(004SS)
ချင်းပြည်နယ်တွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့တွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုရန်စာရင်းသွင်းသူ ၅၅၆ အနက် ၄၀၈ ဦးကသာ ဖြေဆို ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာစာစစ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟားခါးစာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ၃၉၈ အနက် ၂၆၀ ဦးနှင့် တီးတိန်စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထား သူ ၁၅၈ ဦးအနက် ၁၄၈ ဦး စုစုပေါင်း၄၀၈ ဦးကသာ ဖြေဆိုကြသည်ဟု သိရသည်။
၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ချင်းပြည်နယ်မှ ဟားခါးစာစစ်ဌာန၊ တီးတိန်စာစစ် ဌာနနှင့် ခိုင်ကမ်းစာစစ်ဌာနဟူ၍ စာစစ်ဌာန ၃ ခုဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ဟားခါးနှင့် တီးတိန် စာစစ်ဌာန ၂ ခုမှာသာ ဖွင့်လှစ်ဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်နေ့အထိ ဖြေဆိုကြမည်ဖြစ်သည်။ မြန်မာတနိုင်ငံလုံးတွင် ယမန်နေ့က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသူ/ကျောင်းသား ၂၀၈၈၈၉ ဦးရှိခဲ့သည်ဟု သိရသည်။