Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် ဝန်ကြီးဟောင်း NLD အမတ် ဦးစိုးထက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှထုတ်ပယ်

ချင်းပြည်နယ် ဝန်ကြီးဟောင်း NLD အမတ် ဦးစိုးထက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှထုတ်ပယ်

0
By Editor on September 1, 2025 Khonumthung

(002MG)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အလုပ်အမူဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက်ကို ပါတီမှ ထုတ်ပယ်လိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့ စက်တင်ဘာလ ၁ ရက် ယနေ့တွင်ထုတ်ပြန်သည်။

ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်မည်ဟု သိရှိရသည့်အတွက် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ခြင်းမရှိသူအဖြစ် သတ်မှတ်ကာ ပါတီမှထုတ်ပယ်လိုက်သည်ဟု ဖော်ပြသည်။

ဦးစိုးထက်သည် အမျိုးသားဒီမိုကရေစီ (NLD) အစိုးရခေတ် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်တွင် ချင်းပြည်နယ်၊ စည်ပင်၊ စက်မှု၊လျှပ်စစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စား ပြုဖြင့်ချင်း ပြည် နယ်၊ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူလည်းဖြစ်သည်။

လက်ရှိမှာ ဦးစိုးထက်သည် ချင်းပါတီတစ်ခုဖြစ်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ချင်းပြည်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

ချင်းပြည်သစ် ကွန်ဂရက်ပါတီ (NCC) ပါတီသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၆ နေ့တွင် ပါတီတည်ထောင်ခွင့်ရရှိပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိထားသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများသည် ချင်းပြည်သစ်ကွန် ဂရက်ပါတီ (NCC)၊ ခူမီးအမျိုးသားပါတီ (KNP)၊ ဇိုမီးအမျိုးသားပါတီ (ZNP) တို့ဖြစ်သည်။

တဖက်မှာလည်း ချင်းလဲန်းကောင်စီအပါအဝင် ချင်းတော်လှန်ရေးအင်အားစုများက စစ်ကော်မရှင်ကျင်းပမည့် ရွေး ကောက်ပွဲကို ဆန့်ကျင်ကာ ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.