်ခရိုင်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ဟားခါးမြို့တွင်လည်း ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့် လှစ်နေပြီဖြစ်ဟုသိရသော်လည်း လက်ရှိတွင် ကျောင်းသူ/ ကျောင်းသား ဦးရေစာရင်း အတိအကျမသိရသေးသည့်အပြင် စစ်တပ်ကပြန်လည်ထိန်းချုပ်ထားသည့် ဖလမ်းမြို့ ပေါ်တွင်လည်း အခြေခံပညာရေးကျောင်းများ စတင်ဖွင့်လှစ်နေကာ ပညာသင်ကြားမှုများလည်း စတင်နေကြောင်းသိရသည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်ခြင်းမရှိ သော်လည်း စစ်ဘေးရှောင်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့ ပေါ်တို့ တွင် ကျောင်းအပ်နှံမှုများလာသောကြောင့် ယခင်နှစ်ထက် ချင်းပြည်နယ်တွင် ကျောင်းအပ်နှံသူ ဦးရေ ပိုပိုတိုးများ လာကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်အထိ ကျောင်းသူ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၂၃,၀၁၀ ဦး အထိ ကျောင်းအပ်နှံခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကျောင်းအပ်နှံသည့် ကျောင်းသား/သူဦးရေမှာ ၅ ဒသမ ၈ သန်းနီးပါးရှိကာ ယခင် နှစ်ထက် ကျောင်းအပ်နှံသော ကျောင်းသူ ကျောင်းသား ဦးရေမှာ ၃၂၇,၄၀၉ ဦး ပိုများလာကြောင်း ပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.