Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်ဝန်ကြီးဟောင်း Pu Van Thawng ကွယ်လွန်

ချင်းပြည်နယ်ဝန်ကြီးဟောင်း Pu Van Thawng ကွယ်လွန်

0
By Editor on April 22, 2026 Khonumthung

(004SS)

သမ္မတဦးသိန်းစိန်လက်ထက် ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုး/မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Pu Van Thawng သည် ဧပြီလ ၂၂ ရက် ယနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သော Pu Van Thawng သည် အိုင်ဇောလ်မြို့၊ Khatla ရပ်ကွက်ရှိ Aizawl Hospital တွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ညနေ ၅ နာရီခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဟု သိရသည်။

“သူက ကင်ဆာနဲ့ ဆုံးသွားတာလို့ သိရပါတယ်။ အိုင်ဇောလ်က Aizawl Hospital မှာ ဆုံးတာပါ။ ရုပ်အလောင်းကိုတော့ ဒီနေ့ည ၈ နာရီကျော်မှာပဲ ဇာတိမြေဖြစ်တဲ့ ဟားခါးမြို့ကိုသယ်ဖို့စီစဉ်တယ်လို့ကြားရတယ်” ဟု အိုင်ဇောလ်မြို့နေ ချင်းအမျိုးသမီးတစ်ဦးက ပြောသည်။

Pu Van Thawng သည် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ-JICA ဆီမှ ကူညီထောက် ပံ့မှုများရရှိအောင် အဓိကကြိုးပမ်းခဲ့သူဖြစ်သည်။

သူသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် Khualhring တောင်ကြော Tlangkhua ဇာတိဖြစ်ပြီး ဒေသခံပြည်သူများအားကိုးရသော လူချစ်လူခင်များသူဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.