Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်လွှတ်တော်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ထားသူ စစ်အရာရှိကြီး ၂ ဦး ပါဝင်မှု CHRO ကန့်ကွက်ရှုတ်ချ

ချင်းပြည်နယ်လွှတ်တော်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ထားသူ စစ်အရာရှိကြီး ၂ ဦး ပါဝင်မှု CHRO ကန့်ကွက်ရှုတ်ချ

0
By Editor on March 23, 2026 Headline

(006SV)

အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲများအလွန် ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားသော စစ်တပ်မှ စစ်အရာရှိကြီး ၂ ဦးတို့ ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။

မတ်လ ၂၀ ရက်က စတင်ကျင်းပသော ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမြို့နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု များထဲ ပါဝင်ခဲ့သော ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့သည် စစ်တပ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း CHRO က မတ်လ ၂၀ ရက်မှာ ကြေညာသည်။

“ချင်းပြည်နယ်လွှတ်တော်မှာ ညှင်းပန်းနှိပ်စက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံ ထားရတဲ့ စစ်တပ်အရာရှိတွေကို ပြန်လည်ထားရှိနေတာဟာ နစ်နာသူဒေသခံတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စော်ကားပြုမှုခြင်းသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို အာဏာရှိတဲ့ နေရာတွေကို ပြန်လည်ပို့ဆောင်အသုံးပြုဖို့နဲ့ တရားမျှတမှု ရှာဖွေခံရခြင်းမှ ကာကွယ်ဖို့အတွက် စနစ်တကျ တွက်ချက်ပြီး ကြိုတင်ကြံစည်ထားတဲ့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ ကမ္ဘာကလည်း မှတ်မိနေမှာဖြစ်တယ်” ဟု CHRO မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ခြေမြန်တပ်ရင်းများကို ကြီးကြပ်ကွပ်ကဲသော ဗျူဟာမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စောထွန်းသည် စစ်အာဏာာသိမ်းပြီးနောက် ၂၀၂၁ နှင့် ၂၀၂၂ အတွင်းက စစ်ဆင်ရေးများတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများတွင် ပါဝင်သည်ဟု CHRO ထံမှ သိရသည်။

၂၀၂၁ ခုနှစ် မေလအတွင်း ဟားခါးမြို့မှာ စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရမှုအတွင်း အသက် ၅၄ နှစ်အရွယ် Pu Tler Ling နှင့် အသက် ၂၇ နှစ်အရွယ် Salai Kham Bawi တို့ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်းအပါအဝင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံခဲ့ရကြောင်း၊ ၎င်းဖြစ်စဉ်တွင် ဗိုလ်မှူးကြီး စောထွန်းက အမိန့်ပေး ညွှန်ကြားခဲ့သည်ဟု စုဆောင်းရရှိထားသော သက်သေများအရ သိရကြောင်း CHRO က ထုတ်ပြန်သည်။

အဆိုပါချင်းအမျိုးသား ၂ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဗိုလ်မှူးကြီး အာကာကျော်မိုးသည် ကိုယ်တိုင် ကိုယ်ကျ ညှဉ်းပန်းနှိပ်စက်ပြီး သေဆုံးသည်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့ကို ချင်းပြည်နယ်မှာ အရပ်သားများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ အပြစ်ပေး အရေးယူနိုင်ရန် တိုင်ကြားချက်အတွင်း အခြားသော စစ်အရာရှိကြီးများနှင့်အတူ ပါဝင်ထည့်သွင်းထားသည်ဟုCHRO ထံမှ သိရသည်။

၂၀၀၈ အခြေခံဥပဒေအရ ချင်းပြည်လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားရာ စစ်တပ်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က စစ်တပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၄ ဦး တိုက်ရိုက်ခန့်အပ်မှုတွင် ဗိုလ်မှူးကြီး စောထွန်းနှင့် ဗိုလ်မှူး အာကာကျော်မိုးတို့ ၂ ဦးတို့ ပါဝင်လာခြင်းဖြစ်သည်။

စစ်ရာဇဝတ်မှု ကျူးလွန်ထားသော စစ်တပ်အရာရှိကြီးများကို ဥပဒေပြုရေးကဏ္ဍတွင် ခန့်အပ်ခြင်းသည် ရွေးကောက်ပွဲများမှတစ်ဆင့် အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ဖော်ဆောင်ခြင်းမဟုတ်ဘဲ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိရေးအတွက် စစ်ကော်မရှင်က ရည်ရွယ်လုပ်ဆောင်ခြင်းသည်ဟု သိရသည်။

ချင်းပြည်လွှတ်တော်တွင် လွှတ်တော်ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ကို ရွေးချယ်ခံထားရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.