Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် လွတ်တော်ဥက္ကဌများကို ဆက်လက်ထိန်းသိမ်းထားရှိပြီး ကျန်ဝန်ကြီးများကိုမှု နေအိမ်အကျယ်ချုပ်သဘောဖြင့်ထားရှိ
ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် လွတ်တော်ဥက္ကဌများကို ဆက်လက်ထိန်းသိမ်းထားရှိပြီး ကျန်ဝန်ကြီးများကိုမှု နေအိမ်အကျယ်ချုပ်သဘောဖြင့်ထားရှိ
0
By Editor on February 19, 2021 Headline
#Unicode
ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချိူ့အပါအ၀င် လွတ်တော်ဥက္ကဌများကို တပ်မတော်က ဆက်လက်ဖမ်းဆီးထိန်း သိမ်းထားဆဲဖြစ်ပြီး ကျန်ဝန်ကြီးများကိုမူ နေအိမ်အကျယ်အချုပ်သဘောဖြင့် ထားရှိကြောင်းသိရသည်။
ချင်းပြည်နယ်၀န်ကြီးချူပ်ဆလိုင်းလျန်လွယ်၊ စည်ပင်၀န်ကြီးဦးစိုးထက်၊ လူ၀င်မှု/လူ့စွမ်းအားရင်းမြစ်၀န်ကြီး ဦးဖွေအား နှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ၊ ဒုလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့ကို ဟားခါးမြို့ တပ်မတော်စစ်ဗျူဟာစခန်းမှာ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားကာ လူမှုရေး၀န်ကြီး ဦးပေါင်လွန်မင်ထန်၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးရွှေထီးအို၊ သစ်တော၀န်ကြီး ဦးမန်ဟင်းဒါလ်နှင့် စီမံဘဏ္ဍာ၀န်ကြီး ဦးဝီကောတို့ကိုမူ ဟားခါးမြို့ရှိ ၎င်းတို့နေထိုင်ရာ၀န်ကြီးအိမ်တွင် အကျယ်ချူပ်သဘောဖြင့်ထိန်းသိမ်းထားခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “ သူတို့ ၅ ယောက်တော့ ဗျုဟာကုန်းမှာရှိသေးတယ်၊ ကျွန် တော်တို့ ကတော့ ဝန်ကြီးအိမ်ယာမှာပဲနေရတယ်၊ အိမ်မှာတော့ လွတ်လွတ်လပ်လပ်ပေါ့ ဘာမှမရှိ ပါဘူး၊ ကျွန်တော်ကိုယ်တိုင်ကေ တာ့ အပြင်ထွက်သွားတာတော့မရှိဘူး၊ အိမ်ကကားတွေ ကားသမား နဲ့စျေး ဝယ်တွေဆိုရင်သွားလို့တော့ရတယ်။ ဝန်ကြီး အိမ်ယာ ၂ နေရာရဲ့ အဝင်ပေါက်မှာ အစောင့်ရှိ တယ်။ အိမ်တိုင်းမှာတော့မရှိဘူး၊ ကျွန်တော် ကျန်းမာရေး အခြေအနေ ကာင်းပါတယ်။ အပြင်မထွက် နိုင်တာတခုပါ၊ ကျွန်တော်နဲ့ အိမ်မှာနေတဲ့ဝန်ကြီးတွေကိုတော့ ဖုန်းပေးကိုင်ခိုင်းတယ်ဆိုတော့ ဖုန်း ဆက်လို့ ရပါတယ်၊ အဆင်ပြေကြပါတယ်” ဟု ပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်ကစစ်အာဏသိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၈ ဦးအထိရှိ်ခဲ့ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်လည်း ချင်းလူမျိူး ၆ ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ အခုလက်ရှိ ထိန်းသိမ်းထားတဲ့ ချင်းပြည်နယ်ဘဲမဟုတ်ဘူး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နိုင်ငံတော်အကြီးအကဲအပါအဝင် ကော်မရှင်လုပ်တဲ့သူတွေ၊ တက်ကြွလှုပ်ရှားတွေ၊ နိုင်ငံရေးလှုပ်ရှား သူတွေဖမ်းတဲ့ပေါ်မှာက တကယ့်ကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချတယ်၊ သူတို့မလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် သူတို့ကို ပြန်လွတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်၊ ပြီးတော့ ထပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှု မျိုးလည်းမလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်၊ တပ်မတော်ရဲ့လုပ်ရပ်ကတော့ အခုလက်ရှိကျွန်တော်တို့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အသွင်ကူးပြောင်းရေး လမ်းကြောင်းကိုလည်း သူတုိ့အနှောက်အယှက်ဖြစ်စေပါတယ်၊ နိုင်ငံတကာကလည်း ရှုတ်ချတဲ့ဟာဖြစ်တယ်” ဟုပြောသည်။
ချင်းပြည်နယ်တွင်အဖမ်းခံရသူအများစုမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှတာ၀န်ရှိသူများဖြစ်ကြပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နောလ်နှင့် အတွင်းရေးမှူး ဦးလင်းကျော်အပါအ၀င် ခရိုင်နှင့်မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အတွင်းရေးမှူးစုစုပေါင်း ၂၅ ဦးဖမ်းဆီးခံခဲ့ကြရသည်ဟု ချင်းလူ့အခွင့်အရေးကပြောသည်။
#Zawgyi
ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချို့အပါအ၀င် လွတ်တော်ဥက္ကဌများကို တပ်မတော်က ဆက်လက်ဖမ်းဆီးထိန်း သိမ်းထားဆဲဖြစ်ပြီး ကျန်ဝန်ကြီးများကိုမူ နေအိမ်အကျယ်အချုပ်သဘောဖြင့် ထားရှိကြောင်းသိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်ကစစ်အာဏသိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၈ ဦးအထိရှိခဲ့ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်လည်း ချင်းလူမျိုး ၆ ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ အခုလက်ရှိ ထိန်းသိမ်းထားတဲ့ ချင်းပြည်နယ်ဘဲမဟုတ်ဘူး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နိုင်ငံတော်အကြီးအကဲအပါအဝင် ကော်မရှင်လုပ်တဲ့သူတွေ၊ တက်ကြွလှုပ်ရှားတွေ၊ နိုင်ငံရေးလှုပ်ရှား သူတွေဖမ်းတဲ့ပေါ်မှာက တကယ့်ကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချတယ်၊ သူတို့မလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် သူတို့ကို ပြန်လွတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်၊ ပြီးတော့ ထပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှု မျိုးလည်းမလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်၊ တပ်မတော်ရဲ့လုပ်ရပ်ကတော့ အခုလက်ရှိကျွန်တော်တို့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အသွင်ကူးပြောင်းရေး လမ်းကြောင်းကိုလည်း သူတို့အနှောက်အယှက်ဖြစ်စေပါတယ်၊ နိုင်ငံတကာကလည်း ရှုတ်ချတဲ့ဟာဖြစ်တယ်။” ဟုပြောသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ
ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး
ချင်းပြည်၊ မြို့နယ်နှင့် တရားရုံးများက အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့ဟု ဆို
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
September 4, 2026
ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ
August 26, 2026
“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”
June 26, 2026
တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ
June 4, 2026
နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026
ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်
September 9, 2026
တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး
September 9, 2026
နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ
September 8, 2026
ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.