Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု တတိယ အများဆုံးပြည်နယ်ဖြစ်လာဟု UNODC ဆို

ချင်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု တတိယ အများဆုံးပြည်နယ်ဖြစ်လာဟု UNODC ဆို

0
By Editor on December 4, 2025 Khonumthung

(006SV)

ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်းစိုက်ပျိုးမှု တတိယအများဆုံး ပြည်နယ်တစ်ခုဖြစ်လာပြီး ယမန်နှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း UNODC က ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၈၃၂ ဟတ်တာဝန်းကျင် ရှိခဲ့ရာမှ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ဟတ်တာ ၁၀၄၀ ကျော်အထိ မြင့်တက်လာသည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့ရုံး (UNODC) ၏ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်သည့် ၂၀၂၅ မြန်မာ့ဘိန်းစစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားသည်။

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၈၈ ရာခိုင်နှုန်အထိ ရှိနေရာ ဘိန်းစိုက်ပျိုးမှု အများဆုံးပြည်နယ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်က ဟတ်တာပေါင်း ၃၉,၇၀၀ ထက်မနည်း စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ၄၆,၇၀၀ ဟတ်တာအထိ စိုက်ပျိုးခဲ့ရာ ၁၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။

ကချင်ပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်ကာ ၂၀၂၄ ခုနှစ်က ၄၁၄၀ ဟတ်တာစိုက်ပျိုးခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄၂၅၀ ဟတ်တာ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃ ရာခိုင်နှုန်း မြင့်တင်လာသည်ဟု သိရသည်။

စတုတ္ထအများဆုံး ဘိန်းစိုက်ပျိုးမှု ရှိနေသည့် ကရင်နီပြည်နယ်တွင် ယမန်နှစ်ကထက် ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး စစ်ကိုင်းတိုင်းတွင် ၂၀၂၄ ခုနှစ်က စိုက်ပျိုးမှု မရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ဟတ်တာ ၅၅၀ ကျော်အထိ စိုက်ပျိုးလာသည်ကို တွေ့ရှိရသည်ဟု UNODC က ထုတ်ပြန်သည်။

ကမ္ဘာတွင် မြန်မာသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ် မြန်မာ့ဘိန်းစိုက်ပျိုးမှု အခြေအနေသည် ဆယ်နှစ်အတွင်း အမြင့်ဆုံးစိုက်ပျိုးသော အနေအထားဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မြန်မာက ဘိန်းတန်ချိန် ၁၀၁၀ ထုတ်လုပ်ခဲ့ရာ အာဖဂနစ္စတန်၏ ဘိန်းထုတ်လုပ်မှုထက် ၂ ဆ ရှိနေကြောင်း သိရသည်။

မြန်မာတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၂၄ ခုနှစ်တွင် ဟတ်တာ ၄၅,၂၀၀ ရှိခဲ့ရာမှ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ဟတ်တာ ၅၃,၁၀၀ အထိ ရှိခဲ့ပြီး ၁၇ ရာခိုင်နှုန်းအထိ စိုက်ပျိုးမှု မြင့်တက်လာသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.