Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် မေလအတွင်း အရပ်သား ၁၄ ဦးသေဆုံးဟု Women for Justice ထုတ်ပြန်

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် မေလအတွင်း အရပ်သား ၁၄ ဦးသေဆုံးဟု Women for Justice ထုတ်ပြန်

0
By Editor on June 19, 2026 Headline

(002MG)

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် မေလအတွင်းက အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့သည်ဟု Women for Justice (WJ) အဖွဲ့က ဇွန်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်မေလအတွင်းက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသမီး ၆ ဦးပါဝင်သည်ဟု WJ ကဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦး နဲ့ နှင့် လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လေကြောင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးခန့်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၇၁) လုံး၊ ဘုရားကျောင်း (၂) လုံး၊ အစိုးရအဆောက်အအုံ (၁၁) လုံးထိခိုက်ပျက်စီးခဲ့သည်ဟုလည်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ လူသားဒိုင်း၊ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုး သား (၉) ဦး၊ အမျိုးသမီး (၆) ဦး နှင့် ကျား၊မခွဲခြားမရသော လူဦးရေ (၅) ဦး စုစုပေါင်း (၂၀) ဦးသတ် ဖြတ်ခံရကာ အမျိုး သား ဦးရေ (၅၀၀) နှင့် အမျိုးသမီး (၆) ဦးစစ်မှုထမ်း ရန်ဖမ်းဆီးခံရသည့်အပြင် (၃၂) ဦး လူသားဒိုင်း၊ဖမ်း ဆီးခံရသည်ဟု (WJ) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လက်နက်ကြီးကြောင့် အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး နှင့် ကျား၊မခွဲခြား မရသော လူဦးရေ (၄) ဦး စုစုပေါင်း (၁၂) ဦးသေဆုံးခဲ့ရသည့်အပြင် အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၁၀) ဦး ကျား၊မခွဲခြားမရသော လူဦးရေ (၁၀) ဦး စုစုပေါင်း (၃၃) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု ဖော် ပြထားသည်။

လေကြောင်တိုက်ခိုက်မှုကြောင့် အမျိုးသား (၇) ဦး၊ အမျိုးသမီး (၃) ဦး၊ ကျား၊မခွဲခြားမရသော လူဦးရေ (၁၆) ဦး စုစုပေါင်း (၂၆) ဦးသေဆုံးခဲ့ကာ အမျိုးသား (၅) ဦး၊ ကျား၊မခွဲခြားမရသော လူဦးရေ (၁၃) ဦး စုစုပေါင်း (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် မြေမြုပ်မိုင်းကြောင့် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦး သေဆုံးခဲ့ရသည်။

ပြည်သူနေအိမ် (၉၂) လုံး ထိခိုက်ပျက်စီး ဘုန်းကြီးကျောင်း (၃) လုံး နှင့် အစိုးရအဆောက်အအုံ (၂) လုံး ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်တွင် စစ်တပ်သည် စစ်ရာဇဝတ် မှုနှင့် လူသားမျိုးနွယ်များ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ်နှင့်အမျှ နည်းမျိုးစုံဖြင့် ကျူးလွန် နေသောကြောင့် အမျိုးသမီးများ၏ နေ့စဉ်ဘဝမှာ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများဆက်လက်ကြုံတွေ့နေရသည်ဟု ဆိုသည်။

Women for Justice (WJ) အမျိုးသမီးအဖွဲ့သည် တရားမျှတမှုအတွက် စစ်ကိုင်း တိုင်း နှင့် ချင်းပြည် နယ်တို့တွင် ဖြစ်ပွားနေသော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုများအား လစဉ် လတိုင်း မှတ်တမ်းတင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများပေးခြင်း၊ ထောက်ပံ့ကူညီပေးမှုများအား လုပ်ဆောင် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.