Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်၊ ကျောင်းအပ်နှံသူ ကျောင်းသား/သူ တစ်သောင်းခွဲခန့်ရှိဟုဆို

ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်၊ ကျောင်းအပ်နှံသူ ကျောင်းသား/သူ တစ်သောင်းခွဲခန့်ရှိဟုဆို

0
By Editor on June 2, 2022 Headline

စစ်ကောင်စီလက်အောက် ပြန်လည်စတင်မည့် ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်တွင် ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံသူ ကျောင်းသား/သူ တစ်သောင်းခွဲခန့်ရှိသည်ဟု ချင်းပြည်နယ် ပညာရေးဌာနမှ စုံစမ်းသိရှိရသည်။

“ကန်ပက်လက်နဲ့ ထန်တလန်တော့ မဖွင့်ဘူး၊ လုံခြုံရေး လိုအပ်တာလေး တွေလည်း ရှိရင်ရှိမှာပေါ့။ ကျန်တဲ့မြို့ နယ်မြို့နယ်တွေတော့ ဖွင့်ဖို့ရှိတယ်။ ကျွန်တော်တို့ ၇ မြို့ နယ်က လူဦးရေ တစ်သောင်းငါးထောင်ခုနှစ်ရာလောက် လက်ခံထားပြီးပါပြီ။” ဟု ချင်းပြည်နယ် ပညာရေးဌာမှ အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စသည့် မြို့နယ် ၇ မြို့နယ်တို့တွင်အခြေံပညာကျောင်းများဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ထန်တလန်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် ကျောင်းများဖွင့်နိုင်မည်မဟုတ်ပေ။

ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့က ၂၈ ကြိမ် မီးရှိုဖျက်ဆီးကာ အိမ်ခြေ တစ်ထောင်ငါးရာနီးပါး လောင်ကျွမ်းပြာကျခဲ့ရပြီး ပြည်သူအားလုံးသည်လည်း မြို့ကိုစွန့်ခွါ၍ နယ်စပ်နှင့် တဖက် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကန်ပက်လက်မြို့သည်လည်း စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာနေသည့် မြို့ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်းကြီးဌာနမှ အခြေခံပညာကျောင်းများတက်ရောက်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်ရာသီအဖြစ် သတ်မှတ်ကာ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်ရန် စီစဉ်ထားသည်။

ယခုကဲ့သို့ စစ်ကောင်စီဘက်မှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည့် တချိန်တည်းမှာဘဲ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမူ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများအား စစ်ကောင်စီလက်အောက် ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုကြရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ချင်းပြည်နယ်တဝှမ်းတွင်ရှိသော မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိစေရန်နှင့် တားဆီးတွန်းလှန်ကြရန် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များမှ ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏သားသမီးများကို ပညာဆည်းပူးစေသင့်ကြောင်း Chinland Joint Defense Committee (CJDC) မှ အထွေထွေအတွင်းရေးမှုး Salai Timmy က ပြောသည်။

“ပြည်သူတွေအားလုံးအနေနဲ့ တော်လှန်ရေးကာလဖြစ်လို့ ဒီတော်လှန်ရေးဆိုတာကလည်း ပြည်သူတွေစီကပဲလာတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် စစ်ကျွန်အောက်မှာပဲဖွင့်တဲ့ကျောင်းမှ ပညာရေး မဟုတ်ပါဘူး။ အွန်လိုင်းနဲ့လည်း သင်ယူနိုင်တယ်၊ ဘာသာရေးကျောင်း၊ ZOOM နဲ့လုပ်တဲ့ကျောင်း၊ ပုဂ္ဂလိက ကျောင်းတွေအများကြီးရှိတယ်။ တော်လှန် ရေးကာလဖြစ်တဲ့အတွက်ကြောင့် အားလုံးပူးပေါင်းပြီးတော့ စစ်ကောင်စီကဖွင့်တဲ့ကျောင်းမှာမတက်ပဲနဲ့ တခြားနေရာမှာ ပညာသင်ယူနိုင်တဲ့အရာတွေရှိပါတယ်၊ နောက်ပြီးတော့ ချင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်၊ ဒေသအသီးသီးက ဖွင့်ထားတဲ့ကျောင်းတွေမှာ တက်ပြီးတော့ ဒီတော်လှန်ရေးကို အဆုံးထိအာလုံးလက်တွဲညီညီလုပ်ဆောင်ကြဖို့လိုပါတယ်” ဟု Salai Timmy က ပြောသည်။

စစ်ကောင်စီအနေဖြင့် ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်တွင် ကျောင်းများဖွင့်လှစ်နိုင်မည်ဟုပြောဆိုနေသော်လည်း လက်တွေ့တွင် မြို့ပေါ်ကျောင်းလောက်မှာသာဖွင့်နိုင်မည့်အနေအထားရှိသည်ဟုု ၎င်းက ဆက်ပြောသည်။

“စစ်ကောင်စီက ကျောင်းဖွင့်ဖို့က အခုမှမဟုတ်ပါဘူး မနှစ်ကလည်း ကြိုးစားတယ်ဖွင့်တယ် ၁ လ၊ ၁ ပတ်လား ဖွင့်တယ် မအောင်မြင်ဘူး သူတို့က ကိုဗစ်အကြောင်းပြပြီး ပိတ််တာရှိတယ်။ ဒီတခေါက်လည်း အောင်မြင်မယ်လို့ မထင်ပါဘူး ဘာလို့လဲဆိုရင် ပြည်သူအများစုက ကျွန်တော်တို့ဖက်ကို အကုန်လုံးကပါတယ်။ ဒီအချိန်မှာ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့်၊ စစ်ကောင်စီက ၇ မြို့နယ်မှာ ဖွင့်မယ်ဆိုတာက မြို့တွင်းမှာကလွဲလို့ ဖွင့်နိုင်ဖို့နေရာမရှိပါဘူး။ မြို့တွင်းတောင်မှ ကျောင်းအားလုံးကို ဖွင့်နိုင်မှာမဟုတ်ပါဘူး” ဟု Salai Timmy က ပြောသည်။

ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုတွင် အားအကောင်းဆုံး ပြည်နယ်ဖြစ်ကာ ကျောင်းဆရာ၊ ဆရာမ အများစုသည်လည်း CDM ဝင်ထားကြသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်ကြုံနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.