Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်‌ချေ အလားအလာမရှိဟု ဆို

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်‌ချေ အလားအလာမရှိဟု ဆို

0
By Editor on March 4, 2025 Khonumthung

(004SS)

စစ်ကောင်စီက ယခုနှစ်အတွင်း ကျင်းပရန်စီစဉ်နေသော ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွင်း ကျင်းပနိုင်ချေ အလားအလာမရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာ‌ရေးအဖွဲ့ Myanmar Peace Monitor-MPM ကဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာ‌ရေးအဖွဲ့ – MPM က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သော “ရွေးကောက်ပွဲ အသစ် ဖြစ်တန်ချေနှင့် တော်လှန်ရေး၏ လားရာ”ဟူသော သုတေသနစာတမ်းမိတ်ဆက်ပွဲမှာ ချင်းပြည်နယ်၏အခြေအနေ နှင့်ပတ်သက်ရာ၍ မေးမြန်းရာမှာ MPM Coordinator ကိုနှင်းကိုက ထိုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

“ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ‌ဖြစ်နိုင်‌ခြေနဲ့ ပါတ်သက်ပြီးတော့ ကျွန်တော်တို့ အချက်အလက်အရ စစ်ကောင်စီ အနေနဲ့ လူဦးရေစာရင်းကောက်ယူခြင်းကို ကြည့်မယ်ဆိုရင် ၉၂ % အထက်က သူတို့ မကောက်ယူနိုင်ဘူး၊ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေက ၈၀% အထက် ၉၀% ကျော် ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အနေအထားက ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်နိုင်ခြေကို လစ်ဟာပြသနေတာပေါ့။ ဆိုလိုချင်တာက စစ်ကောင်စီဟာ လုံလုံခြုံခြုံနဲ့ စိုးရိမ်ကြောင့်ကျမှု ကင်းကင်းနဲ့ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ နယ်မြေမျိုး ချင်းပြည်နယ်မှာ ရှာလို့သိပ်မတွေ့ဘူး။ ဒါကြောင့် ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ခြေအလားအလာမရှိဘူး” ဟု ကိုနှင်းကိုကပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ကျေးလက်လူနေထိုင်မှုမြင့်မားသော ချင်းပြည်နယ်တွင် ဟားခါးမြို့ ရပ်ကွက်အချို့နှင့် တီးတိန်မြို့ ရက်ကွက် အချို့တို့မှာသာ လူဦးရေစာရင်းကို အကြမ်းဖျင်းကောက်ယူနိုင်ခဲ့ပြီး ချင်းပြည် နယ်လူဦးရေ၏ ၉၀% ခန့်ကို သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် စစ်ကောင်စီသည် ပြည်သူလူထု၏ အသိအမှတ်ပြုခြင်း၊မပြုခြင်းထက် ၎င်းတို့အာဏာတည်မြဲရေး၊ သက်စိုးရှည်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီဖြင့်‌သော်လည်းကောင်း၊ Digital မဲပေးစနစ်ဖြင့်သော်လည်းကောင်း ရွေးကောက်ပွဲကို အပိုင်းလိုက် မဖြစ်မနေကျင်းပနိုင်ချေရှိကြောင်း MPM အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၃၀ ရှိသည့်အနက် မြို့ပေါင်း ၂၄၀ မှာတိုက်ပွဲ ဖြစ်စဉ်များရှိသည့်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင် ချေရှိသည့် မြို့ပေါင်း ၁၀၀ ပင်မရှိတော့သည့်အပြင် ကျင်းပနိုင်မည့် မြို့များတွင်လည်း ကျေးရွာ၊ရပ်ကွက်အလိုက် ရာနှုန်းပြည့် ကျင်းပနိုင်ချေရှိမည်မဟုတ်ကြောင်း MPM ကဆိုသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ပြီး ပါတီတည်ထောင်ခွင့်ရရှိထားသော နိုင်ငံရေး ပါတီပေါင်း ၅၆ ခု ရှိပြီး ချင်းပြည်နယ်တွင် ခူမီးအမျိုးသားပါတီတစ်ခုသာရှိသည်ဟုသိရသည်။ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်း နှင့် ပြည်တွင်းက ချင်းနိုင်ငံရေးသမားတချို့တို့ ပူးပေါင်းပြီး နိုင်ငံရေးပါတီတစ်ခုတည်ထောင်ရန် ပြင်ဆင်မှု များရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

Myanmar Peace Monitor-MPM သည် Burma News International (BNI) မှ စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် တော်လှန်ရေးကြောင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ သတင်းအချက်အလက်များ စောင့်ကြည့်‌ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးလုပ်ငန်းများ ပိုမိုနားလည်နိုင်စေရန်နှင့် ချိတ်ဆက်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်‌ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.