Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် မတူပီမြို့နယ်က CDM ပြုလုပ်တဲ့ ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ချင်းပြည်နယ် မတူပီမြို့နယ်က CDM ပြုလုပ်တဲ့ ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

0
By Editor on November 12, 2021 Headline

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတဝန်းက အစိုးရဝန်ထမ်းတွေဟာ Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ဝန်ထမ်းပေါင်း နှစ်သောင်းကျော်ရှိတဲ့အထဲကနေ ဝန်ထမ်းပေါင်း တစ်သောင်း လေးထောင်ကျော်ဟာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီရဲ့လက်အောက်မှာအလုပ်မလုပ်ချင်တော့တဲ့ အတွက်ကြောင့် CDM ပြုလုပ်ခဲ့ကြပါတယ်။

ချင်းပြည်နယ်က CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်မီဇိုရမ်ပြည်နယ်သို့ လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုလက်ရှိ ရင်ဆိုင်ကြုံတွေနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် မတူပီမြို့နယ်က CDM ပြုလုပ်တဲ့ ကျောင်းဆရာမတစ်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ လွတ်မြောက်နယ်မြေကို သွားဖို့ဘာကြောင့်စိတ်ကူးခဲ့တာလဲ။

ဖြေ။ ။ ကျမလွတ်မြောက်နယ်မြေကို မလာချင်ပါဘူး ဒါပေမယ့် ကျမတို့ CDM လုပ်တဲ့ပတ်ဝန်းကျင်လည်းရှိနိုင်တယ်။ အရင်တခါလည်း အဲ့သလိုကြုံခဲ့ပြီး နောက်ထပ်များပြန်ဖြစ်မလားဆိုတဲ့ စိတ်နဲ့ ဒီဘက်ကိုရောက်ခဲ့တာပါ။

မေး။ ။ လွတ်မြောက်နယ်မြေကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီးရောက်ရှိခဲ့သလဲ။

ဖြေ။ ။ ကျမတို့နယ်စပ်မှာ တစ်လကျော်ကျော်နေတဲ့အချိန် နယ်စပ်မှာရှိတဲ့ရွာကလူတွေကလက်ခံတယ် အိန္ဒိယက စစ်သားတွေကလက်မခံဘူး တစ်လနေပြီးတာနဲ့ပြန်ခိုင်းတယ်။ သေနတ်တွေလည်းကိုင်ပြီးလာတယ် ကြောက်အောင်လို့နေမှာပေါ့နော် ပြီးတော့ပြန်ခိုင်းတယ် လုံးဝမနေရဘူး အခန်းထဲထိဝင်စစ်တယ်။ တံခါးတွေကို ထုပြီးဖွင့်ခိုင်းတယ် လူဘယ်နှစ်ရှိလဲအကုန်စစ်ပြီး အကုန်ရပ်ခိုင်းတယ်။ ပြီးတော့ဓာတ်တွေရိုက်တယ်။ အကုန်းလုံးကိုပြန်ခိုင်းတာ အဲ့ဒီနေ့ကကားရောက်လာတာနဲ့ ဒီဘက်ကိုလာတာ။ ဂိတ်ရောက်တဲ့အချိန်မှာလည်း ဂိတ်ကပြန်ခိုင်းတာ။ မီးဇိုးစကားတွေနဲ့မေးတယ် ကျမတို့က ကားထဲမှာတစ်ယောက်မှ ဘာသာစကားတတ်တဲ့သူမရှိဘူး။ ရင်တထိတ်ထိတ်နဲ့ပဲ ဟိုဘက်ပြန်ခိုင်ရင်လည်းနေစရာမရှိဘူးအဲသလိုအမျိုးမျိုးတွေးတာပေါ့နော်။ တစ်နာရီလောက်စစ်တယ်မေးတယ်။ ဟိုထိုး ဒီထိုးလုပ်တယ်။ ကလေးတွေနဲ့ဆိုတော့ပြန်ခိုင်ရင်လည်းသနာစရာကောင်းတယ်။ ကားဆရာကလည်းတောင်းပန်ပေးတယ်၊ ကလေးတွေမြင်တာနဲ့ စိတ်ပြောင်းတာနဲ့ ပြန်လွတ်ပေးတော့ ဒီဘက်ရောက်လာတယ်။

မေး။ ။ လွတ်မြောက်နယ်မြေမှာ ဘာအခက်ခဲတွေကြုံတွေ့နေရလဲ။

ဖြေ။ ။ အခက်တွေကိုဘာမှမမှုတော့ပါဘူး။ တောထဲမှာရှိတဲ့ CDF တွေ CNA တွေ လူငယ်တွေရဲ့အခက်ခဲလောက် ကျမတို့မခက်ခဲသေးပါဘူး။ ကျမကောင်းတဲ့ဟာစားရင်တောင်မှ သူတွေရောစားရပါ့မလားဆိုတဲ့စိတ်နဲ့ ကျမမပေါ့မပါးနဲ့ရှိနေပေမယ့် ကျမစားချင်တာမစားရတဲ့အချိန်ပေါ့ မြို့ထဲမှာလည်းသွားပြီးတော့မဝယ်နိုင်ဘူး။ တအားဝေးတယ်ဆိုတော့ တစ်ခါသွားဖို့အရေးမှာရတယ်။ အဲ့အချိန်မှာ ငါဒီလောက်စားချင်တာ သူတို့တွေလည်းတောထဲမှာ ဘယ်လောက်များပင်ပန်းမလဲဆိုတဲ့ စိတ်နဲ့ လိုချင်တာတွေလိုအပ်တာတွေရှိရင်လည်း ကျမသည်းခံပြီးတော့ လုပ်တယ်။ ဆေးခန်းသွားချင်ရင်တောင်မှ စကားနားမလည်ဘူးဆိုတော့ တစ်ယောက်ကိုခေါ်ပြီးတော့သွားရတယ်။ အိမ်ရှင်ကို သွားကူပါအုံးဆိုပြီးသွားရတယ်။

မေး။ ။ အစ်မကလေးရဲ့အနာဂတ်ကိုရောစိတ်ပူမိလား။

ဖြေ။ ။ ကျမသားလေးက သုံးနှစ်ပြည့်တော့မယ်။ ကျမသားလေးကငယ်သေးတယ်ဆိုတော့ အများကြီးလည်းလုပ်ပေးလို့မရသေးဘူး။ ကျမတို့တစ်နိုင်ငံလုံးရဲ ကလေးတွေရဲ့အနာဂတ်က ကျမတစ်ယောက်တည်းအတွက် တစ်ကိုယ်ကောင်းဆန်ပြီး ကျမအများကြီးလည်းမစဉ်းစာချင်ဘူး။ တစ်နိုင်ငံလုံး အကုန်လုံးအနာဂတ်ပျောက်နေတဲ့အချိန်မှာ သုံးနှစ်ပဲရှိသေးတဲ့ သားလေးရဲ့အနာဂတ်အတွက် ဘာမှမရှိသေးဘူး။

မေး။ ။ CDM ဝင်ခဲ့တဲ့အပေါ်မှာရောနောင်တရတာမျိုးရှိလား။

ဖြေ။ ။ CDM မလုပ်လိုက်ရလို့ပဲ နောင်တဆိုတာရှိမယ်။ CDM လုပ်လို့နောင်တဆိုတာတော့မရှိဘူး။ ကျမတို့ပါတီအတွက်လည်းလုပ်တာမဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်လည်း မလုပ်ပါဘူး။ စစ်ကိုလုံးဝမကြိုက်လို့ပါ၊ ကျမတို့မတူပီမှာကျတော့ စစ်ဒဏ်ကိုအများကြီးခံခဲတယ်ဆိုတော့ စစ်ကိုလုံးဝမကြိုက်တာ အဲ့ဒါကြောင့်မလို့ ဘယ်သူရဲ့တိုက်တွန်းချက်မှမပါပဲ စစ်ကိုမကြိုက်လို့ CDM လုပ်တာ။

မေး။ ။ ကိုယ်လို့ CDM တဲ့သူ တွေကိုဘာပြောချင်လဲ။

ဖြေ။ ။ အခုချိန်မှာ လတွေလည်းကြာလာပြီဆိုတော့ စိတ်ဓာတ်အားငယ်တာတွေရှိမယ်။ ကိုယ်လုပ်တာမှန်လား မှားလာဆိုတာကို တခါတလေတွေဝေတဲ့အချိန်လည်းရှိမယ်။ အားငယ်တဲ့အချိန်၊ ခက်ခဲတဲ့အချိန် ကိုယ် CDM လုပ်တာနောင်တရချင်ရမယ် ကျမအားပေးချင်တာက ကျမတို့စစ်အာဏာကိုမကြိုက်လို့ ကျမတို့ ဝန်ထမ်းတွေတတ်နိုင်တာ CDM လုပ်တာက အင်မတန်မှထိရောက်တယ်ဆိုတော့ ကျမတို့သည်းခံပြီးတော့နေကြရအောင်၊ ကိုယ်က ပညာရေးမှာ သင်ကြားရေးမှာပါတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ကလေးတွေကိုမှန်တဲ့သမိုင်းပဲသင်စေချင်တယ် စိတ်ဓာတ်မကျဖို့အတွက်အားပေးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.