Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်ဝန်ကြီး (၅) ဦး ပြန်လည်လွတ်မြောက်လာပြီး ဝန်ကြီးအိိမ်ယာတွင် နေအိမ်အကျယ်ချုပ် ဖြင့်ထားရှိ

ချင်းပြည်နယ်ဝန်ကြီး (၅) ဦး ပြန်လည်လွတ်မြောက်လာပြီး ဝန်ကြီးအိိမ်ယာတွင် နေအိမ်အကျယ်ချုပ် ဖြင့်ထားရှိ

0
By Editor on February 27, 2021 Headline
#Unicode
တပ်မတော်က အရပ်သားအစိုးရထံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌအပါအဝင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးငါးဦးသည် ယနေ့မနက်ပိုင်း ၈ နာရီ အချိန်တွင် ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ဝန်ကြီးအိမ်ယာတွင် နေအိမ်အကျယ်ချုပ်သဘောဖြင့် ထားရှိသည်ဟု သိရသည်။
ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ ဒီနေ့မနက် ၈ နာရီပြန်ရောက်လာကြတာ အားလုံးပေါ့ (၅) ယောက်၊ ဝန်ကြီးအိမ်ယာမှာ နေကြရတယ်၊ လောလောဆယ်က အားလုံးပါပဲ ကျွန်တော်တို့ အပါအဝင် အိမ်ယာမှာပဲ အေးဆေးနေလို့ရတယ်။ အပြင်ထွက်ခွင့်တော့မပြုဘူး၊ ကိုယ့် အိမ်ထဲမှာပဲ လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ပုံမှန်လေးပါပဲ ဖုန်းကိုင်ခွင့်မရှိတာပဲရှိတယ်၊ သူတို့က ဘာမှလုပ်လို့ မရလောက်ဘူးထင်တယ်သတ်မှတ််ချက်တခုနဲ့နေရတယ်ဆိုတော့” ဟု ပြောသည်။
ယနေ့ပြန်လည်လွတ် မြောက်လာကြသူများမှာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စည်းပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် လွတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ဒုတိယ လွတ်တော် ဥက္ကဌ ဦးတိတ်ထန်း၊ ပြည်နယ်လူမှုဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဖွေအား တို့ဖြစ်ကြ သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က စစ်အာဏာ သိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးခံရသူ ၃၈ ဦးအထိရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွ င်လည်း ချင်းလူမျိုး ၆ ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌများအားလုံးပြန်လည်လွတ်မြောက်ပြီ ဆိုသော်လည်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှတာဝန်ရှိသူ ၂၅ ဦးကိုမူ စစ်ကောင်စီကဆက်လက်ဖမ်းဆီး ထားဆဲဟုသိရသည်။
#Zawgyi
တပ္မေတာ္က အရပ္သားအစိုးရထံမွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံခဲ့ရသည့္ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ လႊတ္ေတာ္ဥကၠဌအပါအဝင္ ခ်င္းျပည္နယ္အစိုးရ အဖြဲ႕ဝင္ ဝန္ႀကီးငါးဦးသည္ ယေန႔မနက္ပုိင္း ၈ နာရီ အခ်ိန္တြင္ ျပန္လည္လြတ္ေျမာက္လာျပီး လက္ရွိ ဝန္ၾကီးအိမ္ယာတြင္ ေနအိမ္အက်ယ္ခ်ဳပ္သေဘာျဖင့္ ထားရွိသည္ဟု သိရသည္။
ခ်င္းျပည္နယ္ လူမႈေရးဝန္ၾကီး ဦးေပါင္လြန္မင္းထန္က “ ဒီေန႔မနက္ ၈ နာရီျပန္ေရာက္လာၾကတာ အားလုံးေပါ့ (၅) ေယာက္၊ ဝန္ၾကီးအိမ္ယာမွာ ေနၾကရတယ္၊ ေလာေလာဆယ္က အားလုံးပါပဲ ကြ်န္ေတာ္တုိ႔ အပါအဝင္ အိမ္ယာမွာပဲ ေအးေဆးေနလုိ႔ရတယ္။ အျပင္ထြက္ခြင့္ေတာ့မျပဳဘူး၊ ကုိယ့္ အိမ္ထဲမွာပဲ လြတ္လြတ္လပ္လပ္ေနလုိ႔ရတယ္၊ ပုံမွန္ေလးပါပဲ ဖုန္းကုိင္ခြင့္မရွိတာပဲရွိတယ္၊ သူတုိ႔က ဘာမွလုပ္လုိ႔ မရေလာက္ဘူးထင္တယ္သတ္မွတ္္ခ်က္တခုနဲ႔ေနရတယ္ဆုိေတာ့” ဟု ေျပာသည္။
ယေန႔ျပန္လည္လြတ္ ေျမာက္လာၾကသူမ်ားမွာ ခ်င္းျပည္နယ္ ဝန္ၾကီးခ်ဳပ္ ဦးဆလုိင္းလ်န္လြယ္၊ စည္းပင္သာယာေရး၊ လ်ွပ္စစ္ႏွင့္ စက္မႈလက္မႈဝန္ၾကီး ဦးစုိးထက္၊ ခ်င္းျပည္နယ္ လြတ္ေတာ္ဥကၠဌ ဦးဇုိဘြဲ၊ ဒုတိယ လြတ္ေတာ္ ဥကၠဌ ဦးတိတ္ထန္း၊ ျပည္နယ္လူမႈဝန္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ၾကီး ဦးေဖြအား တုိ႔ျဖစ္ၾက သည္။
ခ်င္းလူ႔အခြင့္အေရးအဖြဲ႔၏ ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တပ္မေတာ္က စစ္အာဏာ သိမ္းယူျပီးေနာက္ ခ်င္းျပည္နယ္တြင္ ဖမ္းဆီးခံရသူ ၃၈ ဦးအထိရွိခဲ့ျပီး ရခုိင္ျပည္နယ္၊ အမ္းျမဳိ႕နယ္တြ င္လည္း ခ်င္းလူမ်ဳိး ၆ ဦး ဖမ္းဆီးခံခဲ့ၾကရသည္ဟု သိရသည္။
ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔၀န္ႀကီးမ်ား၊ လႊတ္ေတာ္ဥကၠဌမ်ားအားလံုးျပန္လည္လြတ္ေျမာက္ၿပီ ဆိုေသာ္လည္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔မွတာ၀န္ရွိသူ ၂၅ ဦးကိုမူ စစ္ေကာင္စီကဆက္လက္ဖမ္းဆီး ထားဆဲဟုသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

ချင်းပြည်၊ မြို့နယ်နှင့် တရားရုံးများက အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

September 9, 2026

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

September 8, 2026

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.