Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ၂၀ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရ
Photo - CHRO

ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ၂၀ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရ

0
By Editor on September 18, 2023 Headline

(003PT)

ချင်ပြည်နယ်တွင် နှစ်နှစ်ကျော်ကာလအတွင်း မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ပြည်သူ ၂၀ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးပြင်းထန်သည့် ချင်းပြည်နယ်တွင် စစ်ကြောင်းထိုးစဥ် ထောင်ထား သော စစ်ကောင်စီတပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကို အရပ်သားပြည်သူများမှ နင်းမိရာ ထိခိုက်ဒဏ်ရာရရှိကြသည့်အပြင် အသက်သေဆုံးမှုများ ကြုံတွေ့နေကြရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ မှာ စီမံကိန်းဒါရိုက်တာ ဆလိုင်း မာန်ဟရဲလျန်က ပြောသည်။

”စစ်ကောင်စီက စစ်ကြောင်းထိုးတိုင်း သူတို့ ရွာမှာတွေတပ်စွဲတယ်၊ ဘုရားကျောင်းတွေမှာ တပ်စွဲတယ်ဆိုရင်၊ အဲ့လိုမျိုး တပ်စွဲပြီးတော့ သူတို့ပြန်လှည့်တဲ့အခါမှာ သူတို့ ဗလာကြီးထားခဲ့တာမဟုတ်ဘူး၊ အဲ့ဒီမှာ မိုင်းတွေထောင်ထားပြီးတော့ ပြည်သူလူထုတွေရဲ့ အပြန်လမ်းနားမှာတွေ မိုင်းထောင်ထားတယ်၊ အဲ့ဒီစစ်ဘေးရှောင်တွေက သူတို့ရဲ့ ရွာကို ပြန်လာတဲ့ အခါမှာ အဲ့ဒီမိုင်းနှင်းမိပြီးတော့ သေဆုံးတာများတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ထိုသို့ မြေမြုပ်မိုင်းကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၄ ဦးအပါဝင် စုစုပေါင်း ပြည်သူ အယောက် ၂၀ သေဆုံးကြောင်း သိရသည်။

သည့်အပြင် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ ကလေး ၃ ဦး နှင့် အမျိုးသမီး ၁၁ ဦးအပါဝင် ပြည်သူ စုစုပေါင်း ၃၇ ဦး ရှိပြီး ၎င်းတို့မှာ ခြေပြတ်၊ လက်ပြတ်မှုများကြောင့် ဒုက္ခိတဘဝသို့ ကျရောက်ခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးသည့်နေရာ ကျေးလက်ဒေသရှိ ပြည်သူများမှာ မိမိနေအိမ်ကို စွန့်ခွာ တိမ်း‌ရှောင်ခဲ့ကြရ သည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အများပြည်သူသွားလာသောနေရာ လမ်းနှင့် ကျေးရွာအနီးတစ်ဝိုက်တွင် နင်း မိုင်းများ ထောင်ထားလေ့ရှိပြီး ယင်းသည် ပြည်သူလူထုကို ရည်ရွယ်ချက်ထား တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

စစ်ကောင်စီ၏ မိုင်းဒဏ်သင့်ပြည်သူများမှာ တောင်ယာနှင့် လယ်ယာစိုက်ခင်းလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲကြုံ တွေ့နေကြရသည့်အတွက် စီးပွားရေးနှင့် စားဝတ်နေရေးပိုင်းမှာလည်း အခက်ခဲများကြုံတွေ့နေကြရသည်ဟုဆိုသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး စစ်ဆင်ရေးဖော်ဆောင်ရာတွင် မြေမြုပ်မိုင်းများ ပိုမိုအသုံးပြုလာ သည့်အပြင် တိုက်ပွဲအရှိန်မြင့်လာနိုင်ပြီး မိုင်းဒဏ်ထိခိုက်နစ်နာရှုံးဆုံးမှုများမှ ကြိုတင်ကာကွယ်ရေး အသိပညာနှင့် အထောက်အကူပစ္စည်းများ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း ဆလိုင်း မာန်ဟရဲလျန်က ပြောသည်။

“အဓိကတော့လေး နိုင်ငံတကာအဖွဲ့စည်းသော်လည်းကောင်း ပြည်တွင်းမှာသော်လည်းကောင်း အဲ့ဒီ မြေမြုပ်မိုင်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အသိပညာတွေ အများကြီးပေးဖို့လိုတယ်၊ အဲ့ဒီအသိပညာပေးတဲ့နေရာမှာ အသိပညာ ပေးတာတင်မဟုတ်ပဲနဲ့ မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ ဒီဟာမျိုးကို ဒုက္ခမရောက်အောင်ပေါ့လေး၊ စက်စပ်ကိရိယာ ပေါ့နော် နည်းပညာအထောက်အကူ ကူညီပေးဖို့တွေလည်း အများကြီးလိုတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ယခု မိုင်းကြောင့် ထိခိုက်သူများအနက် ၂ ဦးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဘက်မှထောင်ထားသော မိုင်းကြောင့်ဟုသိရပြီး ကျန်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်းဒဏ်ကြောင့်ဖြစ်ကြောင်း  ချင်းလူ့အခွင့်အရေးအဖွဲ့ က ဆိုသည်။

၂၀၂၁ ခုစ်မှ ၂၀၂၃ နှစ်အထိ မြေမြုပ်မိုင်းပေါက်ကွဲမှုဒဏ်သင့် ဖလမ်းမြို့နယ်တွင် ၁၁ ဦး၊ ဟားခါးမြို့နယ်တွင် ၁၀ ဦး၊ မတူပီမြို့နယ်တွင် ၉ ဦး၊ တီးတိန်မြို့နယ်တွင် ၉ ဦး၊ မင်းတပ်မြို့နယ်တွင် ၇ ဦး၊ ပလက်ဝမြို့နယ်တွင် ၇ ဦး၊ ထန်တလန် မြို့နယ်တွင် ၃ ဦးနှင့် ကန်ပက်လက်မြို့နယ်တွင် တစ်ဦးရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ဆိုသည်။

စစ်အာဏာမသိမ်းမှုမဖြစ်ပွားခင်ကလည်း ရခိုင်တပ်တော် ‌AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်းခဲ့ပြီး ပလက်ဝမြို့နယ်ဒေသတွင်သာ မြေမြုပ်မိုင်းဒဏ် ခံရသူရှိခဲ့‌သော်လည်း ယခု စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တစ်ခုလုံး မြေမြုပ်မိုင်းဒဏ်သင့်ပြည်သူအရေအတွက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.