Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းအလွန် ၃ လအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေး
ဓာတ်ပုံ - ICNCC

ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းအလွန် ၃ လအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေး

0
By Editor on August 4, 2023 Headline

(02HH)

ချင်းပြည်နယ်တွင် မိုခါဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး (၃) လကြာအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေးသောကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်တို့တွင် နေအိမ်များ ပြန်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေသေးကြောင်း သိရသည်။

အဆိုပါမြို့နယ်တို့တွင် နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များ၏ ထိရောက်စွာ ကူညီကယ်ဆယ်မှု မရရှိနိုင်သည့်ပြင် စစ်ကောင်စီ၏ နယ်မြေပိတ်ပင်ခြင်း အခက်အခဲများကြောင့် မုန်းတိုင်းသင့်ပြည်သူများအတွက် အကူအညီရရှိရန် ပိုမိုခက်ခဲရခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ICNCC အဖွဲ့ဝင် ဆလိုင်းမင်းညို က ပြောသည်။

“အဓိက ရန်ပုံငွေအခက်အခဲဖြစ်တယ်၊ စစ်ကောင်စီကနေတဆင့် NGO ကချိတ်ဆက်ပြီး၊ ထောက်ပံ့မယ်ဆိုတဲ့အပိုင်းမှာ သူတို့က ပိတ်ပင်တားမြစ်မှုတွေ ရှိတယ်၊ ဒီအပိုင်းတွေမှာ လူသားစာနာပံ့ပိုးမှု အဖွဲ့အစည်းတွေက လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ဖို့ အခက်အခဲနဲ့၊ လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိတဲ့အတွက် များစွာ ကျွန်တော်တို့ ခက်ခဲဖြစ်တယ်၊ သာမန်ကာလမဖြစ်တဲ့အတွက် တော်လှန်ရေးကာလ အစိုးရကလည်း လောလောဆယ် ရန်ပုံငွေအခက်ခဲအရ ပံ့ပိုးမှုအပိုင်းတွေမှာ တော်တော်လေး ပြန့်ကြတ်ရတော့ အခက်အခဲဖြစ်တယ်” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဆလိုင်းမင်းညို ကပြောသည်။

ချင်းပြည်နယ်အတွင်း မေလ (၁၄) နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် တွန်းဇံမြို့နယ်မှလွဲပြီး ကျန် (၈) မြို့နယ်တွင် အိမ် ၂၇၇၄ လုံး၊ စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁၀၂ ကျောင်း၊ ကျန်းမာရေး အဆောက်အ အုံ ၁၂ လုံး၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြား အဆောက်အအုံ ၆ လုံး စုစုပေါင်း ၃၃၃၈ လုံးပျက်စီးမှုရှိခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီမြို့နယ်သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့်အပြင် ကျန်မြို့နယ်၊ ကျေးရွာများတွင်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လူနေအိမ်၊ IDP (Camp) များ ပြန်လည်ပြုပြင်တည်ဆောက်ကာ လက်ရှိတွင် ဆောက်လုပ်ရေးပစ္စည်းများလိုအပ်နေသေးသည်ဟု မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ကယ်ဆယ်ရေးအသင်းမှ ဒေါ်လှမေက ပြောသည်။

“ဒီအချိန်က မိုးရာသီဆိုတော့ ဝါးကယူလို့မရဘူး ပြီးတော့ မြို့ပေါ်လည်းတက်ခွင့်မရှိဘူးဆိုတော့ သံချောင်း၊ သွပ်တွေတောင်ဝယ်လို့မရဘူး။ ဝါးတဲလေးတွေနဲ့ နေကျရတယ်။ လူမှုအဖွဲ့အစည်းကတွေကတောင်သူတို့စီမှာ ကူညီဖို့တောင် မဝင်နိုင်တာ တော်တော်လေးအခက်အခဲဖြစ်တယ်။ စပါးကျီပျက်စီးတဲ့သူတွေ အများကြီးပါတော့ စားသောက်ရေးခက်တယ်၊ ဆန်တွေလည်း ရွာထဲမှာ ရှိတဲ့ဟာတွေကို မျှစားစနစ်နဲ့ လုပ်နေကြတယ် ဆီ၊ဆား၊ ငပိကစ အစခက်ခဲနေကြတယ်” ဒေါ်လှမေကပြောသည်။

လက်ရှိအထိ မုန်းတိုင်းသင့်ပြည်သူများမှာ ပျက်စီးမှုနည်းပါးသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောင်တို့တွင် ခိုလှုံနေကြသူများလည်း ရှိနေသေးပြီး နေအိမ်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် သံ၊ သွပ်၊ တိုင်၊ ဝါး အပါအဝင် အိမ်ဆောက်လုပ်ငန်းသုံးပစ္စည်းများ လိုအပ်နေသည်ဟု သိရသည်။

ချင်းပြည်နယ် မိုခါဆိုင်ကလုန်းမုန်းတိုင်းသင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် NUG မှ ဗဟို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာနနှင့် ကြားကာလ ချင်းအမျိုးသားတိုင်ပင်ခံကောင်စီအဖွဲ့တို့က ချင်းပြည်နယ် (၉) မြို့နယ်အတွင်းမှ လူနေအိမ်ပျက်စီးမှုများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့်မိုးကာ တာလပတ်များဝယ်ယူနိုင်ရန် ငွေကြေးကူညီထောက်ပံ့ခဲ့ကြောင်း ကန်ပက်လက်မြို့နယ် စစ်ရှောင်တာဝန်ခံတစ်ဦးထံမှ သိရသည်။

ချင်းပြည်နယ်တွင် ကန်ပက်လက်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်ဖြစ်သည့်အပြင် မိုခါမုန်တိုင်းကြောင့် လမ်းများပျက်စီးခြင်း၊ မြေပြိုခြင်း၊ ဖုန်းလိုင်းများပြတ်တောက်ခြင်းကြောင့် ယခင်ထက် ပိုမိုခက်ခဲသောကြောင့် ကူညီရရှိမှုနည်းပါးကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူက ပြောသည်။

“တချို့ကျေးရွာမှာ တော်တော်လေးဆိုးရွားတဲ့အိမ်တွေအလိုက်လုံးလုံးပျက်စီးသွားတာရှိတော့ပျက်စီးသွားပြီးရင် ပြန်နေဖို့မရှိဘူးဆိုတော့ ရှိတဲ့ဟာနဲ့ ရပ်ရွာ လူထုပေါင်းအားနဲ့ ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြင်ကြရတယ်၊ ဆိုးဆိုးဝါးဝါး ထိခိုက်သွားတဲ့စစ်ဘေးရှောင်စခန်းကတော့ မိုးကာတွေ၊ ယာယီတဲတွေဆိုတော့ ပြန်ပြန်ပြီး ဆောင်ရွက်တာ ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီက ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မင်းတပ်မြို့ နှင့် မတူပီမြို့တို့တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အုံများအတွက် ငွေကျပ် ၃၇၂၈၂၄ သန်း ဇူလိုင် ၇ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.