Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် လေပွေလှိုင်းထဲရောက်နေပြီး ၂ ရက်ကြာ မိုးသည်းထန်းစွာ ရွာသွန်းမည်

ချင်းပြည်နယ် လေပွေလှိုင်းထဲရောက်နေပြီး ၂ ရက်ကြာ မိုးသည်းထန်းစွာ ရွာသွန်းမည်

0
By Editor on September 12, 2024 Headline

|| မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များကို သတိပြုနေထိုင်ကြရန် မိုးဇလပညာရှင်များ သတိပေး

(006SV)

လေပွေလှိုင်းအတွင်း ကျရောက်နေသော ချင်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၄ ခုတွင် နောက် ၂ ရက်ဆက် မိုးသည်း ထန်စွာ ရွာသွန်းနေမည်ဖြစ်ပြီး လျှပ်တပြတ် ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ သတိပြုနေထိုင်ကြရန် မိုးဇလပညာရှင်များက သတိပေးနှိုးဆော်နေသည်။

“အလယ်ပိုင်းကနေ ဖြတ်လာတဲ့ ရာဂီရဲ့ အကြွင်းအကျန် လေပွေလှိုင်းပေါ့။ အရှေ့ကနေ အလယ်ပိုင်း၊ အဲဒီနေက အနောက် မြောက်ပိုင်းကို ရောက်နေတယ်။ သူက ရွေ့တဲ့ နှုန်းကလည်း တော်တော်လေး နှေးတယ်။ သူ့အရှိန်ရယ်၊ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်ကလည်း ကောင်းနေတဲ့အရှိန်ကြောင့် ပြီးခဲ့တဲ့ ရက်တွေက အလယ်ပိုင်းတွေ မိုးများတယ်။ အခုလည်း ဆက်များဦးမယ်။ နောက် ချင်းပြည်နယ်လည်း များလာဖို့ ရှိတယ်။ ဒီနေ့နဲ့ မနက်ဖြန် ၁၃ ရက်က အဓိက ပေါ့နော်။ လေပွေးလှိုင်းက ချင်း၊ ရခိုင်၊ မကွေးကို အဲဒီအစပ်မှာ ရောက်နေတယ်” ဟု မိုးဇလဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လေပွေလှိုင်းသည် ချင်းနှင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေကြောင်း၊ လေပွေလှိုင်းသည် အနောက်- အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားနေပြီး ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ ၁၃ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကာ ၁၄ ရက်၊ ၁၅ ရက်တို့တွင်လည်း အတန်အသင့် မိုးရွာသွန်းနေမည်ဖြစ်ကြောင်း စစ်ကောင်စီ၊ မိုးဇလဌာနက ယနေ့မှာ ထုတ်ပြန်ထားသည်။

“ဒီလို မိုးရေရှိန် လက်မနဲ့ ၂ ရက်၊ ၃ရက် ဆက်တိုက်ရွာမယ်ဆိုရင် ချင်းပြည်နယ်အတွင်းမှာ အဓိက မြေပြိုတာတွေ သတိထားရမှာ ပေါ့နော်။ ချောင်းတွေ မြောင်းတွေ ပေါတဲ့ နေရာမှာ လျပ်တပြတ် ရေကြီးတာတွေ သတိပြုရမယ်” ဟု မိုးဇလဌာနက တာဝန်ရှိသူက ပြောသည်။

လေပွေလှိုင်းဖြတ်ကျော်သော ဒေသများတွင် မိုးသည်းထန်စွာ ရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြတ်ရေးကြီး ခြင်း၊ မြေပြိုခြင်း စသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှု အန္တရာယ်၊ မြစ်ချောင်းများမှ ရေကြီးရေလျှံမှုများကို သတိပြုကြရန် မိုးဇလပညာရှင်များက သတိပေးထားသည်။

လေပွေးလှိုင်းသည် စက်တင်ဘာလ ၁၂ ရက် နံနက်တွင် ချင်းပြည်နယ်ကို စတင်ဝင်ရောက်ပြီး ဟားခါးမြို့ကို ဖြတ်၍ ရခိုင်ပြည်နယ် ဘက်ကို ဦးတည်မည်ဖြစ်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်ထံမှ သိရသည်။

လေပွေလှိုင်း ရွေ့လျား ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်တွင် မိုးသည်း ထန်နိုင်ပြီး လေပြင်းတိုက်ခတ်မှုမှာ အမြင့်ပေ ၅၀၀၀ မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်၊ မြေပြင်လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်ရှိမည်ဟု ဦးဝင်းနိုင်က သတိပေးသည်။

လေပွေလှိုင်းအရှိန်ကြောင့် ချင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် လာမည့် ၃ ရက်အထိ မိုးသည်းထန်စွာ ရွာနိုင်ကြောင်း သိရသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင် ရှမ်း၊ ကရင်၊ မွန်အပါအဝင် နိုင်ငံတဝန်းမှာ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျံမှုတွေ ဖြစ်နေပြီး ဒေသခံထောင်ချီသည် အကူအညီများ လိုအပ်နေကြောင်း၊ ရေကြီးရေလျံမှုများကြောင့် ပြည်သူတချို့ သေဆုံးမှုများ ရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.