Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်မြို့နယ်တစ်ချို့တွင် PSI စလောင်းများ အာဏာသိမ်းစစ်ကောင်စီက ဖြုတ်ခိုင်းနေ

ချင်းပြည်နယ်မြို့နယ်တစ်ချို့တွင် PSI စလောင်းများ အာဏာသိမ်းစစ်ကောင်စီက ဖြုတ်ခိုင်းနေ

0
By Editor on April 10, 2021 Khonumthung
#Unicode
ချင်းပြည်နယ် ဟားခါး၊ မတူပီနှင့် ပလက်ဝမြို့တို့တွင် အာဏာသိမ်းစစ်ကောင်စီက PSI စလောင်းများကိုဖြုတ်သိမ်းခိုင်းပြီး တစ်အိမ်တက်ဆင်းရှာဖွေမှုများပြုလုပ်နေသည်ဟုသိရသည်။
မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက PSI စလောင်းများတပ်ဆင်ခြင်းရှိမရှိ တစ်အိမ် တက်ဆင်းလိုက်လံရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု မတူပီဒေသခံတစ်ဦးကပြောသည်။
“ ဒီနေ့မနက်က ရဲ နဲ့ စစ်သားတွေက PSI စလောင်းတွေရှိမရှိ တစ်အိမ်တက်ဆင်းပုံစံမျိူးလိုက်ရှာကြတယ်၊ ဒါပေမယ့် PSI စလောင်းရှိတဲ့သူတွေကလည်း ကြိုတင်သတင်းရရှိထားတော့ ပြုတ်ပြီးသိမ်းထားကြတော့ ခုထိအသိမ်းခံရတော့မကြားမိ သေးဘူး’’ ဟု မတူပီဒေသခံကပြောသည်။
ချင်းပြည်နယ်၏မြို့တော်ဟားခါးမြို့တွင်လည်း ဧပြီလ ၈ ရက်နေ့က PSI/TATA စလောင်းများကို စစ်ကောင်စီတပ်ဖွဲ့များက သိမ်းယူမှုရှိနေပြီး ပိုင်ရှင်များ၏နာမည်စာရင်းများမှတ်ထားကာ ပြန်လည်ပေးအပ်မည်ဟုပြောဆိုကြောင်း ဟားခါးမြို့ခံများ ထံမှသိရသည်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင်လည်း PSI စလောင်းများတပ်ဆင်သည့် ပြည်သူများအနေအား ဧပြီလ ၈ ရက်နေ့ ကတည်းက စစ်ကောင်စီကဖြုတ်သိမ်းခိုင်းနေသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။
PSI ဂြိုလ်တုစလောင်းသည် အာဏာသိမ်းစစ်ကောင်စီမှထုတ်လွှင့်ခွင့်ပိတ်ထားသည့် Mizzima နှင့် DVB သတင်းများကို ကြည့်ရှုနိုင်သည့်အတွက် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော သတင်းအမှန်များကို ပြည်သူလူထုအား သတင်း အမှောင်ချလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ပြုတ်သိမ်းခိုင်းခြင်းဖြစ်နိုင်သည်ဟုဒေသခံများကပြောသည်။
#Zawgyi
ခ်င္းျပည္နယ္ ဟားခါး၊ မတူပီႏွင့္ ပလက္၀ၿမိဳ႕တို႔တြင္ အာဏာသိမ္းစစ္ေကာင္စီက PSI စေလာင္းမ်ားကိုျဖဳတ္သိမ္းခိုင္းၿပီး တစ္အိမ္တက္ဆင္းရွာေဖြမႈမ်ားျပဳလုပ္ေနသည္ဟုသိရသည္။
မတူပီၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားက ယေန႔နံနက္ပိုင္းက PSI စေလာင္းမ်ားတပ္ဆင္ျခင္းရွိမရွိ တစ္အိမ္ တက္ဆင္းလိုက္လံရွာေဖြမႈမ်ားျပဳလုပ္ခဲ့သည္ဟု မတူပီေဒသခံတစ္ဦးကေျပာသည္။
“ ဒီေန႔မနက္က ရဲ နဲ႔ စစ္သားေတြက PSI စေလာင္းေတြရွိမရွိ တစ္အိမ္တက္ဆင္းပံုစံမ်ဴိးလိုက္ရွာၾကတယ္၊ ဒါေပမယ့္ PSI စေလာင္းရွိတဲ့သူေတြကလည္း ႀကိဳတင္သတင္းရရွိထားေတာ့ ျပဳတ္ၿပီးသိမ္းထားၾကေတာ့ ခုထိအသိမ္းခံရေတာ့မၾကားမိ ေသးဘူး’’ ဟု မတူပီေဒသခံကေျပာသည္။
ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ဟားခါးၿမိဳ႕တြင္လည္း ဧၿပီလ ၈ ရက္ေန႔က PSI/TATA စေလာင္းမ်ားကို စစ္ေကာင္စီတပ္ဖြဲ႔မ်ားက သိမ္းယူမႈရွိေနၿပီး ပိုင္ရွင္မ်ား၏နာမည္စာရင္းမ်ားမွတ္ထားကာ ျပန္လည္ေပးအပ္မည္ဟုေျပာဆိုေၾကာင္း ဟားခါးၿမိဳ႕ခံမ်ား ထံမွသိရသည္။
အလားတူ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕ေပၚတြင္လည္း PSI စေလာင္းမ်ားတပ္ဆင္သည့္ ျပည္သူမ်ားအေနအား ဧၿပီလ ၈ ရက္ေန႔ ကတည္းက စစ္ေကာင္စီကျဖဳတ္သိမ္းခိုင္းေနသည္ဟု ပလက္၀ေဒသခံတစ္ဦးကေျပာသည္။
PSI ၿဂိဳလ္တုစေလာင္းသည္ အာဏာသိမ္းစစ္ေကာင္စီမွထုတ္လႊင့္ခြင့္ပိတ္ထားသည့္ Mizzima ႏွင့္ DVB သတင္းမ်ားကို ၾကည့္ရႈႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံတြင္လက္ရွိျဖစ္ေပၚေနေသာ သတင္းအမွန္မ်ားကို ျပည္သူလူထုအား သတင္း အေမွာင္ခ်လိုသည့္ရည္ရြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ျပဳတ္သိမ္းခိုင္းျခင္းျဖစ္ႏိုင္သည္ဟုေဒသခံမ်ားကေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.