Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် နယ်လုံဝန်ကြီးအပြောင်းအလဲကြောင့် စစ်ရေးအရှိန်ပြင်းထန်လာနိုင်
Photo - CDF-Mindat

ချင်းပြည်နယ် နယ်လုံဝန်ကြီးအပြောင်းအလဲကြောင့် စစ်ရေးအရှိန်ပြင်းထန်လာနိုင်

0
By Editor on September 9, 2023 Headline

(006SV)

ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို အပြောင်းအလဲပြုလုပ်ပြီးနောက် စစ်ကောင်စီက ချင်းပြည်နယ်၏ မြို့နယ်အချို့တွင် စစ်ပြင်ဆင်မှုများ ပြုလုပ်လာသောကြောင့် စစ်ရေးအရှိန်ပြင်းထန်လာနိုင်သည်ဟု ချင်းတော်လှန်ရေးအင်အားစု များက ပြောသည်။

ချင်းပြည်နယ်တွင် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို ရာထူးက ဖယ်ရှားလိုက်ပြီး မတူပီအထိုင် ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် အစားထိုးလိုက်ပြီးနောက် မြို့နယ်တချို့က စစ်ကောင်စီဗျူဟာမှူးများကိုလည်း အပြောင်းအလဲ ပြုလုပ်နေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့အင်အားစုများက ပြောသည်။

“စစ်ရေးတင်းမာတဲ့ နေရာတွေမှာအဓိက (နယ်/လုံဝန်ကြီး) အပြောင်းအလဲလုပ်တာ တွေ့ရတယ်၊၊ ဒါက အထက်က ခိုင်းတာတွေ တာဝန်မကျေတာလဲ ဖြစ်နိုင်ပါတယ်။ သုံးသပ်နိုင်တာက စစ်ရေးပြင်းထန်တဲ့နေရာမှာ ခုလို အပြောင်းအလဲလုပ်တာက သူတို့ အထဲမှာ မတည်ငြိမ် ဘူးဆိုတာကို ပြတာပဲ။ ဒီ့ထက် စစ်ရေး အုပ်ချုပ်ရေး ကောင်းအောင်ဆိုပြီး လုပ်မှာပေါ့” ဟု ချင်းအမျိုးသား တပ်မတော် CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီသည် ချင်းမှာ စစ်ရေး အပြောင်းအလဲများ ပြုလုပ်နေသောကြောင့် ဟားခါး၊ ထန်တလန်ဒေသတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာ နိုင်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် စက်တင်ဘာလဆန်းက ခုခံတွန်းလှန်မှု အားအကောင်းဆုံး ဒေသများဖြစ်သည့် ချင်း၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင်နှင့် မန္တလေးတိုင်းတို့တွင် တာဝန်ထမ်းဆောင်နေသော နယ်/လုံဝန်ကြီးများကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်၏ နယ်/လုံဝန်ကြီးအသစ်ဖြစ်လာသည့် ဗိုလ်မှူးကြီး သိန်းထွန်းအောင်သည် ယခင်က မတူပီမြို့ ဗျူဟာမှူးဟောင်း ဖြစ်ပြီး ဗျူဟာမှူးအဖြစ် ထမ်းဆောင်စဉ် မင်းတပ်မြို့အနီးဖြစ်ပွားသော တိုက်ပွဲနှင့် မတူပီမြို့နယ်အတွင်းက တိုက်ပွဲ များတွင် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည့်အတွက် ရာထူးချခံရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ဖူးသည်။ 

“ဒီလို အပြောင်းအလဲလုပ်ပြီးဆိုတာနဲ့ ချက်ချင်းတော့ သတင်းရတယ်။ မတူပီမှာပဲ မဟုတ်ပဲနဲ့ ချင်းပြည်နယ်မှာက စစ်ရေး စတင်တင်း မာမှု ဖြစ်ပွားနေတဲ့ နေရာတွေလည်း ရှိနေပြီ။ ။ မနှစ်ကထက်တော့ ဒီနှစ်ပိုပြီး စကစ ဘက်က စစ်ရေးတင်းမာမှုတွေ ပိုပြီးတော့ လုပ်လာလိ့မ်မယ်။ မတူပီမှာလည်း စစ်ရေးသတင်းတွေ ပို့လာတဲ့ သတင်းအရ သူတို့အပြင်အဆင်တွေ လုပ်နေတယ်။ ဘယ်အချိန် ထွက်လာမလဲမသိဘူးလို့ ကြားသိရတယ်။ တင်းမာမှု ပိုလုပ်မယ်ဆိုတဲ့ဟာတော့ လုပ်သွားနိုင်တယ်။ ကျနော်တို့ဘက် ကလည်း အမြဲတမ်းအဆင်သင့် ဖြစ်နေဖို့ ပြင်ထားတယ်” မတူပီ- CDF မှ အထွေထွေအတွင်းရေးမှူး နိုင်ဂျွန်ကိန်းက ပြောသည်။ 

ထို့အပြင် မတူပီတွင် ရဲဘော်ထိခိုက်သေဆုံးမှု များပြားသည် ဗျူဟာမှူးကို နယ်လုံးဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်သည်ကို မည်သည့်အကြောင်းကြောင့် မသိသော်လည်း သံသယရှိသည်ဟု ၎င်းက ပြောသည်။ 

မတူပီမြို့ ဗျူဟာတွင်လည်း အရေးယူမှု၊ အပြောင်းအရွှေ့ပြုလုပ်မှုများ အများအပြားရှိနေပြီး ဗျူဟာမှူးအပြောင်းအလဲများလည်း မကြာခဏ ဖြစ်နေသည်၊၊ လက်ရှိဗျူဟာမှူးအသစ်ကိုလည်း မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုစုံစမ်း၍ မရဖြစ်နေသည်ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။ 

မင်းတပ်မြို့ စစ်ကောင်စီအထိုင်စခန်းတွင်လည်း စစ်ကောင်စီက ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲလုပ်ထားသည်ဟု ဒေသခံတချို့က ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ နယ်/လုံဝန်ကြီး အစားထိုးမှုသည် စစ်ရေးဗျူဟာ အပြောင်းအလဲ ပြုလုပ်ဖို့ ဖြစ်လိမ့်မည်ဟု ယူဆကြောင်း၊ ယင်းအပြင် တပ်ရင်းအလိုက် အပြောင်းအလဲများကိုလည်း ပြုလုပ်နေပြီး တပ်သားများ CDM ပြုလုပ်မည်ကို စစ်ကောင်စီက လွန်စွာစိုးရိမ်နေသည်ဟု Chinland Joint Defense Committee (CJDC) အထွေထွေအတွင်းရေးမှူး ဆလိုင်း တီမီက ပြောသည်။ 

“ချင်းပြည်နယ်က လက်ရှိ စစ်ရေးအခြေအနေကတော့ ထိုးစစ်ဆင်တာတော့ သူတို့ ဘက်က သိပ်မရှိဘူး။ စစ်ရေးက ငြိမ်သက် နေတဲ့ အခြေအနေမှာ ရှိနေတယ်။ ကျနော်တို့ ကာကွယ်ရေးဘက်ကလည်း အများကြီး ပြင်ဆင်ထားတာတော့ ရှိပါတယ်။ သူတို့ ထိုးစစ်မဆင်ရင်တော့ စခန်းသိမ်းကိုတော့ ကျနော်တို့ အများကြီး လုပ်ဖို့ ရှိတယ်” ဟု ဆလိုင်းတီမီကပြောသည်။ 

ချင်းပြည်နယ်တွင် ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်းကို စီးနင်းသိမ်းပိုက်မှု ၁ ခုသာရှိခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု စက်တင်ဘာလ ၇ ရက်က ပြုလုပ်သည့် NUG ကာကွယ်ရေးဝန်ကြီးဌာ၏ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာက ဆိုသည်။

စစ်ကောင်စီသည် ဩဂုတ် ၃ ရက် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းကို ပြောင်းလဲ ခန့်အပ်ပြီးနောက် ယခုလဆန်းပိုင်းတွင် ခုခံတွန်းလှန်မှု အားကောင်းသည့် ချင်းအပါအဝင် တိုင်းနှင့်ပြည် (၅) ခုက နယ်/လုံဝန်ကြီးများကို အပြောင်းအလဲပြုလုပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ချင်း၊ စစ်ကိုင်းနှင့် ကရင်နီကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ် အရှိန်မြှင့်ရန် သူ၏ စစ်ဘက်နှင့်အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ ရက်က အမိန့်ပေးထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.